ရှီအာများ၏ ဂုဏ်ရည်များ
ဟဒီးစ်တော် (၃)
قَالَ الصَّادِقُ ع : شِيعَتُنَا أَهْلُ الْوَرَعِ وَ الِاجْتِهَادِ وَ أَهْلُ الْوَفَاءِ وَ الْأَمَانَةِ وَ أَهْلُ الزُّهْدِ وَ الْعِبَادَةِ أَصْحَابُ إِحْدَى وَ خَمْسِينَ رَكْعَةً فِي الْيَوْمِ وَ اللَّيْلَةِ الْقَائِمُونَ بِاللَّيْلِ الصَّائِمُونَ بِالنَّهَارِ يُزَكُّونَ أَمْوَالَهُمْ وَ يَحُجُّونَ الْبَيْتَ وَ يَجْتَنِبُونَ كُلَّ مُحَرَّمٍ.
بحارالانوار جلد 65 ص 167 (ط .بیروت )
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာစ် (အ.စ) မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ ရှီအာဆိုသည်မှာ သီလ သမာဓိဆောက်တည်သူ၊ ကုသိုလ် ကောင်းမှု အတွက်ကြိုးပမ်းအားထုတ်သူ၊ သစ္စာ၊ ကတိတည်သူ၊ အလွဲသုံးစား မပြုသူ၊ လောက ရမ္မက် မရှိ သူနှင့် အေဗာဒသ်ပြုသူဖြစ်ချေသည်။ နေ့နှင့်ည တွင် (၅၁) ရကတ်နမာဇ်ဖတ် လေသည်။ တစ်ညလုံး (အေဗာဒသ်ပြု၍) နိုးထ နေပေသည်။ နေ့၌ရိုဇာ ဥပုသ် သီလ ဆောက်တည်လေသည်။ မိမိ၏ ဥစ္စာ ပစ္စည်းမှ ဇကာသ်ပေးဆောင်ပေသည်။ မြတ် အလ္လာဟ် အိမ်တော် သို့ သွား ရောက် ပြီး ဟဂ်ျပြုလေသည်။ ဟရမ်လုပ်ရပ်မှန်သမျှမှ ရှောင်ကြဉ် ပြီးနေထိုင် လေ၏။
ညွှန်း- ဘေဟာ(ရ)ရွလ် အန်န၀ါရ်ကျမ်း အတွဲ၆၅၊စာမျက်နှာ၁၆၇၊ ပုံနှိပ် - ဘေရွတ်မြို့
သင်ခန်းစာများ
(၁) ရှင်းပြရန်ပင် မလိုအပ် တော့ချေ။
(၂) ၅၁ ရကတ်ဆိုသည်မှာ နမာဇ်(၅)ကြိမ်နှင့် နာဖေလာများအပါအ၀င် နမာဇ် စေရှဗ် (ခ) နမာဇ်စေသဟ်ဂျွဒ် (၁၁) ရကတ် ကိုပေါင်း၍ ဆို လို ထား ပေသည်။ (၅၁) ရကတ်ကို မဆိုထားပဲ နေ့စဉ်နမာဇ် (၅) ကြိမ် မမြဲ သူများ မိမိကိုယ်ရှီအာဟု ထင်နေ ကြွေးကျော်နေ သည် မှာ ရှက်စရာ ပင်တည်း။
(၃) ကျွန်တော်တို့ တတွေ တစ်ညလုံး အေဗာဒသ် အတွက်ဆို နိုးမနေပဲ၊ ညတစ်ဝက် (သို့မဟုတ်) ညနက် သည်အထိ ရုပ်ရှင်ကြည့် နေ ၊ လက်ဖက် ရည်ဆိုင်ထိုင်နေ စ သည်ဖြင့် အလုပ်များ လုပ်နေပြီး ၊ ကိုယ့်ကို ရှီအာ ဟုထင်နေသည်မှာလည်း တွေးစရာ ရှက်စရာပင်။
(၄) ရှီအာမှန်လျှင်ဇကာသ်လည်းပေးဆောင်ရ မည်ဟု ဟဒီးစ်တော် က ညွှန်းထား ရာ တရားသည့်နည်းဖြင့် ငွေချမ်းသာဖို့လိုပြန်ပေသည်။ ငွေအသပြာ ပစ္စည်း ဥစ္စာမရှိလျှင် မည်သို့ ဇကာသ် ပေးကြမည် နည်း? တရားသည့်နည်းဖြင့် ရှာမှ သာလျှင် ဟဒီးစ်တော် နောက်တစ်ချက် အဆိုဖြစ်သည့် ဟရမ်လုပ်ရပ်မှန် သမျှ မှ ရှောင် ကြဉ် ခြင်း နှင့်ညီ ပေမည်။
