အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ
အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်းရဲ့ ဇူလှိုင်လ ၁ ရက်နေ့ ထွက်မယ့် မဂ္ဂဇင်း မျက်နှာဖုံးမှာ ဦးဝိရသူရဲ့ ဓာတ်ပုံကို ဖော်ပြပြီး The face of Buddhist Terror အမည်နဲ့ ဆောင်းပါးဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီးတော့ လက်ရှိ မြန်မာလူမျိုးများနှင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဘာသာဖြစ်ကြောင်း လူအများ၏စိတ်ထဲတွင် ထင်ယောင်ထင်မှားဖြစ်စေမှူနဲ့ ပတ်သက်ပြီး အရင်လေ့လာ တင်ပြလိုပါတယ်။TIME မဂ္ဂဇင်းရဲ့ အသုံးအနှုံးဟာ The face of Buddhist Terror လို့ သုံးနှုံးထားတဲ့အတွက် ဗုဒ္ဓဘာသာ အကြမ်းဖက်သမား “တစ်ဦး” ဟူ၍သာ ဦးဝီရသူ တစ်ဦးတစ်ယောက်ထဲကို ရည်ရွယ်ရေးသားခြင်းဖြစ်ကြောင်း အဓိပ္ပာယ်တိတိကျကျရပါတယ်။
ဗုဒ္ဓဘာသာနှင့် ၊ ဗုဒ္ဓဘာသာဝင် အားလုံးသည်အကြမ်းဖက်ခြင်းဖြစ်သည်ဟု ရည်ရွယ်ရေးသားခြင်းမဟုတ်လို့ ဒီကိစ္စကို အကျယ်တဝင့် ရှင်းပြစရာမလိုတော့ပဲ ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အပေါ် ခြုံငုံရေးသားခြင်းသည်ဖြစ်သည်ဟု ထင်မြင်ချက်သည် မမှန်ကန်ပဲ မှားယွင်းချွတ်ချော်ချက်တစ်ခုသာဖြစ်သည်ဟုသာ ထင်ရှားပေါ်လွင်စေပါတယ်။
ဒီအချက်ကြောင့် ဒီလိုအရေးအသားမျိုးကို ကန့်ကွက်ခြင်းမျိုးဟာ ဦးဝီရသူအပေါ် ရေးသားချက်အားကန့်ကွက်ခြင်းသာ ဖြစ်စေပြီး ဗုဒ္ဓဘာသာအပေါ် စွပ်စွဲရေးသားချက်အား ကန့်ကွက်ရာ မရောက်ကြောင်း အဓိပ္ပာယ် သက်ရောက်စေပါတယ်။
ထူးခြားတာ တစ်ခုကတော့ ဒီကန့်ကွက်ချက်ကို မြန်မာအစိုးရပိုင် သမ္မတရုံး ၀က်ဆိုက်မှာဖော်ပြလာခဲ့ပြီး ပထမဆုံး အနေနဲ့ ရဟန်းသံဃာတော် တစ်ပါးတည်း ဘက်မှ ရပ်တည်ကန့်ကွက်ကြောင်း ဖော်ပြချက်ဖြစ်ပြီး မြန်မာဘာသာဖြင့်သာ ရေးသားဖော်ပြထားကာ အင်္ဂလိပ် ဘာသာဖြင့် ဖော်ပြထားခြင်းမျိုး မရှိပါဘူး။ စိတ်ဝင်စားစရာကောင်းသည့် အချက်ကတော့ ထိုကန့်ကွက်ချက်နှင့် ဘယ်လိုမှ ပတ်သက်မှု မရှိသည့် ၉၆၉ ဆိုသည့် ဂဏာန်း သင်္ကေတအား ဗုဒ္ဓသာသနာတော်ကို ညိုးနွမ်းစေနိုင် မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် မေတ္တာရပ်ခံ ထားသည့် အကြောင်းကိုပါ ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။
ရှင်းလင်းအောင် တင်ပြရမယ် ဆိုရင်တော့ ဒီအသုံးအနှုံး ဟာ ဦးဝီရသူ တစ်ယောက်ထဲနှင့်သာ သက်ဆိုင်သော အသုံးအနှူန်း ဖြစ်ပါကြောင်း ပေါ်လွင်စေပါတယ်။ ဒီအတွက်ကြောင့် ကန့်ကွက်မယ် ရှုံ့ချမယ်ဆိုရင်တော့ ဆရာတော် ဦးဝီရသူဟာ ဒီလို အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်ခဲ့ကြောင်း သက်သေပြဖို့လိုပါတယ်။
ကဲ ဒါဆို ဦးဝီရသူရဲ့ ရပ်တည်ချက်နဲ့ နောက်ခံ သမိုင်းကြောင်းကို စာရှူသူမိတ်ဆွေနဲ့ စာရေးသူ ကျွန်တော် အတူတကွလေ့လာ ကြည့်ရအောင်။ တွေရှိလာတဲ့ ဖြစ်ရပ်သက်သေများကို စာရေးသူရဲ့ အမြင်သက်သက်ဖြင့်သာ မတင်ပြပဲ စာဖတ်သူကိုယ်တိုင်ကိုယ်ကျ တရားသူကြီး လုပ်၊ ဆုံးဖြတ် စီရင်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံ လိုပါတယ်။။
တခါတရံတော့လဲ တရားသူကြီး အချင်းချင်း သဘောထား မတိုက်ဆိုင်ပဲ မတူကွဲပြားမှူများလည်းရှိကောင်းရှိနိုင်ပါသေးသည်။ ဒီလို မတင်ပြမှီ လူတစ်ဦး တစ်ယောက်၏ လုပ်ရပ်သည် သူလိုက်နာ ကျင့်သုံးသည့်ဘာသာ (သို့) အဖွဲ့အစည်းတစ်ရပ်ကို ဘယ်လိုမှ ကိုယ်စား မပြုမှန်း ရှင်းလင်းစွာ သိရှိထားဖို့လိုပါတယ်။
