၂၂ ဩဂုတ် ၂၀၁၄ - ၁၅:၃၈
ရွီအာ ဆိုတာ .... (3)

အေမာမ်မိုဟမ္မဒ်ဘာကေရ် (အ.စ) မိန့်ကြားတော်မူလေသည်။ အေမာမ် (အ.စ) ၏ ထံတော် ၀ယ်ရှီအာ နှင့် ပတ်သက်ပြီး အလွန်တရာ ပြောဆိုမှုပြုလာကြ သည့်အခါ ကိုယ်တော်အနေဖြင့် သာဝကတော်များအား မေးမြန်း လေ၏။ ဘာလဲ၊ အဆင်ပြေ ဥစ္စာ၊ပစ္စည်းရှိသည့် (ရှီအာများ)အနေဖြင့် ဆင်းရဲ သားများ ကို ကြည့်ရှုကူညီပါသလော? ဘာလဲ ကောင်းမှု ကုသိုလ်သုစရိုက်ပြု လုပ်ကြသည့် (ရှီအာများ) အနေဖြင့် ကောင်းမှု ၏ အဖြေအား မကောင်းမှု ဒုစရိုက်ဖြင့် ပေးသူများကို ခွင့်လွှတ် နားလည်ပေးပါသလော? ဘာလဲ (ရှီအာများဟာ) တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာတရား ရှိကြ ပါကုန်သလော? ရ၀ီ အနေဖြင့် တင်ပြလျှောက်ထားလေ၏။ ဟုတ်ကဲ့၊ ဤကဲ့သို့ မဟုတ်ကြ ပါ။ ထိုအချိန် အေမာမ် (အ.စ) မိန့်တော်မူလေ၏။ ၎င်းတို့သည် ရှီအာ မဟုတ်ကြပေ။ ရှီအာဆို သည်မှာ (အထက်) ဖော်ပြပါ အတိုင်းပြု သူများ ဖြစ်ကြလေသည်။

ရှီအာဆိုတာဘယ်သူလဲ

ဟဒီးစ်တော် (၁၁)
قال الأمام الباقر ع  : لبعض اصحابه لما َ لَكَثِيرَةٌ  الشیعه  فَقَالَ هَلْ‏ يَعْطِفُ‏ الْغَنِيُّ عَلَى الْفَقِيرِ وَ يَتَجَاوَزُ الْمُحْسِنُ عَنِ الْمُسِي‏ءِ وَ يَتَوَاسَوْنَ فَقُلْتُ لَا فَقَالَ لَيْسَ هَؤُلَاءِ شِيعَةً الشِّيعَةُ مَنْ يَفْعَلُ هَذَا.
بحارالانوار جلد 74