________________________________________
ရှီအာများ၏လက္ခဏာ(၁)
ဟဒီးစ်တော် (၄)
قَالَ الصّادق ع : امْتَحِنُوا شِيعَتَنَا عِنْدَ ثَلَاثٍ عِنْدَ مَوَاقِيتِ الصَّلَاةِ كَيْفَ مُحَافَظَتُهُمْ عَلَيْهَا وَ عِنْدَ أَسْرَارِهِمْ كَيْفَ حِفْظُهُمْ لَهَا عِنْدَ عَدُوِّنَا وَ إِلَى أَمْوَالِهِمْ كَيْفَ مُوَاسَاتُهُمْ لِإِخْوَانِهِمْ فِيهَا.
الخصال ج 1 ص 103
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖွရ်ဆွာဒစ်(အ.စ) မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ ရှီအာ ဟုတ်မဟုတ် လက္ခဏာအချက်(၃) ချက်ဖြင့် စိစစ် နိုင် ပေသည်။
(၁) နမာဇ် အချိန် ကို မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက် မှုပြု ကြောင်းနမာဇ် ကို နမာဇ် ၏ ပထမအချိန်နှင့်ဝတ်ပြုခြင်း
(၂) မိမိတို့၏ လျှို့ ဝှက်ချက်များကို အဟ်လေ့ဘိုက်(သ)(အ.စ) ၏ ရန်သူများ ထံ မရောက်ရန် မည်ကဲ့သို့ ဖုံးကွယ်ထားကြောင်း
(၃) မိမိတို့၏ သာသနာ့ညီနောင်မိုမင်များကို မိမိတို့၏ ဥစ္စာပစ္စည်းအသပြာ ဖြင့် မည်ကဲ့သို့ ပေးကမ်းလှူဒါန်းကြောင်း တို့ဖြစ်လေသည်။
ညွန်း - အလ်ခေဆွာလ်ကျမ်း အတွဲ ၁ စာမျက်နှာ ၁၀၃
သင်ခန်းစာများ
(၁) ရှီအာစစ်၊ ရှီအာမှန်ဖြစ်လိုလျှင် အထက်ဖော်ပြပါ အချက် လက္ခဏာ သုံးရပ်အား မိမိအတွင်း သရုပ်ပေါ်လာအောင် ပြုပြင်ကြိုးပမ်း အား ထုတ်ရ ပေမည်။
(၂) သာသနာ့ညီနောင်များကို ကူညီဖေးမရန် ညွှန်းထား လေ၏။ ဒုက္ခပေး၊ ကောက် ကျစ်ရန်မဆိုထားချေ။ ဤ အတွက် မိမိတို့၏ သာသနာ့ညီ နောင်တို့၏ အလုပ် ကိစ္စမှန်သမျှ အတွက် မိမိတို့၏ ပစ္စည်းဥစ္စာ အသပြာစသည်ဖြင့် မကူညီနိုင် လျှင်လည်း အနည်းဆုံး မနှောက် ယှက်သင့်ချေ။
________________________________________
ရှီအာများ၏လက္ခဏာများ (၂)
ဟဒီးစ်တော် (၅)
عَنِ الصَّادِقِ ع : فِي وَصِيَّتِهِ لِعَبْدِ اللَّهِ بْنِ جُنْدَبٍ يَا ابْنَ جُنْدَبٍ إِنَّمَا شِيعَتُنَا يُعْرَفُونَ بِخِصَالٍ شَتَّى بِالسَّخَاءِ وَ بِالْبَذْلِ لِلْإِخْوَانِ وَ بِأَنْ يُصَلُّوا الْخَمْسِينَ لَيْلًا وَ نَهَاراً الْخَبَرَ.
