၂၅ မေ ၂၀၁၄ - ၁၉:၅၇
ယူကရိန်းတွင် ရွေးကောက်ပွဲစပြီ၊ ခွဲထွက်ရေးသမားများကြောင့် မဲပေးသူများ ကြောက်ရွံ့နေကြ

နိုင်ငံအရှေ့ပိုင်း Donetsk နှင့် Luhansk ဒေသများတွင် ရွေးကောက်ပွဲအား နှောက်ယှက်သွားမည်ဟု ခွဲထွက်ရေးသမားများက ခြိမ်းခြောက်ထားသော်လည်း ယူကရိန်း အစိုးရ ရွေးကောက်ပွဲကို ယနေ့တွင် စတင်ကျင်းပခဲ့သည်ဟု သိရသည်။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ

 နိုင်ငံအရှေ့ပိုင်း Donetsk နှင့် Luhansk ဒေသများတွင် ရွေးကောက်ပွဲအား နှောက်ယှက်သွားမည်ဟု ခွဲထွက်ရေးသမားများက ခြိမ်းခြောက်ထားသော်လည်း ယူကရိန်း အစိုးရ ရွေးကောက်ပွဲကို ယနေ့တွင် စတင်ကျင်းပခဲ့သည်ဟု သိရသည်။
မဲရုံတစ်ဝက်နီးပါးအား ခွဲထွက်ရေးသများက ပိတ်ဆို့ထားမှုကြောင့် နိုင်ငံတစ်ဝှမ်း မဲပေးပိုင်ခွင်ရှိသူ ၂ သန်းကျော်ရှိမှာ မဲပေးခွင့်ရနိုင်ဖွယ်မရှိချေ။ အဆိုပါရွေးကောက်ပွဲမှာ မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအား တည်ငြိမ်စေရန် ရည်ရွယ်ကြိုးပမ်းခြင်းဖြစ်သော်လည်း ပြည်သူများကမူ မဲရုံသို့သွားရောက်၍ မဲပေးရေးအတွက် ကြောက်ရွံ့မှုများရှိနေသည်။
၁၉၉၁ ခုနှစ်နောက်ပိုင်း ပထမဆုံးပြုလုပ်သည့် အရေးပါသောအဆိုပါရွေးကောက်ပွဲတွင် မဲပေးကြရန် ၃၆ သန်းသော မဲပေးခွင့်ရှိသူများအား ၀န်ကြီးချုပ် ယက်ဆန်ယွတ်က ပန်ကြားခဲ့သည်။ အကြိုရွေးကောက်ပွဲ ရလဒ်များအရ တိုင်းပြည်တွင် သတ္တမမြောက်အချမ်းသာဆုံးဖြစ်သည့် ပက်ထရို ပိုရိုရှန်ကိုမှာ ရွေးကောက်ပွဲတွင် နိုင်ရန် အလားအလာကောင်းနေသည်။
Al Jazeera and agencies / M-Media