၂၃ ဩဂုတ် ၂၀၁၄ - ၂၁:၁၁
ရွီအာ ဆိုတာ .... (5)

အေမာမ်အလီ(အ.စ) မိန့်လေ၏။ ကျွန်ုပ်၏ရှီအာဆိုသည်မှာ မြတ်အလ္လာဟ် မအ်ရေဖသ် ( မြတ်အလ္လာဟ် အား အသေအချာ သိရှိ၊နားလည်၊ သဘောပေါက်ခြင်း) ရှိလေသည်။ မြတ် အလ္လာဟ် အမိန့်ဥပဒေသများကို လက်တွေ့ ကျင့်သုံးသူဖြစ် ပေသည်။ကြီး ကျယ် မြင့်မြတ်သူများဖြစ်လေသည်။ အမှန်အတိုင်းသာ ပြောဆိုလေ သည်။ အသက် ရှင်သန်ရှန်အတွက်သာ စားသုံးကြလေသည်။ ၎င်းတို့၏ အင်္ကျီ သည် အလယ် အလတ်ဖြစ်လေ သည်။ ပြီးနောက် နေထိုင်မှုကျိုးနွံလေသည်။ …


ကြီးကျယ်မြင့်မြတ်သူများ

ဟဒီးစ်တော် (၂၁)
قال علی ع : شِيعَتُنَا هُمُ‏ الْعَارِفُونَ‏ بِاللَّهِ الْعَامِلُونَ بِأَمْرِ اللَّهِ أَهْلُ الْفَضَائِلِ النَّاطِقُونَ بِالصَّوَابِ مَأْكُولُهُمُ الْقُوتُ وَ مَلْبَسُهُمُ الِاقْتِصَادُ وَ مَشْيُهُمُ التَّوَاضُعُ ...  تَحْسَبُهُمْ مَرْضَى وَ قَدْ خُولِطُوا وَ مَا هُمْ بِذَلِكَ بَلْ خَامَرَهُمْ مِنْ عَظَمَةِ رَبِّهِمْ وَ شِدَّةِ سُلْطَانِهِ مَا طَاشَتْ لَهُ قُلُوبُهُمْ وَ ذَهَلَتْ مِنْهُ عُقُولُهُمْ فَإِذَا اشْتَاقُوا مِنْ ذَلِكَ بَادَرُوا إِلَى اللَّهِ تَعَالَى بِالْأَعْمَالِ الزَّكِيَّةِ- لَا يَرْضَوْنَ لَهُ بِالْقَلِيلِ وَ لَا يَسْتَكْثِرُونَ لَهُ الْجَزِيل‏.
بحارالانوار جلد 78

စကားပြေအဓိပ္ပာယ်
အေမာမ်အလီ(အ.စ) မိန့်လေ၏။
    ကျွန်ုပ်၏ရှီအာဆိုသည်မှာ မြတ်အလ္လာဟ် မအ်ရေဖသ် ( မြတ်အလ္လာဟ် အား အသေအချာ သိရှိ၊နားလည်၊ သဘောပေါက်ခြင်း) ရှိလေသည်။ မြတ် အလ္လာဟ် အမိန့်ဥပဒေသများကို လက်တွေ့ ကျင့်သုံးသူဖြစ် ပေသည်။ကြီး  ကျယ် မြင့်မြတ်သူများဖြစ်လေသည်။ အမှန်အတိုင်းသာ ပြောဆိုလေ သည်။ အသက် ရှင်သန်ရှန်အတွက်သာ စားသုံးကြလေသည်။ ၎င်းတို့၏ အင်္ကျီ သည် အလယ် အလတ်ဖြစ်လေ သည်။ ပြီးနောက် နေထိုင်မှုကျိုးနွံလေသည်။  …  အသင် အနေဖြင့် ၎င်းတို့ကို ရောဂါဝေဒနာရှင်နှင့်အရူးလိုထင်လေသည်။ အမှန် တကယ် ၎င်းတို့သည် ဤကဲ့သို့မဟုတ်ချေ။ တနည်းဆိုရလျှင်မြတ် အလ္လာဟ်၏ ကြီးကျယ်မြင့်မြတ်မှုနှင့် စွမ်းအင်များ၏ အာနိသင် သက်ရောက် မှုကြောင့် ၎င်းတို့၏ နှလုံးသားများသည် ရူးသွပ်သူ ပမာဖြစ် ပြီး ၎င်း၏ အသိ ဥာဏ် ဦးနှောက်များသည် အလ္လာဟ်ဟိုအရှင်မြတ်သခင်၏ ရှေ့ တော်မှောက်၌ အံ့သြမှုကြောင့်  အလုပ်မလုပ်တော့ချေ။ (မြတ်အလ္လာဟ်) အား  လိုလား တောင်းတ မြတ်နိုးမှုကြောင့် ၎င်းတို့သည် မနေနိုင်၊ မထိုင် နိုင်သည့်အခြေ အနေဖြင့် ရှင်မြတ်ဖက်သို့ လှမ်းလေ၏။ မြတ်အလ္လာဟ်အတွက် မိမိတို့၏ အနည်းငယ်သော် ကောင်းမှု ကုသိုလ် အလုပ် များကို မကျေနပ်နိုင်ပေ။ ပြီးနောက် မြောက်များစွာသော ကောင်းမှု ကုသိုလ် သုစရိုက်များ ကိုလည်း အများကြီးဟု မထင် လေချေ။
ညွှန်း- ဘေဟာရရွလ်အန်န၀ါရ်ကျမ်းအတွဲ၇၈
သင်ခန်းစာများ
(၁)    ရှီအာအစစ်အမှန်ဖြစ်လိုလျှင် မြတ်အလ္လာဟ်၏ မအ်ရေသ်အတွက် ကြိုးပမ်းအားထုတ်ရပေမည်။
 
