၆ မေ ၂၀၁၄ - ၁၈:၅၈

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသနှင့် မြန်မာနိုင်ငံရှိ မြို့နယ်အများစုတွင် မေလ ၅ရက် ညနေ ၅နာရီ ၄၂မိနစ်ခန့်က အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၀ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ချင်းရိုင်မြို့ရှိ အဆောက်အအုံများနှင့် နေအိမ်တချို့ ပျက်စီးခဲ့ကာ ဈေးဆိုင်အချို့တွင်စင်ပေါ်မှ ပစ္စည်းများ ပြုတ်ကျခဲ့သည်ဟု ရိုက်တာ သတင်းဌာနတွင် ရေးသားထားသည်။

 

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ဒေသနှင့် မြန်မာနိုင်ငံရှိ မြို့နယ်အများစုတွင် မေလ ၅ရက် ညနေ ၅နာရီ ၄၂မိနစ်ခန့်က အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၀ရှိ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး ချင်းရိုင်မြို့ရှိ အဆောက်အအုံများနှင့် နေအိမ်တချို့ ပျက်စီးခဲ့ကာ ဈေးဆိုင်အချို့တွင်စင်ပေါ်မှ ပစ္စည်းများ ပြုတ်ကျခဲ့သည်ဟု ရိုက်တာ သတင်းဌာနတွင် ရေးသားထားသည်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၏ အနောက်တောင်ဘက် ၁၇ မိုင် အကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြာင်း အမေရိကန် ဘူမိဗေဒ ဆာဗေး (USGS) က ဆိုသည်။
“ချင်းရိုင်မှာရှိတဲ့ အဆောက်အအုံတွေ အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ တချို့ဈေးဆိုင်တွေမှာ ကုန်ပစ်္စည်းတွေ ပြုတ်ကျပြီး ပြန့်ကျဲကုန်ပါတယ်။ အဆောက်အအုံတွေမှာ အက်ကွဲရာတွေ ဖြစ်သွားတာ ကိုလည်း ကျွန်တော်တို့ မြင်ရပါတယ်”ဟု ချင်းရိုင်မှ ရဲအရာရှိတစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောခဲ့ သည်။
ငလျင်ချက်မ ဖြစ်သည့် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပင်မလေဆိပ်အတွင်းက ခရီးသည်များကို ကယ် ထုတ်ခဲ့ရပြီး လေဆိပ်အတွင်းက ဆိုင်းဘုတ်အချို့နှင့် မျက်နှာကျက်များလည်း ပြုတ်ကျခဲ့ရသည်ဟု ဗဏ သတင်းဌာနကလည်း ရေးသားထားသည်။


ချင်းရိုင်မြို့ရှိ ခရီးသွားဧည့်သည် အများစုသွားရောက်သည့် ဘုန်းတော်ကြီး ကျောင်းလည်း အနည်းငယ် ပျက်စီးခဲ့သည်ဟု Earthquake Report ၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ချင်းရိုင်ဆေးရုံတွင်လည်း ပျက်စီးမှုများ ရှိခဲ့ကာ နံရံများတွင် အက်ကွဲကြောင်းများ ဖြစ်သွားခဲ့သည်ဟု ဆို သည်။ သို့သော် လူထိခိုက်မှု ရှိ မရှိကိုမူ မသိရှိရသေးပေ။
တစ်ချိန်တည်းတွင်ပင် မြန်မာနိုင်ငံတွင်လည်း ရန်ကုန်၊ မန္တလေး၊ လားရှိုး၊ နေပြည်တော်၊ တာချီလိတ်၊ ထားဝယ်တို့တွင် စက္ကန့် ၂၀ မျှ ငလျင်လှုပ်ခတ်ခဲ့သည်။
“နေရာကတော့ ငလျင်ဗဟိုချက်က ချင်းရိုင်နားမှာပြောတယ်။ အဲမှာတော့ မက်ဂနီကျု ၆ လို့ပြောတယ်။ အခုတိုင်း တာသလောက်တော့ မန္တလေး၊ လားရှိုး၊ နေပြည်တော်၊ ရန်ကုန် အဲဒီ့နေရာတွေ ခံ စားရတယ်လို့ သိရတယ်။ တို့နဲ့ အနီးစပ်ဆုံး ခံစားရတာ ထိုင်းပဲဖြစ်ရမယ်။ လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကတော့ အသေးလေး တွေ လှုပ်တာရှိတယ်။ အခုကတော့ ပမာဏ ၆ လောက်ဆိုတော့ နည်းနည်း အားကြီးတာပေါ့။ နည်းနည်း သိသာတဲ့ သဘောရှိတာပါ။ စိုးရိမ်ရတယ်လို့တော့ ဘာမှမပြောနိုင်ပါဘူး”ဟု ငလျင်ကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက မဇ္ဈိမကို ပြောသည်။
ရန်ကုန်မြို့တွင် ငလျင်လှုပ်ခတ်မှုကြောင့် တိုက်ပေါ်ရှိ လူများ လမ်းများပေါ် ပြေးဆင်းသည်များလည်း ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ခုနှစ် စက်တင် ဘာအတွင်းက ရစ်ချာစကေး ၅ အဆင့်ရှိ ငလျင်တစ်ခု မန္တလေးတိုင်း တွင် လှုပ်ခတ်ခဲ့ပြီး ၅ ဒသမ ၇အဆင့်ရှိ ငလျင် စစ်ကိုင်း တိုင်းတွင် လှုပ်ခတ်ခဲ့ကာ အဆောက်အအုံများ ပျက်စီးခဲ့ရသည်။
ငလျင်အင်အား ၆ ဒသမ ၅ ရစ်ချာတာ စကေးကျော်ပါက အင်အားပြင်းထန်ပြီး ၇ ရစ်ချာတာ စကေးကျော်လျှင် ငလျင်ကြီး ဖြစ်နိုင်သည်။
Ref : mizzima