مستدرک الوسائل و مستنبط المسائل ج 3 ص 52
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖွရ်ဆွာဒစ်(အ.စ) မိန့်တော်မူလေသည်။
ကျွန်ုပ်တို့၏ ရှီအာအား အချို့ ကောင်းမြတ်သည့် လက္ခဏာများနှင့် သိရှိနိုင်ပေ သည်။
(၁) ရက်ရော၊ ပေးကမ်း၊ စွန့်ကြဲမှုဖြင့်
(၂) မိမိ၏ ညီအစ်ကိုများအပေါ်အကျိုးပြုလုပ်ငန်းပြုပေးခြင်းဖြင့်
(၃) နေ့နှင့်ညနမာဇ် ရကတ်ပေါင်း (၅၀) ၀တ်ပြုခြင်းဖြင့် တို့ဖြစ်လေသည်။
ညွှန်း-မွစ်သဒရကိုလ်ဝစာ အေလ် ဝါ မွစ်သန်ဗေသွလ်မစာအေလ်ကျမ်း အတွဲ၃ ၊စာမျက်နှာ ၅၂
သင်ခန်းစာများ
(၁) စေးနဲတွန့် တိုသူများ ရှီအာအစစ် အမှန်မဖြစ်နိုင် ချေ။
(၂) မိုမင်များကို အကျိုးယုတ်စေသည့် လုပ်ငန်းများကို လုပ်ဆောင်နေ သူများ အထူးသတိပြုသင့်ပေသည်။ အထူးသဖြင့် မိမိတို့ခုံနေရာ စသည်ဖြင့် ပိုင်ဆိုင် ရေးအတွက် မိုမင်များ၏ စုစည်းမှု၊ စည်းရုံးမှု ကိုပင် အသိအမှတ်မပြုတော့ပဲ ထင်ရာဆိုင်းသူများပြုပြင်ရန် မီးမောင်း ထိုးပြ နေလေသည်။
(၃) နမာဇ် မည်မျှပင် အရေးကြီး အရာရောက် လေစွ ....
________________________________________
၂၂ ဩဂုတ် ၂၀၁၄ - ၁၅:၁၀
News ID: 632707
အေမာမ်ဂျအ်ဖရ်ဆွာစ် (အ.စ) မိန့်တော်မူလေသည်။ ကျွန်ုပ်တို့၏ ရှီအာဆိုသည်မှာ သီလ သမာဓိဆောက်တည်သူ၊ ကုသိုလ် ကောင်းမှု အတွက်ကြိုးပမ်းအားထုတ်သူ၊ သစ္စာ၊ ကတိတည်သူ၊ အလွဲသုံးစား မပြုသူ၊ လောက ရမ္မက် မရှိ သူနှင့် အေဗာဒသ်ပြုသူဖြစ်ချေသည်။ နေ့နှင့်ည တွင် (၅၁) ရကတ်နမာဇ်ဖတ် လေသည်။ တစ်ညလုံး (အေဗာဒသ်ပြု၍) နိုးထ နေပေသည်။ နေ့၌ရိုဇာ ဥပုသ် သီလ ဆောက်တည်လေသည်။ မိမိ၏ ဥစ္စာ ပစ္စည်းမှ ဇကာသ်ပေးဆောင်ပေသည်။ မြတ် အလ္လာဟ် အိမ်တော် သို့ သွား ရောက် ပြီး ဟဂ်ျပြုလေသည်။ ဟရမ်လုပ်ရပ်မှန်သမျှမှ ရှောင်ကြဉ် ပြီးနေထိုင် လေ၏။