အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊အဗ်နာ
ဂါဇာဒေသရှိ ပါလက်စတိုင်းပြည်သူများကို ကျူးကျော် တိုက်ခိုက်နေသည့် အစ္စရေး၏ လုပ်ရပ်ကို ဘီဘီစီ သတင်းဌာနမှ အမှန်တရားကို ဖုံးကွကာ ဘက်လိုက်စွာဖြင့် သတင်းထုတ်လွှင့်မှုများကို မကျေနပ်၍ ထောင်သောင်းချီသော လန်ဒန်မြို့ခံများ ဘီဘီစီ ရုံးချူပ်အဆောက်အဦးရှေ့၌ ဆန္ဒပြ ယနေ့ ဇူလိုင် ၁၅ ရက်နေ့ တွင် ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြပွဲတွင် လူများ အများအပြားပါဝင်၍ လန်ဒန်မြို့လယ်ခေါင်၌ပင်လမ်းပိတ်ဆို့မှူများဖြစ်ပေါ်၊ နိုင်ငံတကာမှ ဇီယွန်ဝါဒကိုဆန့်ကျင်သော ဂျူးးအမျိုးသား အဖွဲ့အစည်းများပါ ပူးပေါင်းပါဝင်လာကြပါတယ်။
BBC သတင်းဌာနဟာ အစ္စရေးရဲ့ ဂါဇာဒေသကို ကျူးကျော်တိုက်ခိုက်မှု စတင်တဲ့နေ့မှာ “ဟားမက်စ်၏ တစ်ကျော့ပြန်တိုက်ခိုက်မှုကို အစ္စရေးခံနေရ” ဆိုပြီး သတင်းခေါင်းစဉ်နဲ့ ဖော်ပြခဲ့တယ်။
ဒါအပြင် ဇူလိုင် ၁၂ ရက်နေ့က လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အစ္စရေး ရဲ့ ကျူးကျော်မှုကို ရှုံချဆန္ဒပြခဲ့ကြတဲ့ ဗြိတိန်ပြည်သူတွေရဲ့ သတင်းကို BBC သတင်းဌာနက ဖော်ပြခဲ့ခြင်းမရှိပါဘူး။
အီဂျစ်မှ ကြားဝင်ညှိနှိုင်းသော အပစ်အခတ်ရပ်စဲရေး မအောင်မမြင် ဖြစ်ပြီး နာရီပိုင်းအကြာ အစ္စရေးစစ်တပ်မှ ဂါဇာကမ်းမြှောင်ဒေသအား ဗုံးများထပ်မံကြဲချခဲ့ပါတယ်။
သေဆုံးသူ အရေအတွက်များ ထပ်မံတိုးလာဖွယ်ရှိပြိး အစ္စရေးရဲ့ ဂါဇာကိုတိုက်ခိုက်မှု ၈ မြောက်နေ့မှာတော့ ပါလက်စတိုင်းဘက်မှ လူ ၁၇၀ ကျော်သေဆုံးပြီး ၁၅၀၀ နီးပါးဒဏ်ရာရခဲ့ပါတယ်။ အများစုမှာ အမျိုးသမီးများနှင့် ကလေးတွေ ဖြစ်ကြပါတယ်။
ဓါတ်ပုံများ FB တွင်ကြည့်လိုလျှင် Click Here
Ref :M-Media
၁၆ ဇူလိုင် ၂၀၁၄ - ၀၆:၄၉
News ID: 624329