အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် စီမံကိန်းမှာ ရှိတဲ့ လယ်တီသိမ်ကို ဧပြီ ၂၉ ရက်နေ့က အပြီးတိုင် ဖြိုဖျက်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံပြည်သူများ၏ပြောပြချက် အရ သိရပါသည်။
လယ်တီသိမ်တော်အား အပြီးဖျက်လိုက်တာဖြစ်ပြီး အပဲ့တွေ ပျက်ဆီးတဲ့ဟာ မှန်သမျှကို ကျင်းကြီးတူးပြီး ထည့်ပစ်လိုက်ကြောင်း ၎င်းဒေသခံများပြောကြားချက်အရ သိရှိရပါသည်။
နိုင်ငံရေးတက်ကြွ လှုပ်ရှားသူဖြစ်သူ ကိုဝေဠုက “‘ဒီဟာက သာသနာ အဆောက်အအုံလည်းဖြစ်တယ် သမိုင်းဝင် အဆောက်အအုံလည်းဖြစ်တယ်။ အခုလိုလုပ်တာတော့ ကျွန်တော်တို့ပြည်သူတွေ အနေနဲ့လုံးဝ လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ဘက်ကလည်း အဖွဲ့တွေတိုင်ပင်ပြီး ၎င်းဖျက်သိမ်းမှုအပေါ် ကန့်ကွက် ဆန္ဒပြသမှုတွေကို လုပ်ဆောင်သွားမှာပါ” ဟု လယ်တီသိမ်ဖျက်သိမ်းခံရမှုအပေါ် ပြောကြားခဲ့သည်။
ယမန်နေ့ ဧပြီလ ၂၉ ရက်နေ့က နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများပါဝင်သော ဒီမိုကရေဒီအင်အားစုမှ ရဟန်းသံဃာများ မီးရို့အကြမ်းဖက်ခံရမှု (၁၇) လပြည့်နှင့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးတို့ အတွက် တောင်းဆို ဆန္ဒပြပွဲနှင့် ဆုတောင်းပွဲ တစ်ရပ်ကိုပြုလုပ်ခဲ့ကြသည်။
Photo Credit- DVB / M-media