၁၃ ဒီဇင်ဘာ ၂၀၁၃ - ၂၀:၃၀
အဘယ်ကြောင့်  ရှီအာများ  အနေဖြင့် ခေလာဖသ်  အား သန်စီစီး ဟု ခံယူ  ထားပါ သနည်း?

   

အဘယ်ကြောင့်ရှီအာများအနေဖြင့် ခေလာဖသ်အား သန်စီစီး ဟုခံယူထားပါသနည်း? မှတ်ချက်။ ။သန်စီစီး(تنصيصي)ဆိုသည်မှာ ခလီဖာသမ္မတတာဝန်အား အလ္လာဟ်ဟိုအရှင်မြတ်ဘက်မှသာလျှင်သတ်မှတ်ထားခြင်းဖြစ်ပါ သည်။အခြားမည်သူထံတွင်တာဝန်အခွင့်မရှိချေဟုဆိုလိုပါသည်။ (ဘာသာပြန်) အဖြေ။ ။မြင့်မြတ်လှသည့်အစ္စလာမ်သာသနာတော်သည် တကမ္ဘာလုံး ဆိုင်ရာဥပဒေများပြဋ္ဌာန်းထားပြီး၊အမြဲထာဝရရှင်သန်နေမည့်သာသနာဆို သည်မှာထင်ရှားနေပါသည်။အကြောင်းမှာ- တမန်တော်မြတ်ကြီး(ဆွ)သည် မိမိ၏အွန်မသ်(နောက်လိုက်နောက်သားများ)အတွက်အသက်ရှင် နေတော် မူသည်ကာလတွင် ရဟ်ဗဲဟ်(ခေါင်းဆောင်)ဖြစ်ချေသည်။ထို့နောက် ကိုယ် တော်(ဆွ)ဝဖာသ်ဖြစ်တော်မူပြီးနောက် အွန်မသ်မှအသင့်လျော်ဆုံး သူအား မလွဲ၊မသွေ ရဟ်ဗဲဟ်၏ တာဝန်ကိုလွဲအပ်ပေးရမည်ဖြစ်ပါသည်။ ဤနေရာ၌မေးခွန်းမေးစရာအချက်သည်ကား- တမန်တော်မြတ်ကြီး (ဆွ)၏နောက်ပိုင်း ရဟ်ဗဲဟ်ရီ၊ခေါင်းဆောင်မှု တာဝန်ရာထူးသည် သန်စီစီး ဖြစ်ပါသလား? (ဆိုလိုသည်ကား-ခေါင်းဆောင်အားအလ္လာဟ်အရှင်မြတ်၏ အမိန့်တော် အရ တမန်တော်မြတ်ကြီး(ဆွ)တင်ပြမှုဖြစ်တင်မြောက်ခြင်းဖြစ် ပေသည်။) သို့မဟုတ် မဲဆန္ဒဖြင့်ရွေးကောက်တင်မြောက်ခြင်းဖြစ်ပါသလား? ဤကစ္စနှင့်ပတ်သက်ပြီးရှုထောင့်နှစ်ခုရှိပေသည်။ရှီအာများအနေဖြင့် ရဟ်ဗဲဟ်ရီ၊နေရာ(ခေလာဖသ်နေရာ၊အေမာမသ်နေရာ)သည်သန်စီစီးဖြစ် ကြောင်းလက်ခံယုံကြည်ထားလေသည်။သို့သော် အဟ်လေ့စွန္နတ်အနေဖြင့် (အင်သေခါဘီ)မဲဆန္ဒအရ ရွေးချယ်တင်မြောက်ခြင်းကို ယုံကြည်လက်ခံထား ပါသည်။ မည်သို့ဆိုစေ တမန်တော်မြတ်ကြီး(ဆွ)၏နောက်ပိုင်း နိုင်ငံတော်တာ ဝန်များကို ထမ်းဆောင်ရန် တစ်ဦး၊တစ်ယောက်ကို အွန်မသ်အနေဖြင့် မလွဲ၊မ သွေလက်ခံရပေမည်။ တမန်တော်မြတ်ကြီး(ဆွ)ခေတ်ကာလကိုသုံးသပ်လေ့လာခြင်းဖြင့်ခေ လာဖသ်သည် သန်စီစီး ဖြစ်ပေသည်။ ရှီအာသာသနာသုခမိန်ကဝိများအနေဖြင့် ခေလာဖသ်သည်(သန်စီစီး) ဖြစ်ကြောင်း မိမိတို့၏ အကီဒါဆိုင်ရာကျမ်းဂန်များ၌ အထောက်အထား သက် သေများစွာ ဖြင့်ဖေါ်ပြရေးသားသီကုံးထားကြပေသည်။သို့သော် ဤနေရာ၌ တမန်တော်မြတ်ကြီး(ဆွ)လက်ထက်တွင် ဟာကေမ်၊ခလီဖာအတွက်စည်း မျဉ်း၊စည်းကမ်းချက်များနှင့် ပတ်သက်သည့် စိစစ်ဆွေးနွေးမှုကိုတင်ပြမည် ဖြစ်ပါသည်။ဤသို့အားဖြင့် ရှီအာယုံကြည်မှုအတွက် မှန်ကန်ကြောင်း