၂၃ ဧပြီ ၂၀၁၄ - ၀၃:၀၉
အာယာသွလ္လာဟ် ဗရှီးဟိုစိုင်းနဂျဖီ ၏ ကျန်းမာရေး အခြေအနေအား အာယာသွလ္လာဟ် ဆရက်ဒ် ဟကီးမ်နဂျဖီမှ ကြည့်ရှု့   မေးမြန်း

အာယာသွလ္လာဟ် ဆရက်ဒ် ဟကီးမ်နဂျဖီမှ အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီ ၏ ကျန်းမာရေး အခြေအနေအား ကြည့်ရှု့ မေးမြန်းရန် အတွက် နဂျဖ်မြို့ ရှိ အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးထံအိမ် သို့ သွားရောက်ခဲ့ပါသည်။

 

အဲဟ်လေ့ဘိုက်သ်(အ.စ) သတင်းဌာန၊ အဗ်နာ
အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီ အနေဖြင့် နှလုံးခွဲစိတ်ကုသမှု ခံယူပြီး ဆေးရုံမှ မိမိနေအိမ်သို့ ပြန်လာသည့် သတင်းရပြီးနောက် အာယာသွလ္လာဟ်  အလ်အွဇ်မာ ဆရက်ဒ် ဟကီးမ်  မှ အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီ ၏ ကျန်းမာရေး အခြေအနေအား ကြည့်ရှု့   မေးမြန်းရန် အတွက် နဂျဖ်မြို့   ရှိ အာယာသွလ္လာဟ် ဗရှီးထံအိမ် သို့ သွားရောက်ခဲ့ပါသည်။
အာယာသွလ္လာဟ်  အလ်အွဇ်မာ ဆရက်ဒ် ဟကီးမ်  မှ အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီ  ၏နေအိမ်သို့ သွားရောက်ခဲ့ပြီး နောက်  ၎င်း၏ ကျန်းမာရေး အခြေအနေ ကိုမေးမြန်း သတင်းယူကာ ကျမ်းမာချမ်းသာ စေရန်အတွက် ဒိုအာ ပြုပေး ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီသည် နှလုံးဝေဒနာကြောင့်  ဧပြီလ ၅ ရက်နေ့တွင် နဂျဖ်မြို့ ရှိ ဆဒ်ရ် ဆေးရုံးတွင်  တက်ရောက်ကုသမှု ခံ ပြီးနောက် နှလုံးအား ခွဲစိတ်ကုသမှု ကို ခံယူခဲ့ပါသည်။ ခွဲစိတ်မှု မှာလည်း ကောင်းမွန် စွာ အောင်မြင်ခဲ့ ပါသည်။
ဆဒ်ရ် ဆေးရုံးရှိ နှလုံးအထူးကု ဆရာဝန်ကြီးမှ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗရှီးဟိုစိုင်းနဂျဖီ ၏ အခြေအနေကို ကြည့်ရှု စစ်ဆေးမှုပြုပြီး ဆေးရုံးမှ ဆင်းနိုင်ကြောင်းမေတ္တာရပ်ခံ ခဲ့လေသည်။