စကားပြေအဓိပ္ပာယ်
အေမာမ်မိုဟမ္မဒ်ဘာကေရ် (အ.စ) မိန့်ကြားတော်မူလေသည်။
    အေမာမ် (အ.စ) ၏ ထံတော် ၀ယ်ရှီအာ နှင့် ပတ်သက်ပြီး အလွန်တရာ ပြောဆိုမှုပြုလာကြ သည့်အခါ ကိုယ်တော်အနေဖြင့် သာဝကတော်များအား မေးမြန်း လေ၏။
ဘာလဲ၊ အဆင်ပြေ  ဥစ္စာ၊ပစ္စည်းရှိသည့် (ရှီအာများ)အနေဖြင့် ဆင်းရဲ သားများ ကို ကြည့်ရှုကူညီပါသလော?
    ဘာလဲ ကောင်းမှု ကုသိုလ်သုစရိုက်ပြု လုပ်ကြသည့် (ရှီအာများ) အနေဖြင့် ကောင်းမှု ၏ အဖြေအား မကောင်းမှု ဒုစရိုက်ဖြင့် ပေးသူများကို ခွင့်လွှတ် နားလည်ပေးပါသလော?
    ဘာလဲ (ရှီအာများဟာ) တစ်ဦးနှင့်တစ်ဦး ကိုယ်ချင်းစာတရား ရှိကြ ပါကုန်သလော?
    ရ၀ီ အနေဖြင့် တင်ပြလျှောက်ထားလေ၏။ ဟုတ်ကဲ့၊ ဤကဲ့သို့ မဟုတ်ကြ ပါ။
    ထိုအချိန် အေမာမ် (အ.စ) မိန့်တော်မူလေ၏။ ၎င်းတို့သည် ရှီအာ မဟုတ်ကြပေ။ ရှီအာဆို သည်မှာ (အထက်) ဖော်ပြပါ အတိုင်းပြု သူများ ဖြစ်ကြလေသည်။
ညွှန်း- ဘေဟာ (ရ) ရွလ်အန်န၀ါကျမ်းအတွဲ ၇၄
သင်ခန်းစာများ
(၁) ငွေရေး ကြေးရေး ဥစ္စာ ပစ္စည်းကြွယ်ဝ ပြီး ဆင်းရဲသား များကို မ ထောက်ပံ့လျှင် ရှီအာ အစစ်မဖြစ် နိုင်ချေ။ ငွေရေး၊ကြေးရေး ချမ်းသာရာ၌လည်း တရားသည့် နည်း၊ သမာအာဇီဝကျသည့် လမ်းဖြင့် ချမ်းသာအဆင်ပြေသူဖြစ်ရပေမည်။ (သို့မဟုတ်)ပါ က အိတ်ပေါက် နှင့်ဖားကောက် ဖြစ်နေပေမည်။ မပြောကောင်း၊ မဆိုကောင်း ရှီအာနာမည်ပါ ပျက်နေရ ပေမည်။
 
(၂) အငြိုး အတေးကြီးသူများ ထားသူများ ကလဲ့စားချေတတ် သူများ အထူးသတိပြု သင့်ပေသည်။ မတော်တဆ ကိုယ်ကျေးဇူးပြုခဲ့သူများ ကျေးဇူးကန်းခဲ့လျှင် လည်း မြတ်အလ္လာဟ်ဖို့ဟုနီယသ်ဖြင့် ခွင့်လွတ် ပေးရပေမည်။ဤအလုပ်သည် ပြောလျှင်ရေးလျှင် အလွန် လွယ်ကူ သော်လည်း လက်တွေ့အတွက် ခက်ပေ သည်။ သို့သော် မဖြစ်နိုင်သည့် အရာမဟုတ်ပေ။
 
(၃) ကိုယ်ချင်းစာတရားရှိဖို့လိုလေသည်။ ငါအိမ်ပဲလာရမည်။ သူ့အိမ် ကိုမသွားရ၊ ငါနှင့်ပဲပေါင်းသင်း ဆက်ဆံရမည်။ သူနှင့် မပေါင်းသင်းမဆက်ဆံရ။ ငါအတွက် ငါအဖွဲ့အတွက်လှူရ၊ ဒါန်းရ၊ ကူရမည်။ အခြားအဖွဲ့အခြားသူအတွက် ယုတ်စွ ရှီအာ အကျိုးပြု အလုပ်ပင်လုပ်နေပါစေ။ မလှူဒါန်းရ၊ မကူရ။ ငါတို့အတွက် ဆိုလျှင် နိုင်ငံခြား၏ မတည်ငွေဖြင့် စာအုပ်ထုတ်နိုင်သည်။ အဆောက်အဦး ၀ယ်နိုင်သည်။ အသက်မွေးဝမ်းကျောင်းပြုအရာများ ဖန်တီးနိုင် လေသည်။ သူများအတွက် ဆို  No ၊ No စသည် စိတ်ပုပ်၊ စိတ်ယုတ်၊ စိတ်ရိုင်းထားပြီး ရှီအာဟု ကြေငြာနေသူများ အထူးသတိပြုအရှက် ရပြီး  သောင်ဗာပြုကာ ပြုပြင်သင့် ပေပြီး။

