အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
အင်ဒိုနီးရှား နိုင်ငံ ပါလီမန် ရွေးကောက် ပွဲ ၏ ပထမအခြေအနေ ပြ ရလာဒ် များ ကို ကြေငြာမှု ပြုရ တွင် ရှီအာ အရေးပါ အရာရောက် သူတစ်ဦး အရွေးခံ လိုက်ရကြောင်း သတင်းရရှိ ခဲ့ပါသည်။
အင်ဒိုနီးရှား နိုင်ငံ ၏ သန်ဇီးမေအဲဟ်လေ့ဘိုက်သ် (အ.စ) (IJABI)အဖွဲ့၏ ဥက္ကဋ္ဌ ပါမောက္ခ ဂျလာလွဒ်ဒီးန် ရဟ်မသ် အနေဖြင့်ပထမဆုံး အကြိမ် အင်ဒိုနီးယား နိုင်ပါလီမန် ရွေးကောက်ပွဲ တွင် ဝင်ရောက် နေရယူခဲ့ ပါသည်။
ပထမအခြေအနေ ပြ ရလာဒ် များ ကို ကြေငြာမှု ပြုရတွင် ၎င်းသည် အရွေးခံ အောင်မှုခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။
ပါမောက္ခ ဂျလာလွဒ်ဒီးန် ရဟ်မသ်သည် ပညာရေး နှင့်ဘာသာရေးဆိုင်ရာ အရေးပါ အရာရောက် ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါသည်။၎င်း အနေဖြင့် နိုင်ငံရေးလောကတွင် ခြေချထားသူ မဟုတ်ချေ။
သို့သော်မကြာသေးမီ အချိန် တိုလေး အတွင်း အင်ဒိုနီးရှား နိုင်ငံ ရှိ အင်ဒိုနီးရှား ရှီအာများ ကို ခွဲခြား မှုများ နှိမ့်ချမှုများ ၊ဖမ်းဆီးမှုများ စသည် မတရားမှု များပြုလုပ်လာ သည့် ကို အခြေပြုပြီး အင်ဒို နီးရှား နိုင်ငံ ရှိ အင်ဒိုနီးရှား ရှီအာများ၏ လူ့အခွင့်အရေးများ ကို ခုခံ ကာကွယ်စောင့်ရှောက်ရန် အတွက် ပါလီမန်တွင် ရွေးကောက်ပွဲ တွင် ဝင်ရောက် နေရာယူခဲ့ခြင်း ဖြစ်ပါသည်။
သိထားရန် အရေးကြီးသည့် အချက်မှာ - နှစ်မကြာသေးမီ အတွင်း သက္က်ဖီးရီး၊ဝဟာဘီ၊စလ်ဖီများတို့ အနေဖြင့် အင်ဒိုနီးယား နိုင်ငံတွင် ထိရောက်စွာလှုပ်ရှားမှုများ ပြုလုပ်လာသည့် အတွက် အစိုးရဖက်မှ အင်ဒိုနီးယား ရှီအာမျးကိ နည်းမျိုးစုံဖြင့်နှိပ်စက် ညှဉ်းပန်းလာကြလေသည်။ယုတ်စွအဆုံး ဆန်ပါက်ဆို သည့် ဒေသရှိ ဒေသခံ ရှီအာ များ ကို မောင်းထုတ်မှုများ ပြုလုပ်လာခဲ့ကြောင်း ဖြစ်ပါသည်။
…………………