၁၁ ဇူလိုင် ၂၀၁၄ - ၀၉:၂၅
မဲရလဒ်ကြေညာမှု စိတ်ရှည်ကြရန် အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနိုက သမ္မတလောင်းနှစ်ဦးကို သီးခြားစီတွေ့ဆုံပြီး တရားဝင်မဲရလဒ်တွေကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းကြဖို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနို အရပ်ဘက်အေဂျင်စီတွေရဲ့ မဲရလဒ်တွေယူပြီး သမ္မတနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာနေကြတာဖြစ်ပါတယ်။ မဲရေတွက်ကြတဲ့ အရပ်ဘက် အေဂျင်စီအများစုကတော့ ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒို က ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယံတိုထက် မဲ နှာတဖျားအသာစီးရနေတယ်လို့ ဆိုကြပါတယ်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

မဲရလဒ်ကြေညာမှု စိတ်ရှည်ကြရန် အင်ဒိုနီးရှားသမ္မတ တိုက်တွန်း

လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနိုက သမ္မတလောင်းနှစ်ဦးကို သီးခြားစီတွေ့ဆုံပြီး တရားဝင်မဲရလဒ်တွေကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းကြဖို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုရိုနို

အရပ်ဘက်အေဂျင်စီတွေရဲ့ မဲရလဒ်တွေယူပြီး သမ္မတနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ အနိုင်ရတယ်လို့ ကြေညာနေကြတာဖြစ်ပါတယ်။

မဲရေတွက်ကြတဲ့ အရပ်ဘက် အေဂျင်စီအများစုကတော့ ဂျကာတာမြို့တော်ဝန် ဂျိုကိုဝီဒိုဒို က ပြိုင်ဘက် ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယံတိုထက် မဲ နှာတဖျားအသာစီးရနေတယ်လို့ ဆိုကြပါတယ်။

လက်ရှိသမ္မတကတော့ သမ္မတသက်တမ်း ၂ ခုပြည်သွားပြီမို့ ဒီနှစ်ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပါဘူး။

ဂျကာတာမြို့ခံတွေကတော့ ဘယ်သူသမ္မတတက်တက် အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တိုးတက်အောင် ကြံဆောင်ရေးပဲ အရေးကြီးတယ်လို့ ပြောဆိုကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဝေးလံတဲ့ကျွန်းတွေ ရာနဲ့ချီရှိပြီး မဲပေးသူဦးရေကလည်း သန်း ၁၉၀ ကျော်တာကြောင့် တရားဝင်မဲရလဒ်တွေ ကြေညာဖို့ ၂ ပတ် အချိန်ယူထားပါတယ်။

ဇူလိုင်လ ၂၁ ရက်၊ ၂၂ ရက်နေ့လောက်မှာ တရားဝင်မဲရလဒ်တွေ ကြေညာပေးမယ်လို့ မျှော်လင့်ရပါတယ်။

ရွေးကောက်ပွဲလုံခြုံရေးအတွက် ထောင်နဲ့ချီတဲ့ စစ်တပ်နဲ့ရဲတပ်ဖွဲတွေ ချခဲ့ပြီး အခုချိန်ထိ ရွေးကောက်ပွဲ အကြမ်းဖက်မှုမရှိခဲ့ပါဘူး။

REF; ဒီဗွီဘီ