၁၅ ဇူလိုင် ၂၀၁၄ - ၁၈:၀၀
အပစ်အခတ်ရပ်စဲရေး အီဂျစ်ကြားဝင် ကမ်းလှမ်းမှုအား အစ္စရေးသဘောတူ ၊ ဟားမက်စ် လက်မခံ

ယနေ့နံနက်အစောပိုင်းတွင် ပြုလုပ်သည့် အဆိုပါကမ်းလှမ်းမှုအား ကတ်ဘိနတ်က သဘောတူခဲ့ပြီးနောက် ဒေသစံတော်ချိန် ယနေ့ နံနက် ၉ နာရီတွင် အပစ်ရပ်ရေး စတင်သက်ရောက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုရပ်တန့်ရေး သံတမန်နည်းလမ်းအရ ဆောင်ရွက်မှုကို အသိအမှတ်ပြုသည့် ဟားမက်စ်အဖွဲ့ကမူ ထိုအပစ်ရပ်ရေး ကမ်းလှမ်းမှုအား လက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ နေတန်ယာဟုကမူ ဟားမက်စ်အနေဖြင့် ထိုကမ်းလှမ်းမှုအား လက်မခံပါက စစ်ဆင်ရေးများကို တိုးမြှင့်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ)(အ.စ)သတင်းဌာန။အဗ်နာ

အပစ်အခတ်ရပ်စဲရေး အီဂျစ်ကြားဝင် ကမ်းလှမ်းမှုအား အစ္စရေးသဘောတူ ၊ ဟားမက်စ် လက်မခံ

- တစ်ပတ်တာကြာမြင်ခဲ့ပြီး လူ ၁၉၂ ဦးသေဆုံးခဲ့သည့် အစ္စရေးက ပါလက်စတိုင်းအား ကျူးကျော်တိုက်ခိုက်နေမှုကို အဆုံးသတ်ရန် အီဂျစ်၏ အပစ်ရပ်ရေး ကမ်းလှမ်းမှုအား အစ္စရေးကတ်ဘိနတ်က လက်ခံလိုက်သည်ဟု သိရသည်။

ယနေ့နံနက်အစောပိုင်းတွင် ပြုလုပ်သည့် အဆိုပါကမ်းလှမ်းမှုအား ကတ်ဘိနတ်က သဘောတူခဲ့ပြီးနောက် ဒေသစံတော်ချိန် ယနေ့ နံနက် ၉ နာရီတွင် အပစ်ရပ်ရေး စတင်သက်ရောက်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြောကြားခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုရပ်တန့်ရေး သံတမန်နည်းလမ်းအရ ဆောင်ရွက်မှုကို အသိအမှတ်ပြုသည့် ဟားမက်စ်အဖွဲ့ကမူ ထိုအပစ်ရပ်ရေး ကမ်းလှမ်းမှုအား လက်ခံကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

နေတန်ယာဟုကမူ ဟားမက်စ်အနေဖြင့် ထိုကမ်းလှမ်းမှုအား လက်မခံပါက စစ်ဆင်ရေးများကို တိုးမြှင့်ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

အီဂျစ်က ကမ်းလှမ်းခဲ့သည့် အဆိုပါအပစ်အခတ်ရပ်စဲရေးတွင် ၁၂ နာရီအတွင်း တိုက်ခိုက်မှုများကို နှစ်ဖက်စလုံး ခြွင်းချက်မရှိရပ်တန့်ရန်၊ ဂါဇာနယ်ခြားကို အစ္စရေးက ပြန်လည်ဖွင့်ပေးရန်နှင့် ၂ ရက်အတွင်း ကိုင်ရိုတွင် ဆွေးနွေးပွဲပြုလုပ်ရန်တို့ပါဝင်သည်။

နောက်ဆုံးရရှိသည့်သတင်းများအရ အီဂျစ်၏ အပစ်ရပ်ရေးကမ်းလှမ်းမှုအား ဟားမက်စ်အဖွဲ့က လက်မခံသောကြောင့် ဂါဇာအား အစ္စရေးဘက်မှ တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်နေသည်ဟု သိရသည်။

REF; M-Media