၈ ဇွန် ၂၀၁၄ - ၂၂:၁၇
ဆရက်ဒ် ဟစန် နစရွလ်လ္လာဟ်  အာယာသွလ္လာဟ် မဟ်ဒဝီကနီ အတွက် ဒိုအာပြု

လက်ဘနွန်နိုင်ငံ အခြေချ မျိုးချစ်သာသနာစောင့် အဖွဲ့ ဟစ်ဘွလ်လ္လာဟ် ၏ အထွေထွေ အတွင်းရေးမှူး ချုပ် ဟွတ်ဂျသွလ် အစ္စလာမ် မောင်လာနာ ဆရက်ဒ် ဟစန် နစရွလ်လ္လာဟ် မှ အာယာသွလ္လာဟ် မဟ်ဒဝီကနီ ၏ ကျန်းမာရေး အတွက် ဒိုအာပြုခဲ့ပါသည်။

အဲဟ်လေ့ဘိုက်သ် (အ.စ) သတင်းဌာန ၊ အဗ်နာ
လက်ဘနွန်နိုင်ငံ အခြေချ မျိုးချစ်သာသနာစောင့် အဖွဲ့  ဟစ်ဘွလ်လ္လာဟ် ၏ အထွေထွေ အတွင်း ရေးမှူး ချုပ် ဟွတ်ဂျသွလ် အစ္စလာမ် မောင်လာနာ ဆရက်ဒ် ဟစန် နစရွလ်လ္လာဟ်  မှ အာယာ သွလ္လာဟ် မဟ်ဒဝီကနီ ၏ ကျန်းမာရေး အတွက် ဒိုအာပြုခဲ့ပါသည်။
အာယာ သွလ္လာဟ် မဟ်ဒဝီကနီ ၏ ရုံးတာဝန်ရှိ သူ ဟွတ်ဂျသွလ် အစ္စလာမ် မောင်လာနာ ဆရက်ဒ် မွတ်စ်သဖွာ မီးရ်လိုဟီ အနေဖြင့် ဤ သတင်း မှန်ကန်ကြောင်း ထောက်ခံ ပြောကြား ခဲ့ပါ သည်။ ပြီးနောက် ၎င်း မှ ဆက်လက်ပြောကြားခဲ့သည်မှာ --- ယနေ့မနက် လက်ဘနွန် နိုင်ငံမှာ သတင်း ဝင်လာကြောင်း ၊၎င်းသတင်းတွင် ဟွတ်ဂျသွလ် အစ္စလာမ် မောင်လာနာ ဆရက်ဒ် ဟစန် နစရွလ် လ္လာဟ်  မှ စလာမ်ပေးပြီး အာယာ သွလ္လာဟ် မဟ်ဒဝီကနီ ၏ ကျန်းမာရေး အတွက် ဒိုအာ ထိုင်ဝိုင်းပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ဟစ်ဘွလ်လ္လာဟ် ၏ အထွေထွေ အတွင်း ရေးမှူး ချုပ် ဟွတ်ဂျသွလ် အစ္စလာမ် မောင်လာနာ ဆရက်ဒ် ဟစန် နစရွလ်လ္လာဟ် သည် မိမိ မိန့်ခွန်း တွင်ပြောကြားသည်မှာ --- ကျွန်ုပ်တို့လက်ဘနွန် နိုင်ငံ တွင် အာယာ သွလ္လာဟ် မဟ်ဒဝီကနီ ၏ ကျန်းမာရေး အတွက်  ဒိုအာ ပြုခဲ့ကြပါသည်။ ၎င်းအတွက် ဇေယာရသ် အာရှုရာ  နှင့် ဒိုအာယေ သဝလ်စိုလ် တို့ အားဖတ်ရွတ်ခဲ့ကြောင်း ... အင်ရှာအလ္လာဟ် အလ္လာဟ် ဟိုအရှင်မြတ်သခင် အာယာသွလ္လာဟ် ကြီးအားအစ္စလာမ်နှင့် မွတ်စလင်မ်များ ၏ ခေသ်မသ် ပိုမို၍ ပြု နိုင်ရန် စွမ်းအား ပေးသနားရန် အတွက်  ဒိုအာပြုခဲ့ပါသည်။