၆ စက်တင်ဘာ ၂၀၁၄ - ၂၂:၅၀
ရွီအာ ဆိုတာ .... (9)

အေမမ်မိုဟမ္မဒ်ဘာကေရ်(အ.စ) မိန့်တော်မူလေသည်။ အမြင်ပေါင်းစုံ အကီဒါ ယုံကြည်မှု အစုံကြောင့် အသင်ရှီအာ အား လမ်းလွဲ လမ်းမှား သို့ မရောက် စေနှင့်။ အလ္လာဟ်ဟို အရှင်မြတ်၏ ကစမ် ကြီးကျယ်မြင့်မြတ်တော်မူသော မြတ်အလ္လာဟ်၏ အမိန့်ကိုနာခံကျင့်သုံး သူသာ လျှင် ကျွန်ုပ်တို့၏ ရှီအာဖြစ် လေသည်။ ညွှန်း အလ်ကာဖီးအတွဲ ၂

ရှီအာများ၏ လမ်းစဉ်သည်ကားမြတ်အလ္လာဟ်၏ အမိန့်နာခံခြင်းပင်တည်း

ဟဒီးစ်တော် (၃၁)
قال الباقر ع : لَا تَذْهَبْ بِكُمُ الْمَذَاهِبُ فَوَ اللَّهِ مَا شِيعَتُنَا إِلَّا مَنْ‏ أَطَاعَ‏ اللَّهَ‏ عَزَّ وَ جَلَّ.
الکافی جلد 2
စကားပြေအဓိပ္ပာယ်
အေမမ်မိုဟမ္မဒ်ဘာကေရ်(အ.စ) မိန့်တော်မူလေသည်။
အမြင်ပေါင်းစုံ အကီဒါ ယုံကြည်မှု အစုံကြောင့် အသင်ရှီအာ အား လမ်းလွဲ လမ်းမှား သို့ မရောက် စေနှင့်။ အလ္လာဟ်ဟို အရှင်မြတ်၏ ကစမ် ကြီးကျယ်မြင့်မြတ်တော်မူသော မြတ်အလ္လာဟ်၏ အမိန့်ကိုနာခံကျင့်သုံး သူသာ လျှင် ကျွန်ုပ်တို့၏ ရှီအာဖြစ် လေသည်။
ညွှန်း အလ်ကာဖီးအတွဲ ၂
သင်ခန်းစာများ
(၁) ရှီအာအစစ်ဖြစ်ဖို့ မှတ်ကျောက်အစစ်သည် အလ္လာဟ်ဟိုအသျှင်မြတ်၏ အမိန့်နာခံကျင့်သုံးခြင်းဖြစ်လေ၏။
(၂) မည်သည့် အမြင်ပြင်ဖြစ်ပါစေ၊ အကီဒါယုံကြည်မှုများပင်ဖြစ်ပါစေ အလ္လာဟ်ဟို အရှင်မြတ်၏ အမိန့်နှင့်မဆန့်ကျင်၊ မဖီဆန်ဖို့အထူး အရေး ကြီးပေသည်။

(၃) မြတ်အလ္လာဟ်၏ကစမ်ကို ပြစ်မဲ့အေမာမ်အားထားခြင်းကို ကြည့်ခြင်းဖြင့် ရှီအာစစ်ရှီအာမှန်သည် မြတ်အလ္လာဟ်၏ အမိန့်တော်များကို လိုက်နာကျင့် သုံးမှသာ လျှင် ဖြစ် နိုင်ပေ သည်။ အခြားနည်းလမ်းမရှိ။

