အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန၊အဗ်နာ
ကိုအောင်ဘိုဘိုကျော် (ခ) စလင်းမ် ရဲ့ ဖခင်ဖြစ်သူ
တောင်ကုတ် လူသတ်ပွဲမှာ သတ်ဖြတ်ခံခဲ့ရတဲ့ ကိုအောင်ဘိုဘိုကျော်(ခ) စလင်းမ် ရဲ့ ဖခင်ဖြစ်သူက လူသတ်ပွဲမှာ ပါဝင်တဲ့ လွတ်မြောက်နေဆဲ တရားခံတွေကို ထပ်မံ ဖမ်းဆီးပေးဖို့၊ ဖမ်းဆီးထားသူ တွေကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ စတဲ့ အချက်တွေအပြင် သားဖြစ်သူကို မြုပ်နှံထားတဲ့ နေရာကို သွားရောက် ဆုတောင်းခွင့် ရအောင်စီစဉ်ပေးမယ်လို့ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင် ပေးခဲ့တဲ့ ဂတိ စကား အမြန်အကောင်အထည် ပေါ်စေချင်တယ်လို့ မြန်မာမွတ်စလင်မ်မီဒီယာနဲ့ အင်တာဗျုးမှာ ပြောကြားလိုက်ပါတယ်။
တောင်ကုတ်မြို့ရဲ့ လူစည်ကားရာ လမ်းမအလယ်မှာ အစ္စလာမ် ဘာသာဝင် ခရီးသည် ၁၀ ဦးကို ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားတွေက ၂၀၁၂ ဇွန်လ ၃ ရက်နေ့ ညနေ ၄နာရီ ၂၀ မိနစ် ဝန်းကျင်အချိန်မှာ ကားပေါ်က ဆွဲချပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို သတ်ဖြတ်ခံခဲ့ရတဲ့ မင်းမဲ့စရိုက် တောင်ကုတ် လူသတ်ပွဲမှာ သတ်ဖြတ် ခံခဲ့ရသူ တစ်ဦးဖြစ်တဲ့ မြောင်းမြမြို့က ကိုအောင်ဘိုဘိုကျော် (ခ) စလင်းမ် ရဲ့ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်ကို မြန်မာမွတ်စလင်မ်မီဒီယာရဲ့ CJ တစ်ဦးဖြစ်တဲ့ ကိုပေါက်က သွားရောက် တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာကို ကိုးကွယ်ယုံကြည်သူ တစ်ဦးဖြစ်ခဲ့တဲ့အတွက် အကြောင်းမဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ ရှပီာဒီတစ်ဦးဖြစ်တဲ့ ကိုအောင်ဘိုဘိုကျော် (ခ) စလင်းမ် ရဲ့ ဖခင်ဖြစ်သူ က မြန်မာမွတ်စလင်မ် မီဒီယာကို ပြောကြားချက် အပြည့်အစုံကို အောက်ပါ ရုပ်သံဖိုင်မှာ ဆက်လက် ကြည့်ရှု့နိုင်ပါတယ်။
ကိုပေါက် (မြန်မာမွတ်စလင်မ်မီဒီယာ)