(၂)    အလ္လာဟ်ဟိုအရှင်မြတ်၏ အမိန့်တော်များ ကိုယ်ဖိ၊ ရင်ဖိ၊ လက်တွေ့ ကျင့်သုံးလေသည်။
 
(၃) မာရှာအလ္လာဟ် ကျန်အချက်အလက်များမှာ ဟဒီးစ်တော်အတွင်း အ ထင် အရှား တွေ့နေရ လေပေသည်။
(၄) ကျွန်တော်တို့အနေဖြင့်ကောင်းမှု ကုသိုလ် အနည်းငယ်လေး မရှိဆင်း ရဲသားများကို ပေးကမ်းခြင်း၊ ကူညီပေးခြင်း၊ မုဆိုးမများကို လှူဒါန်း ခြင်း၊ခေတ်ပညာ ကျောင်းသား/သူများနှင့်သာသနာ ကျောင်းသား/ သူများ ထောက်ပံ့ခြင်း၊စသည်ဖြင့်ပြုလုပ်ပြီး မကျေနပ် လက်ပိုက် မထိုင်သင့်ချေ။အများကြီး ပြုပြီးလျှင်လည်း မြတ်အလ္လာဟ် သဘော တူလက်ခံဖို့သာ ကြိုးပမ်းအားထုတ်ပြီး သောက ထားရပေ မည်။  ကုသိုလ်တစိတ်ကို တအိတ်၊တပဲကို တကျပ်သား မထင်မိဖို့ အထူးလိုအပ်ပေသည်။

(၅) ရှီအာစစ်ရှီအာမှန် တစ်ယောက်ဖြစ်ဖို့မည်မျှအရည်အသွေးကောင်း များလိုအပ်ကြောင်းခက်ခဲကြောင်းအပီအပြင်သိနိုင်ပေသည်။


________________________________________

ဒေါသကို ထိန်းချုပ်နိုင်ခြင်း

ဟဒီးစ်တော် (၂၂)
قال الصّادق ع : يَا شِيعَةَ آلِ‏ مُحَمَّدٍ اعْلَمُوا أَنَّهُ لَيْسَ مِنَّا مَنْ لَمْ يَمْلِكْ نَفْسَهُ عِنْدَ غَضَبِهِ وَ مَنْ لَمْ يُحْسِنْ صُحْبَةَ مَنْ صَحِبَهُ وَ مُخَالَقَةَ مَنْ خَالَقَه‏.
 تحف العقول
စကားပြေအဓိပ္ပာယ်
အေမာမ်ဆွာဒစ် (အ.စ) မိန့်တော်မူလေသည်။
    အိုအာလေ့မိုဟမ္မဒ်(ဆွ) ၏ ရှီအာအပေါင်း တို့ အကြင်မည် သူမ ဆိုမိမိ ၏ ဒေါသ မောဟကို မထိန်းချုပ် နိုင်မည်၊မိမိသူငယ်ချင်း မိတ်ဆွေများ အပေါ် ကောင်း မွန်စွာ ဆက်ဆံခြင်း၊မိမိ၏လုပ်ဖော်ကိုင်ဖက် များ အပေါ်ကောင်းမွန် စွာ ပြုမှု ဆက်ဆံခြင်းငြိမ်းချမ်း ရေးပြုသူများအတွက် ကောင်းမွန်စွာ ငြိမ်းချမ်း မှုပြုလုပ်ခြင်းနှင့်မိမိ၏ ဆန့်ကျင်ဖက်များကို ကောင်းမြတ်သည့် ဆန့်ကျင် မှုမပြု မခြင်း ကျွန်ုပ်တို့မှ မဟုတ်ချေ။ (ကျွန်ုပ်တို့၏ ရှီအာ မဟုတ်ချေ။ )
ညွှန်း - သိုအ်ဖိုလ်အိုကုလ်ကျမ်း
သင်ခန်းစာများ
(၁) ကျွန်တော်တို့ကို ကျွန်တော်တို့ ဆင်ခြင်သင့်ပေသည်။ စိစစ် သင့် ပေသည်။