မှတ်ချက် ။ ။  အထူးဝမ်းနည်းဖွယ် ဖြစ်ရပ်မှန်တစ်ခုမြတ် အလ္လာဟ် ၏ အမိန့်ကို သိရှိနားလည်ရန် အနည်းဆုံး ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် ဖွာသေဟာမှ စူရဟ်နာစ်အထိ အဓိပ္ပာယ်နှင့် ဘာသာပြန်သိဖို့ လိုအပ်ပေ သည်။ ပြီးမှ နောက်တဆင့် အကျယ်သဖ်စီးရ်။
    သို့သော် မာရှာအလ္လာဟ် အီရန်နိုင်ငံတွင် မိမိတို့၏ အချိန်၊ စွမ်းအား အရပညာသင်ယူခဲ့သူများဆည်းပူးနေကြသူများယနေ့ဆိုလျှင်ကျွန်တော် ဘာ သာပြန်ဆို အပါအဝင် အယောက် ၇၀ ကျော်နေပြီးဖြစ်ပေ သည်။ သို့သော် အထူး ဝမ်းနည်းလေစွ ၊ မြန်မာဘာသာပြန် စစ်မှန်သည့်အစ္စလာမ် ရှီအာ အေမာမ်မီယာ အမြင်အရပြန် ထားမှုမရှိချေ။
ယုတ်စွအဆုံး တော်တော်များများသည် ဆောင်းပါးရေးသား ရာ၌ လည်း မြန်မာဘာသာပြန် စွန္နီကုရ်အာန်ကို သာဤ သည်မရွေး၊ ကူးချ ကော်ပီလုပ်ကြလေသည်။ ၀မ်းနည်းဖွယ် ၀မ်းနည်းဖွယ် ...
    ဤအတွက် မောင်လာနာတိုင်း ဇာကေရဟ်တိုင်း၊ ရှီအာ မိုမင်အမျိုး သား၊အမျိုးသမီးတိုင်း၏ သမိုင်းပေးတာဝန်ဖြစ်ပေသည်။ မြန်မာဘာသာပြန် (ရှီအာအမြင်အရ) ကျမ်းမြတ်ကုရ်အာန် ထွက်ရှိလာဖို့ ထောင့်စုံ မှတာဝန်ယူ ဖြေရှင်းရပေမည်။ အနှောင့်အယှက်၊  အဟန့်အတား၊ ပျက်စီးမှုပြုလာသူ အပြု သဘောမဆောင်သည့် အလုပ်များထံ ပေးသူများကို ဖယ်ရှား ကျော်ဖြတ် ရပေမည်။  အင်ရှာအလ္လာဟ်........
    
အို - မြတ်အလ္လာဟ် မြန်မာရှီအာများ၏  စစ်မှန်သည့် တိုးတက်ရေး၊ အကျိုးပေးရေး ကိစ္စများအတွက်  နီယသ်မကောင်းသူများ၊ ပြဿနာ မီးလည်း တောက် စေပြီး  ရှီအာ အသိုင်းအဝိုင်းကို လည်းလောင်စေသည့် ကောက်ကျစ် သည့်စိတ်ပုတ် စိတ်ယုတ်၊ စိတ်ညံ့၊ မနာလိုစိတ်ရှိသူများကို ယုတ်စွာအဆုံး (ခိုဒါနာခွါစ်သာ ) ကျွန်ုပ်တို့၏ ကျေးဇူးရှင် အဖေနှင့် အမေများ ၊ ဆွေမျိုး များ အကြီးအကဲများ၊ မောင်လာနာများ၊ ဇာကေရဟ်များ ... ဖြစ်နေလျှင် ပထမဆင့်အနေဖြင့် ဟေဒါယသ် (တရားလမ်းမှန်) ညွန်ပြတော်  မူပြီး၊ သောင်(၀်)ဗာ (၀န်ချတောင်းပန်) နိုင်စွမ်း ပေးသနား တော်မူပါ။
 
    မပြောကောင်းမဆိုကောင်း ဤကဲ့သို့မှ မဟုတ်၊ မရလျှင်လည်း အကြောင်း အမျိုးမျိုးကိုခံပြီး မြန်မာရှီအာများ နယ်ပယ်မှ ဖယ်ရှား ပေးသနားတော်မူပါ။ ၎င်းတို့အား ကာယ၊ ဉာန၊ဒါနဖြင့် ကူညီ ထောက်ပံ့ သူများကိုလည်းရှင်မြတ်  အလွတ်မပေးတော်မူပါနှင့်ဟု အသနားခံ ဒိုအာ ပြုလိုက်ပါသည်။ အာမီးန် ...

