၂၄ ဧပြီ ၂၀၁၄ - ၁၇:၂၆
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  မလ်ကူသီ ကွယ်လွန်

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ရှိ မရ်ဂျာယေသက်္ကလီးဒ် များတစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ မလ်ကူသီ သည် မမာမကျန်းဖြစ်ပြီး ယနေ့ အလ္လာဟ် ဟို အရှင်မြတ် အမိန့်တော်ကို ခံယူသွားခဲ့ပါသည်။

အဲဟ်လေ့ဘိုက်သ်(အ.စ) သတင်းဌာန၊ အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ရှိမရ်ဂျာယေသက်္ကလီးဒ် များတစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  မလ်ကူသီ သည် မမာမကျန်းဖြစ်ပြီး တီဟီရန်မြို့    ရှိဆေးရုံ တစ်ခု တွင် ကုသမှုခံယူရင်  အလ္လာဟ် ဟို အရှင်မြတ် အမိန့်တော်ကို ယနေ့ ဧပြီလ ၂၄ ရက်နေ့ ကြာသပတေး နေ့တွင် ခံယူသွားခဲ့ပါသည်။
အာယာသွလ္လာဟ် အလ်အွဇ်မာ  မလ်ကူသီ သည်  အဆုပ်ရောဂါကြောင့် မမာမကျန်းဖြစ်ပြီး တီဟီရန်မြို့    ရှိဆေးရုံ တစ်ခုတွင် တစ်လကျော် ကုသမှုခံယူခဲ့ပါသည်။ ကုသမှုခံနေရင် ယနေ့ ကွယ်လွန်သွားခဲ့ ရခြင်း ဖြစ်ပါသည်။
အာယာသွလ္လာဟ် အလ်အွဇ်မာ  မလ်ကူသီ သည်  ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ရှိ အာဇာဘိုင်ဂျန်အရှေ့  ပိုင်း ပြည်နယ်၏ ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ  ဆရက်ဒ်အလီခါမေနာအီ ၏ကိုယ်စားလှယ်တော် ၏ တာဝန်ကို ထမ်းဆောင်ခဲ့သည့် အာလင်မ် တစ်ပါးလည်း ဖြစ်ပါသည်။