၂၂ စက်တင်ဘာ ၂၀၁၄ - ၁၇:၁၆
ဟေစ်ဘွလ္လာဟ် ၏ ရှဟီးဒ်  တော်၏ ဈာပနာ အခမ်းအနားတွင် မိုခ်က်တဒါဆွဒ်ရ် တက်ရောက်

အီရတ်နိုင်ငံ ဆွဒ်ရ်လှုပ်ရှားမှု ၏အကြီးအကဲ ခေါင်းဆောင် ဟွဂ်ျဂျသွလ္လာဟ် အစ္စလာမ် ဆရက်ဒ် မိုခ်က် တဒါဆွဒ်ရ် မှ လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် ကိုစိစစ်လေ့လာရေးခရီးထွက်ခဲ့ပြီး ဝမ်းမည်း ကြေကွဲ ကြောင်း ပြောကြားရန် ရှဟီးဒ် ဟစန် မိုဟမ္မဒ် ခါလီးလ် နဆွရွလ်လ္လာဟ် အိမ်သို့ သွားရောက်ခဲ့ပါသည်။


ရှဟီးဒ်ဖြစ်သွားသူ၏ ဓာတ်ပုံ

အဲဟ်လေ့ဘိုက်(သ)(အ.စ) သတင်းဌာန ၊ အဗ်နာ
ဟေစ်ဘွလ္လာဟ် နှင့် အစ္စလာမ်မီ ခုခံကာကွယ်ရေး လက်ဘနွန် တို့မှ လက်ဘနွန် နိုင်ငံတောင်ပိုင်းရှိ အလ်ဗဇူရီယေ ဒေသတွင် ဟစန် မိုဟမ္မဒ် ခါလီးလ် နဆွရွလ်လ္လာဟ် (ခ) ဆရက်ဒ်  အဘာစ်၏  ရုပ်က လပ် တော်အား ဒဖ်နာ ခဲ့ကြောင်း သိရပါသည်။ ၎င်းသည် အီရတ်နိုင်ငံတွင် အစ္စလာမ်ခုတုံးလုပ်သူ၊ အစွန်းရောက်များကို ခုခံ ကာကွယ် နေချိန်တွင် ရှဟီးဒ် ဖြစ်သွားရခြင်းဖြစ်ပါသည်။
ဤ ရှဟီးဒ်တော်၏ ဈာပနာ အခမ်းအနား ကို ၎င်း၏နေအိမ်မှ အလ်ဗဇူရီယေ ဒေသရှိ ရှဟီးဒ်တော်များ ဗိမာန်သို့ ယူဆောင်သွားခဲ့ကြပြီး ၊ရှဟီးဒ် ၏ ရုပ်ကလပ်တော်အား ဟေစ်ဘွလ္လာဟ် အလံဖြင့် ရစ်ပတ် ကာ လမ်းတလျှောက် လက်ဘိုက်ကာယာ ဟိုစိန် (အ.စ) … လက်ဘိုက်ကာယာ ဇိုင်နဗ် (စ.အ) … ဆိုသည့် ညာသံများ နှင့်အတူ ယူဆောင်ခဲ့ကြလေသည်။


ရှဟီးဒ် ဟစန် မိုဟမ္မဒ် ခါလီးလ် နဆွရွလ်လ္လာဟ် (ခ) ဆရက်ဒ်  အဘာစ်၏  ရုပ်က လပ် တော်အား ဟေစ်ဘွလ္လာဟ်အဖွဲ့ဝင်များကာ အလေးပြု ဂုဏ်ပေးခြင်း နှင့် ၎င်း၏ ရုပ်ကလပ်တော်အရှေ့   ဤခုခံစစ် ကို ဆက်လက် ဆင်နွဲသွားမည် ဖြစ်ကြောင်း  ကျိန်ဆိုခဲ့ကြပါသည်။ပြီးနောက် ရှဟီးဒ် အားကျဆုံး လေ ပြီးသည့် ဟေစ်ဘွလ္လာဟ်အဖွဲ့ဝင်များ ၏ဘေးတွင် ဒဖ်နာ ခဲ့ကြလေသည်။
ဤ ရှဟီးဒ် တော် ၏ ဈာပနာအခမ်းအနား တွင် လက်ဘနွန် နိုင်ငံ၏ အကြီးအကဲများ ၊တပ်မတော် ဆိုင်ရာ အကြီး အကဲများ ဟေစ်ဘွလ္လာဟ်အဖွဲ့ ၏ အရာရှိများ၊ အစ္စလာမ်မီ ခုခံရေး တပ်ဖွဲ့ အား ထောက်ခံ သူများ ၊ ပီရှာဟန်ဂါန် အေမာမ်မဲဟ်ဒီ အဖွဲ့  တို့မှ ဝင်ရောက်နေရာ ယူခဲ့ကြပါသည်။
ထိုနည်းတူစွာ အီရတ်နိုင်ငံ ဆွဒ်ရ်လှုပ်ရှားမှု ၏အကြီးအကဲ ခေါင်းဆောင် ဟွဂ်ျဂျသွလ္လာဟ် အစ္စလာမ် ဆရက်ဒ် မိုခ်က် တဒါဆွဒ်ရ် မှ လက်ဘနွန်နိုင်ငံ သို့ခရီးထွက်လာ ခဲ့ပြီး ရှဟီးဒ်၏ အိမ်သူအိမ်သား ဆွေ မျိုး သား ချင်းများနှင့်တွေ့ဆုံကာ ရှဟီးဒ် ဘွဲ့ ဆွတ်ခူး နိုင်ခဲ့မှု အတွက်  အလေးပြုဂုဏ်ယူ အားပေး ကြောင်း ပြောကြားခဲ့ပါသည်။
အီရတ်နိုင်ငံ ဆွဒ်ရ်လှုပ်ရှားမှု ၏အကြီးအကဲ ခေါင်းဆောင် ဟွဂ်ျဂျသွလ္လာဟ် အစ္စလာမ် ဆရက်ဒ် မိုခ်က် တဒါဆွဒ်ရ် မှ လက်ဘနွန်နိုင်ငံ သို့ခရီးစဉ်မှာ လက်ဘနွန် နိုင်ငံ တောင်ပိုင်း သို့ စိစစ်လေ့လာရေး ခရီး စဉ် ဖြစ်ပါသည်။
ဟေစ်ဘွလ္လာဟ်အဖွဲ့ ၏ အရာရှိများမှလည်း ဟွဂ်ျဂျသွလ္လာဟ် အစ္စလာမ် ဆရက်ဒ် မိုခ်က် တဒါဆွဒ်ရ် အား လှိုက်လှဲ ပြူဌာ စွာ ကြိုဆို ခဲ့ကြပါသည်။

..................