    ဤကဲ့သို့ အထက်ဖော်ပြပါ စိတ်ပုပ်၊ စိတ်ယုတ်။ စိတ်ရိုင်းထားသည့် အမည်ခံ ရှီအာများ ကိုယ်ချင်းစာတရားမရှိသည့်ရှီအာများသည် သူတို့ ကိုယ်တိုင်ရော၊ သူတို့ အပေါင်းအသင်း အသိုင်းအ၀ိုင်းရော၊ ယုတ်စွ အမြင်မှန်သည့် ဂျမာအတ်သူ၊သားများမှ သိနေလေ၏။ အထက်၌ သာဓက အဖြင့် အနည်းငယ်ဖော်ပြထားခြင်းဖြစ်ပေသည်။ စာရူသူ၊ ချစ်ပရိတ် သတ် အနေ ဖြင့် ဤထက်ပို၍ အတွေ့အကြုံများပေ မည်။

________________________________________
အမိန့်နာခံခြင်း

ဟဒီးစ်တော် (၁၂)
قال الرِّضَا ع قَالَ: شِيعَتُنَا الْمُسَلِّمُونَ‏ لِأَمْرِنَا الْآخِذُونَ بِقَوْلِنَا الْمُخَالِفُونَ لِأَعْدَائِنَا فَمَنْ لَمْ يَكُنْ كَذَلِكَ فَلَيْسَ مِنَّا.
صفات الشیعه
စကားပြေအဓိပ္ပာယ်
အေမာမ်ရေဇာ(အ.စ) မိန့်တော်မူလေ၏။
    ကျွန်ုပ်တို့၏ ရှီအာသည် ကျွန်ုပ်တို့၏ အမိန့်ပညတ်ချက်တော်များ ကို လိုက်နာ၊ နာခံလေ၏။ ကျွန်ုပ်တို့၏ အဆိုအမိန့်များ အပေါ် လက်တွေ့ကျင့် သုံးပြလေ၏။ ကျွန်ုပ် တို့၏ ရန်သူများကို ဆန့်ကျင်လေ၏။ မည်သူ မဆို ဤကဲ့သို့ မပြုလုပ်လျှင် ကျွန်ုပ်တို့မှ (ကျွန်ုပ်တို့၏) ရှီအာစစ် ရှီအာမှန် မှ မဟုတ်ချေ။          
 ညွှန်း-ဆွေဖာသွရှ်ရှီအာကျမ်း
သင်ခန်းစာများ
(၁)    ရိုးပြီး ၊ရှင်းနေလေ၏။

(၂)    ကိုယ်တော်မြတ်(ဆွ)နှင့် အဟ်လေ့ဘိုက်(သ)(အ.စ) ၏အဆို အမိန့် များ သည် ဘာလဲဆိုတာလဲ မသိ၊သိအောင်လည်း မကြိုး စား၊ သိ အောင်ပြုပေး နေသူများကို လည်း အားမပေးသည့် ရှီအာဆိုသည့် ဆိုင်းဘုတ်ကိုင်ထားသူများ အတွက် ရင်လေးစရာပင်။

(၃) ဟဒီးစ်ပါ အချက်များကို လက်တွေ့မလိုက်နာသူသည် သာမန်၊ အပြစ်ရှိ လူသား များ၏ အမြင်၌ ရှီအာဖြစ်ကောင်းဖြစ်နိုင်လေ၏။ သို့သော် ပြစ်မဲ့ မအ်စူးမီး(မ်) ၏ အမြင်၌ မဖြစ်နိုင် ချေ။