________________________________________
 
ညအချိန်တွင်အေဗာဒသ်ပြုသူ၊နေ့အချိန်တွင် ရဲရင့်ပြတ်သားသူဖြစ်ပေသည်။

ဟဒီးစ်တော် (၃၂)

قتا الباقر ع :  فی صفة الشیعة : إِنَّهُمْ‏ حُصُونٌ‏ حَصِينَةٌ في [وَ] صُدُورٌ أَمِينَةٌ وَ أَحْلَامٌ رَزِينَةٌ لَيْسُوا بِالْمَذَايِيعِ الْبُذُرِ وَ لَا بِالْجُفَاةِ الْمُرَاءِينَ رُهْبَانٌ بِاللَّيْلِ أُسْدٌ بِالنَّهَارِ.
مشکوة الانوار
စကားပြေအဓိပ္ပာယ်
အေမာမ်ဘာကေရ် (အ.စ)  အနေဖြင့် ရှီအာဂုဏ်ရည်များကို မိန့်တော်မူ လေ သည်။
ဤ (ရှီအာ) သည် ခိုင်မာတည်တံ့သည် ခံတပ်ဖြစ် လေသည်။ ၎င်းတို့၏ နှလုံးသားသည် အလွဲသုံးစားမလုပ်သည့် (နှလုံးရှင်များ) ဖြစ် လေ သည်။ (သူတစ်ပါး၏ လျှို့  ဝှက်ချက်များကို ထိန်းသိမ်းသူဖြစ်ပေသည်။ ) ၎င်း ၏ အတွေးအခေါ်သည် မှန်ကန်ပြီးဖြစ် ပေသည်။ သူများ နောက်လိုက်  သူ ၊   ပြဿနာ ရှာသူ၊ သစ္စာဖောက်၊ နှိပ်စက်သူ၊ ပြစားသူမဟုတ် ချေ။ ဤ ရှီအာများသည် ညများကို အေဗာဒသ်တွင် ပျော်မွေ့ ကြပြီး နေ့ ၌ ရဲရင့်ပြတ် သားလေသည်။
ညွန်း - မစ်ရှ်ကသွလ် အန်နဝါ(ရ) ကျမ်း
သင်ခန်းစာများ
(၁) ရှီအာစစ်၊ ရှီအာဖြစ်ဖို့ အရည်အသွေးလက္ခဏာများကို ဖော်ပြထား ရာ ရှီအာစစ် ရှီအာမှန်ဖြစ်လိုလျှင် မိမိကိုယ်၌ အထက်ဖော်ပြပါ အရည် အသွေး များ ထွက်လာအောင်သွေးရပေမည်။

(၂)    သူတစ်ပါး ပစ္စည်းဥစ္စာ စသည်၌ အလွဲသုံးစားလုပ်သူများ၊ အဆင် ပြေ ၊ တည့်နေလျှင် ၎င်း၏လျှို့  ဝှက်ချက်များ ကို ၀ှက်ထားပြီး အဆင် မပြေ တော့ လျှင် လူအများသိအောင် မောင်းထုသူများ မိမိကိုယ်ကို ရှီအာ ဟု ကြေညာ နေသူများ အထူးသိပြုသင့်ပေသည်။ ၎င်းပုဂ္ဂိုလ်များ သည် ရေမရှိသည့်ချောင်းနှာခေါင်း ပေါ် ကာ အရှက်ကြီးကြီး နှင့် သေသင့်ပေသည်။

(၃)    ပြဿနာရှာသူဆို သည်မှာ မြတ်အလ္လာဟ်၊ ရစူလ်(ဆွ)၊  အဟ်လေ့ ဘိုက်(အ.စ)) ၏ အမြင်၌ ဖြစ်ဖို့ အထူးအရေးကြီး လိုပေသည်။ ကျွန်တော် တို့၏ မြန်မာရှီအာလောကရှိ တစ်ချို့  မနူးမနပ် များ၏ လုပ်ထုံး ၊ ပြောထုံး  အရ တစ်ဦးတစ်ယောက်သို့ အဖွဲ့ အစည်းတစ်ခုခု ၏ အမှား ကိုထောက်ပြမည်၊ လိမ်လည်ပြစားမှုတွေ ဖော်ထုတ်မည်၊သူတို့ ကြောင့် မိမိ တို့ ၏(အကြံအဖန်) ဈေးဆိုင်များ ပိတ်ရ မည်။ လူကြီးသူကြီးတွေ သက်ဆိုင် ရာတွေ စစ်လာ မေးလာ မည် စသည်ဖြင့် မိမိတို့၏ မကောင်းသည့် နည်းများဖြင့် အကျိုးအမြတ် ထုတ်ယူနေမှုကို ဟန့်တားလာသူများ ဟန့်တားအောင် လုပ်သူ များ ကို ပြဿနာကောင်၊ငဖွစသည် ဖြင့်အပြောခံရသူများ ကို မဆိုလိုချေ။
(၄)    မနှိပ်စက် သူဖြစ်ရမည်။ သူတစ်ပါးကို လက်နက်ဖြင့် အနိုင် ကျင့် နှိပ်စက်သူ သာလျှင် မမည်ချေ။ သူတစ်ပါး အကျိုးယုတ်အောင်လုပ်သူနှင့် အလုပ်တွဲမလုပ်နှင့် သူအိမ်မသွားနှင့် သူကို မကူညီနှင့် စသည်တို့ သည် လည်း နှိပ်စက်မှုတစ်မျိုးထဲတွင်ပါမပါ သက်ဆိုင်ရာ မရ်ဂျာများကို မေးမြန်းပြီး သတိပြုသင့်ပေသည်။