ဆရာတော် ဝီရသူဟာ အကြမ်းဖက် လုပ်ရပ်ကို အားပေးလို့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ အကြမ်းဖက် သမားများ ဖြစ်တယ်လို့ မယူဆနိုင်သလို ရာဇဝတ်မှူ ကျူးလွန်သည့် မွတ်စလင် လူဆိုး တစ်ယောက်ကြောင့် မွတ်စလင်အားလုံးဟာ ရာဇဝတ်သားများ ဖြစ်တယ်လို့ သတ်မှတ်လို့ မရနိုင်ပါ။ ဒီ သဘောတရားကို ရှင်းလင်းကွဲပြားစွာ နားလည်ထားဖို့တော့လိုပါတယ်။ စုန်းပြူးဆိုတာ နေရာတိုင်းမှာ ရှိတတ်ပါတယ်။
ဆရာတော် ဦးဝီရသူ အဖြစ် စတင်ကျော်ကြားလာစေခဲ့တာကတော့ လွန်ခဲ့သည့် ၁၀ နှစ်ခန့် ၊၂၀၀၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့၊ မန္တလေးမြို့ သာသနာ ၂၅၀၀ အထိမ်းအမှတ်၊ ၄၅ တာ ဓမ္မာရုံမှာ ဟောကြားခဲ့သည့် တရားပွဲတွင် အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ရေး တရားဟု ခေါင်းစဉ်တပ် ထားသော်လည်း တောင်မြင့်တွင် တရားမဝင်ကားခိုးမှု တခုဖြစ်ပွားခဲ့မှုကို အကြောင်းပြုပြီး အစ္စလာမ် ဘာသာဝင်များကို အကြမ်းဖက်လုပ်ဆောင်ရန် စီမံကိန်းချထားကြောင်း၊ မြေပုံနှင့် တကွ သေချာ စီမံထားကြောင်း၊ မိမိက စပြီး အမိန့်ပေးလိုက်သည်နှင့် ဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် တရားပွဲ တက်ရောက်လာသည့် ရဟန်းသံဃာများကို လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။
အပြည့်အစုံကို နားဆင်လိုသူများအတွက်https://www.dropbox.com/s/whikw3saw7ogj4f/2003%20sep%20by%20wirathu.mp4
ယင်းမတိုင်မှီကလည်း လက်ဖဝါးပေါ်မှ ကံကြမ္မာ ဟူသော တရားပွဲများ ပြုလုပ်ကာ ဗုဒ္ဓဘာသာမှ အခြား ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ အကြောင်း ကူးပြောင်းသွားသူများ အကြောင်းကို အဓိကထား ဟောပြောခဲ့ပါတယ်။ http://www.youtube.com/watch?v=ke76q1Ycw3I
ဆရာတော် ဦးဝီရသူမှ ခရစ်ယာန်ဘာသာဟာ တောင်တန်းဒေသများ အပေါ် မည်သို့ မည်သို့ နယ်ချဲ့သာသနာပြုခဲ့ကြောင်း၊ ပြည်မ ဒေသကို မရောက်အောင် ကာကွယ်ရမည်ဖြစ်ကြောင်း ပုတ်ခတ် ပြောဆိုခဲ့သည့် အသံဖိုင်ကိုလဲ ဒီမှာရယူနိုင်ပါတယ်။http://www.dhammavideo.com/media/4135/1/
ထို့နောက် ၁၅ရက် ၁၀လ ၂၀၀၃ ကျောက်ဆည်မြို့ဈေးတန်းရပ် လေးမျက်နှာ ဘုရားကွင်းတွင် ကျင်းပခဲ့တဲ့ ၀ီရသူ အမျိုးသားရေး တရားပွဲများ စတင်ပြုလုပ်ခဲ့ပါတယ်။ ထိုတရားပွဲ အပြီး နောက်တွင်တော့
ကျောက်ဆည်တွင် အရေးအခင်းစတင် ဖြစ်ပွါးပါလေတော့သည်။ အရေးခင်းအပြီး ၇ ရက်ပြည့်သည့်နေ့ အရှင် ဝီရသူဟာ လူမျိုးရေး အဓိကရုဏ်း များ ဖြစ် ပွားစေသော စာရွက်စာတမ်း များ ဖြန့်သည်ဟုဆိုကာ ၂၀၀၃ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂၅ နှစ် ထောင်ဒဏ် အပြစ်ပေး ခံရခဲ့ရပါတယ်။ ထို့နောက် ၂၀၁၂ ခုနှစ် ဇန်န ဝါရီလတွင် လွတ်ငြိမ်း ချမ်းသာ ခွင့်ဖြင့် မြစ်ကြီးနား အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။
ထောင်မှ လွတ်မြောက်ခါစတွင် မန္တလေးရှိ မွတ်စလင် အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ငြိမ်းချမ်းရေး ဆုတောင်းပွဲများ ပြုလုပ်ရန် ကြံရွယ်ခဲ့သော်လည်း အာဏာပိုင်များထံမှ ခွင့်ပြုချက်မရပဲ ပွဲ အစီအစဉ်များ မဖြစ်မြောက်လိုက်ရပါပေ။ အပြည့်အစုံနားဆင်လိုသူများအတွက်