________________________________________

ရှင်မြတ်အားကြောက်လည်းကြောက်ပြီးမျှော်လင့် ချက်အပြည့်လည်း ထား၏

ဟဒီးစ်တော် (၁၃)
قَالَ الصّادق ع : وَ اللَّهِ مَا شِيعَةُ عَلِيٍّ ع إِلَّا مَنْ عَفَّ بَطْنُهُ وَ فَرْجُهُ وَ عَمِلَ لِخَالِقِهِ وَ رَجَا ثَوَابَهُ وَ خَافَ عِقَابَهُ.
بحارالانوار جلد 65
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။
    အလ္လာဟ်ဟိုအသျှင်မြတ်၏ ကစမ်၊ ထိုပုဂ္ဂိုလ်သည်သာလျှင် အလီ (အ.စ) ၏ ရှီအာ ဖြစ်ပေ သည်။ ထိုပုဂ္ဂိုလ်သည် မိမိ၏ ၀မ်းနှင့်လိုအင်ဆန္ဒကို (ဟရမ် နည်း လမ်းများနှင့် ဖြည့်ခြင်း မှ) ရှောင်ကြဉ်လေ၏။ မြတ်အလ္လာဟ်၏ နှစ်သက် နှစ်မြို့ ကျေနပ်မှုရရန်အလို့ငှာ အလုပ် များကို လုပ်ဆောင်လေ၏။ မြတ် အလ္လာဟ်ချီးမြှင့်မည့် အကျိုးဆုလာဒ် စ၀ါးဗ်ကို မျှော်လင့်ထားပြီး မြတ် အလ္လာဟ်၏ အဇားဗ်  ပြစ်ဒဏ်ငရဲပေးခြင်းခံရမည်ကိုလည်း ကြောက် လေ ၏။                   
ညွှန်း-ဘေဟာ(ရ)ရွလ်အန်န၀ါရ်ကျမ်းအတွဲ (၆၅)
သင်ခန်းစာများ
(၁) ရှီအာဆိုတာ ပြောရ၊ ရေးရ၊ ဟောရတာလွယ် သလောက် အမှန် ရှီအာအဖြစ် ရောက်ဖို့ ရိုးရိုးလေးနှင့်မရ ချေ။

(၂) စ၀ါးဗ် အပေါ်မျှော်လင့်ချက်မရှိ၍ ကောင်းမှု၊ ကုသိုလ်မပြုသူများ၊ အဇားဗ်ကို မယုံ၍ ကိုယ်ထင်ရာ ကိုယ်လုပ်ချင်ရာလုပ်နေသူများ မိမိကိုယ်ကို ရှီအာဟု မပြောနှင့် လူထုပင်မဆိုသင့် တော့ချေ ။
________________________________________