(၅) ညများ၌ အေဗာဒသ်ပြုသူ၊ နေ့၌ရဲရင့်ပြတ်သားသူဟု ဆိုထားရာ ကျွန်တော်တို့ အနေဖြင့် မိမိကိုယ်ကို ရှီအာ အေမာမ် မီယာဟု ခံယူထားသည့် အတွက် ညညဆို နေရာစုံ တွင် ထိုင်ပြီးဟိုအကြောင်း ဒီအကြောင်း ဟိုလူ့အတင်း၊ ဒီလူ့အတင်းအဖျင်းတုပ်သူများ၊ တရားတော်မှခွင့်မပြုထားသည့် ဗီဒီယို များကြည့် သူများမဖြစ်စေဖို့ သတိပြုသင့် ပေသည်။ နေ့လည်ဆိုလည်း ရဲရင့် ပြတ်သားရ မည်ဆိုသည့်အချက်များမှာ ဟလာလ်အလုပ်၊ သမာအာဇီဝ အလုပ်အတွက် ထင်ထင်ရှားရှား လုပ်ရဲမှု တစ်ခုသည်လည်း မပါဝင်ဟုမဆိုနိုင် ချေ။

ကျွန်တော်မျိုးတို့အားလုံး ကို ဤ မကောင်းသည့် အချင်းအရည်ပုတ် များ မှ ကင်းအောင်နေနိုင် စွမ်းပေးသနားတော်မူပါ။  မြတ်အလ္လာဟ် ... အာမီးန်

________________________________________

သီးသန့်ရှီအာစစ်ရှီအာမှန်များက နည်းပါးခြင်းနှင့် ရှားပါးခြင်း

ဟဒီးစ်တော် (၃၃)
قال الامام الکاظم ع اموسی بن بکر الواسطی : لَوْ مَيَّزْتُ شِيعَتِي لَمْ أَجِدْهُمْ إِلَّا وَاصِفَةً وَ لَوِ امْتَحَنْتُهُمْ لَمَا وَجَدْتُهُمْ إِلَّا مُرْتَدِّينَ وَ لَوْ مَحَّصْتُهُمْ لَمَا خَلَصَ مِنَ الْأَلْفِ وَاحِدٌ وَ لَوْ غَرْبَلْتُهُمْ غَرْبَلَةً لَمْ يَبْقَ مِنْهُمْ إِلَّا مَا كَانَ لِي إِنَّهُمْ طَالَ مَا اتَّكَئُوا عَلَى الْأَرَائِكِ فَقَالُوا نَحْنُ شِيعَةُ عَلِيٍّ إِنَّمَا شِيعَةُ عَلِيٍّ مَنْ صَدَّقَ‏ قَوْلَهُ‏ فِعْلُه‏
کافی جلد 8