သက် သေ အထောက်၊အထားများဖြစ်ပေသည်။ တမန်တော်မြတ်ကြီး(ဆွ)၏လက်ထက်တွင် အစ္စလာမ်သာသနာ့၏ ပြည်တွင်း၊ပြည်ပ၊ဆက်သွယ်မှုအတွက် ကိုယ်တော်မြတ်(ဆွ)ကိုယ်စား လှယ်တော်အား မလွဲ၊မသွေ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် မဟာ တမန်တော်မြတ်(ဆွ)မှရွေးချယ်ခန့်အပ်မှု အဖြစ်ရှိရပေမည်။ အကြောင်းမှာ-အစ္စလာမ်မီအသိုင်းအဝိုင်းအတွက် သုံးပွင့်ဆိုင် အန္တရာယ်တစ်ခု (ရောမအင်ပါယာ၊အီရန်ဘုရင်နှင့် မိုနာဖေက်များ)သည် ကျရောက်လာပြီး ဆုံးရှုံးမှုနှင့် မအောင်မြင်မှုများ ရင်ဆိုင်ရမည် ဖြစ်သော ကြောင့် ဖြစ်ပါသည်။ ထိုနည်းတူစွာ အွန်မသ်သေ အစ္စလာမ် ဖက်မှလည်းပဲ(မဆ်လာဟသ်) (အခြေအနေအရ သင့်တင့်လျောက်ပတ်မှု)ရှိနေပေသည်။ထိုအရာမှ တမန် တော်မြတ်ကြီး(ဆွ)သည် မိမိ၏နိုင်ငံရေးကိုယ်စားလှယ်(အစစ်)ကို ပြည်ပရန် များမှ ကာကွယ်နိုင်ရန် ရွေးချယ်တင်မြောက်ပြီး တစ်စု၊တစ်စည်းတည်း ပြုပေး ရမည်ဖြစ်ပါသည်။ထို့ပြင် ရန်သူများ၏လွမ်းမိုးမှု အာနိသင်ရှိမှုကို ဖြစ်စေသည့် ပြည်တွင်း သဘောထားကွဲလွဲမှုများ၊မတူညီမှုများကိုလည်း ဖယ်ရှားပေးရမည် ဖြစ်လေသည်။ ဤကိစ္စအတွက်ရှင်းလင်းချက် ဤသုံးပွင့်ဆိုင်အန္တရာယ်များမှ အန္တရာယ်တစ်ခုသည်ကား-ရောမအင်ပါ ယာဖြစ်ပါသည်။ဤကြီးမားလှသည့် အင်ပါယာကြီးသည်တောင်အရပ်ရှိ ကျွန်း ဆွယ်အထိ အာဏာသက်ရောက် နေပေသည်။တမန်တော်မြတ်(ဆွ)ကိုယ် တိုင် ဤအင်ပါယာနှင့်ပတ်သက်ပြီး စိတ်သောကကို ဖြစ်စေခဲ့ပါသည်။မဟာ တမန်တော်မြတ်(ဆွ)သည် မိမိသက်တမ်း၏ နောက်ဆုံးအချိန်အထိ ရောမ အင်ပါယာနှင့်စပ်လျဉ်းပြီး စိတ်သောကထားခဲ့ပေသည်။ ပထမဆုံးမွတ်စလင်စစ်တပ်နှင့်ရောမ၏ခရစ်ယာန်စစ်တပ်တို့သည် ဟီဂျရီ (၈)ခုနှစ်အတွင်း ပါလက်စတိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့လေသည်။ ဤစစ်ပွဲ၌ အစ္စလာမ်မီစစ်တပ် ဗိုလ်ချုပ်သုံးခုဖြစ်သည့် ဟဇရတ်(သ)ဂျအ်ဖရ်သွာရာ၊ဟဇ ရတ်(သ)ဇိုင်ဗင်ဟာရေဇ်၊ဟဇရတ်(သ)အဗ်ဒွလ္လာဟ်ဗင်ရဝါဟေတို့ ရှဟီးဒ်ဖြစ် သွားလေသည်။ဤစစ်ပွဲတွင် အစ္စလာမ်မီစစ်တပ်သည် အရှုံးနှင့်ရင်ဆိုင်ခဲ့ရ လေသည်။ ကာဖေရ်စစ်တပ်နှင့် မရင်ဆိုင်ဘဲ အစ္စလာမ်မီစစ်တပ်ကြီး၏ တပ်ဆုတ် မှုသည် ကိုင်စရ်ဘုရင်စစ်တပ်အား၊အားဖြည့်ပေးသကဲ့သို့ ဖြစ်လေသည်။ထို့ ပြင်အချိန်တိုင်း ၎င်းတို့သည် အစ္စလာမ်မီ ဗဟိုဌာနများအား