ပညာရှင်များနှင့်ဒေါသမြိုသိမ့်သူများဖြစ်လေ၏

ဟဒီးစ်တော် (၁၄)
قَالَ الصّادق ع : إِنَ‏ شِيعَةَ عَلِيٍ‏ ع‏ كَانُوا خُمْصَ‏ الْبُطُونِ ذُبُلَ الشِّفَاهِ أَهْلَ رَأْفَةٍ وَ عِلْمٍ وَ حِلْمٍ يُعْرَفُونَ بِالرَّهْبَانِيَّةِ فَأَعِينُوا عَلَى مَا أَنْتُمْ عَلَيْهِ بِالْوَرَعِ وَ الِاجْتِهَادِ.
بحار انوار جلد 65  ص 188
စကားပြေအဓိပ္ပာယ်
အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်တော်မူလေသည်။
    ဧကန်မုချ အလီ(အ.စ) ၏ ရှီအာ ၏ ၀မ်းဗိုက်သည် ပိန်လေ၏။ နှုတ် သည် ခြောက်သွေ့ နေလေ၏။ ထိုသူများသည် သနားကြင်နာညှာတာပြီး မေတ္တာရှိ သူများဖြစ်လေ၏။ ပညာတတ်သူများနှင့် ကျိုးနွံသူများဖြစ်လေ သည်။ ၎င်းတို့ ၏ လောက မမက်မောမှု ကြောင့် ၎င်းတို့ကို သီးသန့်သိရပေသည်။ ဤ အတွက်ကြောင့် (ဂိုနာအပြစ်ဒုစရိုက် များမှ) သန့်စင်ပြီး လွတ်မြောက် ရန် ကောင်း မှု သုစရိုက်များပြုနိုင်ရန် ကြိုးပမ်းမှုများ ထားရှိခြင်း နည်းဖြင့် မိမိတို့၏ ယုံကြည်မှုများ (ဝေလာယသ်သေအလ်လေ့ ဘိုက်(သ) (အ.စ)) အား ကူညီ ဖေးမ ရပေမည်။
ညွှန်း -  ဘေဟာ (ရ) ရွလ်အန် န၀ါရ်ကျမ်း အတွဲ (၆၅) စာမျက်နှာ ၁၈၈
သင်ခန်းစာများ
(၁)    စားတိုင်းလည်း မ၀သူများ၊ (ဗိုက်မပူသူများ)၊ မစားလည်းဝနေသူများ (ဗိုက်ပူနေသူများ) ဤဟဒီးစ် ၌ အကျုံးဝင်မ၀င် နောက်ဗိုက်မပူပဲ၊ ပိန်နေရမည်  ဆိုသည့်သဘောတရား အဖြစ်အမှန်၊ နှုတ်ခမ်းခြောက် သွေ့နေရမည့်ဆိုသည် ဆိုလိုချက်ကို ဟဒီးစ်ပါရဂူ ပညာရှင်ဆရာ တော် များထံ တိုက်ရိုက်(သို့မဟုတ်) တဆင့် ဖြစ် မေးမြန်းပြီး သိရန် ကြိုး စားရပေမည်။
 
(၂) ရှီအာစစ် ရှီအာမှန် တစ်ယောက်ဖြစ်ရန်ထား ရမည့် အရည် အသွေး နှင့် ဆောင်ရန် ရှောင်ရန်ကိုလည်း မြင်နေရပေပြီး။

________________________________________

သေခြင်းတရားကိုကြိုဆိုခြင်း

ဟဒီးစ်တော် (၁၅)