စကားပြေအဓိပ္ပာယ်
အေမာမ်မူစာယေကာဇင်မ် (အ.စ) အနေဖြင့် မူစာဗင်ဘက်ရ်ရေလ်ဝါစ်သွာ အားမိန့်တော်မူလေသည်။
    အကယ် ၍ ကျွန်ုပ်အနေဖြင့် မိမိ၏ရှီအာများကို ကြည့်မည်ဆိုလျှင် ကျွန်ုပ်အနေဖြင့် နှုတ်ဖြင့်ပြောဆိုသူများကိုသာလျှင်တွေ့ရပေမည်။ ပြီးနောက် ၎င်း တို့ ကို စမ်းသပ် မည်ဆိုလျှင်လည်း အားလုံးမျက်နှာလွှဲသွားကြ ပေမည်။ ထိုပြင့် ၎င်းတို့ကို စိစစ်တိုင်းတာမည်ဆိုလျှင် ထောင်ပေါင်းများစွာမှ တစ်ယောက်မျှ သီးသန့် အစစ်အမှန် ရှီအာထွက်လာမည်မဟုတ်ချေ။ ၎င်း နောက်၎င်းကို ရှာဖွေစိစစ် စစ်ထုတ်မည်ဆိုလျှင် ကျွန်ုပ်နှင့် ပတ်သက် ဆက်နွယ် နေသူများမှအပ မည်သူမျှ လွတ်မြောက်မည်မဟုတ်ချေ။ ကာလ တစ်ခုကတည်းက (အချိန်ကြာမြင့်စွာ) ခုံများပေါ်တွင် နေရာယူ ပြီး ကျွန်ုပ်တို့ သည် အလီ(အ.စ) ၏ ရှီအာဖြစ်သည်ဟုသာလျှင် ဆိုကြလေသည်။
မုချ ဧကန် အလီ(အ.စ)၏ ရှီအာဆို သည်မှာ၎င်း၏ စာရိတ္တ ကိုယ် ကျင့် စာရိတ္တ သည် ၎င်းတို့၏ ပြောဆိုမှုကို ထောက်ခံနေသူသာဖြစ် ပါ သည်။
ညွှန်း ကာဖီကျမ်း အတွဲ (၈)
သင်ခန်းစာများ
၁။ အထက်ပါဟဒီးစ်တော်မှ မီးမောင်းထိုးပြနေသည်မှာ ရှီအာစစ်၊ ရှီအာမှန်ဖြစ် ဖို့လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း အလွယ်လေးမဟုတ်ကြောင်းသိနိုင်ပေ သည်။

၂။ လောကဓံ၏ ဒဏ်မခံနိုင်သူများ၊ စမ်းသပ်မှုမခံနိုင်သူများ အစစ် ဆေးမခံနိုင်သူများသည် ရှီအာစစ်ရှီအာမှန်မဖြစ်နိုင်ချေ။ ယေဘူယျအားဖြင့် မြန်မာနိုင်ငံ၌အချို့ အစွန်းရောက်များဖက်မှဒါရှီအာတွေ သူတို့နှင့်သားပေး သမီးပေးမ လုပ်နဲ့ဈေးမ၀ယ်နဲ့ သူတို့ဆိုင်က၀ယ်မဲ့အစား ကာဖေရ်ဆိုင် က၀ယ် ရှီအာ ဆိုတာကာဖေရ် အစ္စလာမ်ကို ဒုက္ခပေးတာ နာမည်ဖျက်တာ၊ သာဝက တော်များ(ရသွေ့) တွေကို ဆဲတာ၊ စသည်ဖြင့် ပြောဆို ထိုးနှက် နေမှုများကိုလည်း စမ်းသပ်နေမှုတစ်ခု ဟု သတ်မှတ်နိုင်ပေသည်။

၃။ ထောင်ပေါင်းများ စွာမှ ရှီအာတစ်ဦးတစ်ယောက်ခန့် ရှီအာ စစ်ရှီအာမှန် ရှိဖို့မလွယ်ဟု ဟဒီးစ်တော်ကဆိုထားရာ အရည်အတွက်ထက် အရည် အ သွေး အရည်အချင်းက သာနေကြောင်း ဦးစားပေးထားကြောင်း သိနိုင် ပေသည်။ နေရာတကာ အဖွဲ့ အားကိုး၊လူဦးရေအားကိုးနေသည့် မိမိကိုယ်ကို ရှီအာဟု ဆိုနေသူများအထူးသတိပြုသင့် ပေသည်။

၎။ ရှီအာစစ်ရှီအာမှန်ဖြစ်ရန်အပြောနှင့်အလုပ်လက်တွေ့ ညီမျှရန် လိုအပ် ကြောင်းသိသာထင်ရှားနေလေသည်။ သူတစ်ပါးအား နမာဇ်ဖတ်ဖို့၊ ဟဂ်ျသွား ဖို့ ခွမ်းစ်ထုတ်ဖို့၊ စည်းလုံးညီညွတ်ဖို့ အတင်းမတုတ်ဖို့ မာန်မာနမထားဖို့ စသည်ဖြင့် ဆိုဆုံးမနေပြီး  ကိုယ်တိုင်မပြုသူများ အထူးသတိပြုသင့်ပေသည်။

________________________________________