(၂)    ရှီအာဆိုတာပြောရတာလွယ်သလောက်၊ လက်တွေ့ ခက်ပါလားဟု ထင်ရှားလာလေသည်။

(၃) ဟဒီးစ်တော်၌ ငြိမ်းချမ်းရေး ဆိုသူများကို ကောင်းမွန်စွာ ငြိမ်းချမ်းရေးဆိုရမည်ဟု ဖော်ပြထားရာ အလကား နေရင်း မနာလို ၀န်တိုမှုကြောင့် သူတစ်ပါးကိုရန်လိုသူများ၊ သူတစ်ပါး အကျိုးကို ဖျက်စီးနေသူများ မိမိကိုယ့်ကိုရှီအာဟု မပြောသင့်ချေ။အထူးအရှက် ယူသင့်ပေသည်။

(၄)    မိမိ၏ ဆန့်ကျင်ဖက်သူများကို ကောင်းမွန်စွာဆန့်ကျင်ရ မည်ဟု လမ်းညွှန်ချက်ရှိလျက်မိမိဆန့်ကျင်ဖက်များကို မတရားစွပ်စွဲခြင်း၊ မဟုတ် မတရားပြောခြင်း စသည်တို့ကိုပြုလုပ်သူသည် ရှီအာစစ် ရှီအာ မှန်ဖြစ်နိုင်မည်လော။

________________________________________
   
တစ်ဦးတည်းနေထိုင်ချိန်မြတ်အလ္လာဟ်ဟိုအ ရှင်မြတ်အား ကြောက်ရွံရိုသေလေးစားခြင်း

ဟဒီးစ်တော် (၂၃)
الأمام الکاظم ع  قال : لَيْسَ‏ مِنْ‏ شِيعَتِنَا مَنْ خَلَا ثُمَّ لَمْ يَرْعَ قَلْبَهُ.
بصائر الدرجات
စကားပြေအဓိပ္ပာယ်
အေမာမ်ကာစင်(မ်)(အ.စ)မိန့်ကြားလေသည်။
    အကြင်မည်သူမဆို နှလုံးသားသည် တစ်ဦးတည်း တစ်ယောက် တည်းရှိ ချိန်တွင်( မြတ်အလ္လာဟ်အား ) ကြောက်ရွံ့   ရိုသေလေးစားခြင်းမရှိလျှင် ထိုသူ သည် ကျွန်ုပ်၏ ရှီအာများ မှ မဟုတ်ချေ။
ညွှန်း-ဗဆွာအေရွဒ်ဒရာဂျာသ်ကျမ်း
သင်ခန်းစာများ
(၁) ရှင်းလင်းဖို့ပင်မလိုတော့ချေ။ ယနေ့မြတ်အလ္လာဟ်အား ကြောက်ရွံ့ ရိုသေလေးစားမှုမရှိသည့်အတွက် တရားသည် မတရားသည် မှန် သည် မှားသည်စသည်တို့ကို ဂရုမပြုတော့ချေ။ တစ်နေ့မြတ် အလ္လာဟ်ကို အဖြေပေးရမည် ဆိုတာလည်း မေ့နေ ပေသည်။
 
(၂)    မနုဿလူသား၏အများစုသည် တစ်ဦးတစ်ယောက်တည်း ရှိချိန် တွင် မကောင်းသည့်အလုပ်များလုပ်လေ့ရှိပေသည်။ ဘယ်သူမှ မသိ ဘယ်သူမှမမြင်ဟူသည့် အတွေးမှားအမြင်မှားဖြစ် ဂိုနာများကို ပြု တတ်ကြလေသည်။ ဤဟဒီးစ်တော်မှ မည်မျှ သင်ခန်းစာယူ ရန်မီး မောင်းထိုးပြနေကြောင်း တွေ့မြင်နိုင်ပေသည်။

________________________________________