قال الأمام العسکری ع  : شِيعَةُ عَلِيٍّ هُمُ الَّذِينَ لَا یبالون فی سبیل اللَّهِ أَوْقَعَ الْمَوْتُ علیهم أَوْ وَقَعُوا علی الْمَوْتِ وَ شیعة علی هُمْ الذین یوئوثرون اخوانهم علی أَنْفُسِهِمْ ولوکان بِهِمْ خَصاصَةٌ وَهْمُ الَّذِينَ لَا يَرَاهُمْ اللَّهُ حَيْثُ نَهَاهُمْ ، وَ لَا يفقدهم حَيْثُ أَمْرَهُمْ ؛ وَ شِيعَةُ عَلِيِّ هُمُ الَّذِينَ يَقْتَدُونَ بِعَلِيٍّ « ع » فِي إِكْرَامِ إِخْوَانِهِمُ الْمُؤْمِنِينَ
بحارانوار جلد 8
စကားပြေအဓိပ္ပာယ်
အေမာမ်ဟစန်အစ္စကရီ(အ.စ) မိန့်တော် မူလေ သည်။
    အလီ(အ.စ)၏ ရှီအာများဆိုသည်မှာ အလ္လာဟ် ဟို အရှင်မြတ်၏ လမ်းစဉ် အတွက် သေခြင်း တရား သည် ၎င်းတို့ နောက်လိုက်လိုက် (သို့မဟုတ်) ၎င်းတို့ မှ သေခြင်း တရားနောက် သို့ လိုက်ရ လိုက်ရ ဂရု မပြုချေ။ အလီ(အ.စ)  ၏ ရှီအာဆို သည် မှာ မိမိ လိုအပ် နေသည့် အခြေ အနေမှာ တောင် မိမိ ညီအစ်ကို ၏ လိုအပ်မှုကို အလေးပေးလေ၏။၎င်းတို့ကို မြတ်အလ္လာဟ် တား မြစ် ပိတ်ပင်ထားသည့် နေရာများတွင် တွေ့ရမည် မဟုတ်ချေ။ အမိန့် ပေးထား သည့် နေရာများတွင်လည်း မပျောက်ကွယ် ဘဲရှိနေကြလေသည်။အလီ (အ.စ)၏ ရှီအာ ဆိုသည်မှာ မိမိ သာသနာ့ ညီနောင်မိုမေနီများကို ရိုသေ လေးစားဂါရ၀ပြုရာတွင် အလီ(အ.စ) ၏ လမ်းစဉ် ကျင့်စဉ်အတိုင်း ကျင့်သုံး လိုက်နာ လေ သည်။
ညွှန်း-ဘေဟာ(ရ) ရွလ်အန်န၀ါရ်ကျမ်းအတွဲ (၈)
သင်ခန်းစာများ
(၁) မြတ် အလ္လာဟ်၏လမ်းစဉ်တွင် အသက်ရှင်နေထိုင် နေရပြီး  သေရ မည်ကို ရှီအာမှန် ရှီအာဖြစ်လျှင် မကြောက်ချေ။ သေခြင်း တရား သည် တနေ့မလွဲ ဧကန်ရောက်လာမည်ဖြစ်ပေသည်။ သိက္ခာ ရှိရှိ သေရခြင်း ကို ပိုနှစ်သက်လေ သည်။
 
(၂) မိမိ လိုအင်ဆန္ဒထက် အခြားသာသနာညီနောင်များ၏ လိုအင်ဆန္ဒ ကို အလေးမပေးသည့်အပြင် အမြတ်လိုက်ထုတ်နေသည့် ပုဂ္ဂိုလ် များ သတိပြုသင့် ပေသည်။

(၃) ရှီအာလို့ လည်းဆို သေးတယ်၊ အရက်ဆိုင် ၊လောင်းကစားဆိုင်၊ နိုက်ကလပ် စသည့် ဒုစရိုက်စခန်းများမှ တွေ့ရပြီး ဗလီ၊ အေမာမ် ဘာရာ သို့ မလာသူများ အတွက် ရင်လေးစရာပင် တည်း။

    အေမာမ် ဘာရာ တွေက ရှုပ်တယ်၊ ပြဿနာများ တယ်၊ ဗလီတွေ လည်း ဤအတိုင်းပဲ ရှီအာတွေလည်း ဒီလိုဘာပဲဆိုသည့် မခိုင် လုံသည့်ဆင်ခြေပေးမှုဖြစ် လွတ်မြောက်နိုင်မည် မဟုတ်သလို၊ အလုပ်မရှိ ဗလီလာ၊ အေမာမ်ဘာရာလာပြီး ဟိုလူအပြစ်၊ ဒီလူအပြစ် ဟို လူမကောင်းကြောင်း၊ ဒီလူမကောင်းကြောင်း စသည် ဖြင့် အချိန် ကုန်ခံ အတင်းတုတ်နေများ သည် လည်းပျက်စီးရခြင်း ဆိုသည့် စက်ဝိုင်း မှ လွတ်မည်မဟုတ်ပေ။
 
(၄)    မိမိထက်အသက်၊၀ါ၊ ပညာကြီးသူကို မဆိုထား နှင့် မိုမင်ကို တောင် အရိုအသေပြုရမည်ဟု ဟဒီးစ်တော်မှ တင်ပြထားရာ မိမိ ကိုယ် ရှီအာအဖြစ် ခံယူ ထားသူများ သတိချပ်သင့်လေသည်။

________________________________________