တိုက်လာလိမ့် မည်ဟုစိုးရိမ်နေကြရလေသည်။ ဤအတွက်ကြောင့် တမန်တော်မြတ်(ဆွ)အနေဖြင့် ဟီဂျရီ(၉)ခုနှစ် တွင်ကြီးမားသည့် အစ္စလာမ်မီစစ်တပ်အား ဆီးရီးယားနိုင်ငံ၏ အနီးတစ်ဝိုက် သို့ စေလွတ်တော်မူခဲ့လေသည်။ထိုမှသာ အကယ်၍စစ်ဖြစ်လာခဲ့မည် ဆိုပါက ကိုယ်တော်တိုင် ခေါင်းဆောင်ပြီး စစ်ပွဲ၊ဆင်နွဲရန်ဖြစ်ပေသည်။အစ္စလာမ်မီစစ် တပ်ကြီး၏ ဤခက်ခဲကြမ်းတမ်းလှသည့် ခရီးကြောင့် တဖန် ကျက်သရေ၊ဂုဏ် ကိုပြန်လည်ရရှိလာခဲ့ပြီး၊နိုင်ငံရေး နေရာကိုအသစ်တစ်ဖန် ပြန်လည်ရယူနိုင်ခဲ့ ပေသည်။ ဤအောင်မြင်မှုကို ဆွတ်ခူးပြီးနောက်တွင်လည်း ကိုယ်တော်မြတ်(ဆွ) သည်စိတ်မချသေးချေ။ပြီးနောက် မိမိမနာ၊မကျန်းမဖြစ်မည် ရက်တစ်ချို့အ လျှင် အစ္စလာမ်မီစစ်တပ်အား ဗိုလ်ချုပ်အဖြစ် အိုစာမာအား ခန့်အပ်ပြီး အခြေ အနေကို စောင့်ထိန်းနိုင်ရန် ဆီးရီးယားသို့ သွားစေခဲ့လေသည်။ သုံးပွင့်ဆိုင် အန္တရာယ်ရန်သူ ဒုတိယသည်ကား-အီရန်ဘုရင်၏ အင်အားဖြစ်ပေသည်။မည်မျှအထိဆိုလျှင် အီရန်ဘုရင်အနေဖြင့် ဒေါသ ကြောင့်ကိုယ်တော်မြတ်(ဆွ)၏ သဝဏ်လွှာအား ဆုတ်ဖြဲခဲ့ပေသည်။ကိုယ် တော်၏သံတမန်အား စော်ကားပြီး အပြင်ထုတ် ဖြစ်ခဲ့လေသည်။ပြီးနောက် ယီမင်အစိုးရမင်းအား တမန်တော်မြတ်ကြီး(ဆွ)ကို ဖမ်းချုပ်ရန် အမိန့်ပေးခဲ့ လေသည်။အဖမ်းမခံလျှင် ကွပ်မျက်ရန် အမိန့်ပေးထား လေသည်။ အမှန်မှာ အီရန်ဘုရင်ခွစ်ရိုဘရ်ဝေးဇ်သည်တမန်တော်မြတ်ကြီး(ဆွ) လက်ထဲ၌ပင် ကွယ်လွန်ပြီး ဖြစ်ပေသည်။သို့သော် အချိန်ကြာမြင့်စွာ အီရန် လက်အောက်ခံ ယီမင်နိုင်ငံသည် မွတ်စလင်များကြောင့် လွတ်လပ်ရေးစိတ် နိုးကြား ပေါ်ပေါက်လာပေသည်။ဤပေါ်ပေါက်လာမှုအား အီရန်ဘုရင်များအ နေဖြင့် အပြင်းအထန် မနှစ်သက်ခဲ့ချေ။ဤအတွက်ကြောင့် အီရန်အာဏာရှင် များ၏ မာန်မာနသည် လုံးဝဥဿုန် အစ္စလာမ်အင်အားကြီးထွားလာမှုအား သည်းမခံနိုင်ကြချေ။ တတိယအန္တရာယ်မှာ-မိုနာဖေက်အရေခြုံများ၏ အုပ်စုပင်တည်း။အမြဲ တစေ မွတ်စလင်မ် များအကြားကွဲလွဲမှု၊မညီညွတ်မှုကို ဖြစ်ပေါ်စေပြီး၊ပြဿနာ ကိုဖန်တီးလေသည်။နောက်ဆုံးကိုယ်တော်မြတ်(ဆွ)၏အသက်ကိုပင် သဗူက် မှ မဒီနာမြို့သို့ အပြန်လုပ်ကြံရန် စီစဉ်ခဲ့ကြပေသည်။ ဤအုပ်စုတစ်စုသည် တမန်တော်မြတ်ကြီး(ဆွ)ဝဖာသ်ဖြစ်ပြီးနောက် အစ္စလာမ်မီလှုပ်ရှားမှုသည်လည်း အဆုံးသတ်သွားမည်ဟု ယူဆ၊ထင်မှတ် ထားကြလေသည်။အရာအားလုံး ငြိမ်းအေး၊အေးချမ်းသွားပေမည်။ မိုနာဖေက်များ၏ ဖျက်ဆ