



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မင်းဆိုးမင်းညစ် ဆော်ဒီ အစိုးရ၏ ကြေးစား လုံခြုံရေးတပ်များက ပြီးခဲ့သည့် အပတ် ကြာသပတေးနေ့ ည တွင် ဆော်ဒီနိုင်ငံသား ရှီအာ အာလင်မ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ဘကဲရ် ရွလ်နေမေရ် အ တွက် ထောက်ခံ အားပေးသည့် ဆန္ဒပြပွဲ ၊သပိတ်မှောက် ပွဲ ရှိလူထုအား သေနတ် နှင့်ပစ်၍ လူစု ခွဲ ခဲ့လေ သည်။ ဤပစ်ခဲ့သည့် ကျည်ဆံ များ အကြား ကာသီးဖ်မြို့ သားရှီအာ လူငယ် တစ်ဦး ပြင်းထန် စွာ ဒဏ်ရာ ရရှိခဲ့ပြီး နောက်ဆုံး ရှဒီးဒ်ဘွဲ့ ကို ခံယူ သွားရလေသည်။.
ဤဆန္ဒပြပွဲ ၊ သပိတ်မှောက်ပွဲ တွင် (( သံကြိုးများ မလွဲမသွေ ပြတ်တောက်သွားရမည် )) ဆိုသည့် ခေါင်း စဉ်ဖြင့် ကျင်းပခဲ့ပြီး မင်းဆိုးမင်းညစ် ဆော်ဒီ အစိုးရ၏ မတရား ဖမ်းဆီးချုပ်နှောင်ခဲ့ ထားရသည့် ဆော်ဒီနိုင်ငံသား ရှီအာ အာလင်မ် အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ဘကဲရ် ရွလ်နေမေရ်အား အားပေး ထောက်ခံ သည့် အနေဖြင့် ကျင်းပခဲ့ ခြင်း ဖြစ်ပါသည်။
ဤ ဆန္ဒပြပွဲ တွင် ဗာစင်မ်အလ်ကဒီဟီ အမည် ရှိလူငယ်လူရွယ်မှာ ဆော်ဒီ အစိုးရ၏ ကြေးစား လုံခြုံရေးတပ်များ ၏ ပစ်ခတ်သည့် ကျည်ဆံ ဒဏ် ကြောင့် ပထမ လွန်စွာ ဒဏ်ရာရရှိ ခဲ့ပြီး၊ထိုနောက် ရှဟီးဒ် ဖြစ်သွားခဲ့ပါသည်။
ဆော်ဒီ အစိုးရ၏ ကြေးစား လုံခြုံရေးတပ်များ အနေဖြင့် မိမိဆန္ဒ ကိုထုတ်ဖော် ပြဆိုသည့် လူထုအား နိုင်နင်းရန် တိုက်ပွဲသုံး ကျည်ဆံများ ကို အသုံးပြု ပစ်ခတ်၍ နိုင်နင်း ခဲ့လေသည်။ ဤသို့ (မတရား အနိုင်ကျင့်နိုင်နင်းမှုကြောင့် ) ဆန္ဒများ စတင်ပြဆိုခဲ့သည့် အချိန် မှစ၍ ဆော်ဒီ နိုင်ငံ တွင် ၂၁ ဦး အထိ စတေးမှု ကို ပြုခဲ့ ရပါသည်။ (၂၁ဦး ရှဟီးဒ် ဖြစ်သွား ပြီး ဖြစ်ပါသည်။)
ပြီးခဲ့သည်ရက်သတ္တပတ် တွင် လူမှုရေးဆိုင်ရာ သတင်းဌာနများမှ သတင်း တစ်ခု ကို ထုတ်ပြန် ကြေငြာခဲ့ပါသည်။ ထို သတင်းကြေငြာချက် အရ အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ဘကဲရ် ရွလ်နေမေရ် ၊ရှီအာ အကျော်အမော် အာလင်မ် သည် ရက်ပေါင်း ၈၀၀ ကျော် ထောင်ကျခံနေပြီး ဆော်ဒီ မင်းဆိုးမင်းညစ် ၏ ဖမ်းဆီး ( လူမဆန်စွာ နှိပ်စက်မှု ကို) ခံခဲ့ရပါသည်။ ဆော်ဒီ နိုင်ငံ ရှိ မည်သည့် ထောင်တွင်ဖမ်းချုပ်ထားကြောင်း နှင့်မည်သည့နေရာ တွင် ထိန်းသိမ်း ဖမ်းဆီးထားကြောင်း သတင်း မရှိ ဖြစ်နေပါသည်။
ဤအချိန်အခါတွင် မိုဟမ္မဒ်ဘာကေဲရ် နေမေရ် ၊ အာယာသွလ္လာဟ် ရှိက်္ခနေမေရ် ဘကဲရ် ရွလ်နေမေရ် ညီ (သို့) အစ်ကို မှ အာယာသွလ္လာဟ် အား ((အလ်ဟာယေရ်))ဆိုသည့် ရေယာဇ် မြို့ ရှိ ထောင်တစ်ခု တည်း တွင် ဖမ်းချုပ်ခံထားရကြောင်း ထုတ်ပြန် ကြေငြာခဲ့ပါသည်။
မင်းဆိုးမင်းညစ် ဆော်ဒီ အစိုးရ၏ တရားရုံးမှ ဟဇရသ် အကျော်အမော် ရှီအာ အာလင်မ်အား (ပညာချင်း မယှဉ်နိုင်သဖြစ် ၊မနိုင်၊နိုင်သည့်နည်းသုံးကာ ) ထောက်ဒဏ် ၁၇ နှစ် ၊ ခရီးမထွက်ရ ခွင့် ၁၇ နှစ် နှင့် ဒဏ်ငွေ ဆော်ဒီ တစ်သိန်း ပေးဆောင်ရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရပါသည်။
ဆော်ဒီ နိုင်ငံ အရှေ့ ပိုင်းဒေသ တွင် ၂၀၁၁ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး ယနေ့ ထိ ဆော်ဒီ ပြည်သူလူထုမှ ဆော်ဒီ အစိုးရ ထံ လွတ်လပ်ခွင့်များ ၊ စီးပွားရေး အခြေအနေ ကောင်းလာရန် ဒီမိုကရေစီ စနစ် ကို လက်တွေ့ အကောင်အထည် ဖော်ပေးရန် စသည်ဖြင့် တောင်းဆိုမှု များကြောင့် မငြိမ်မသက်မှု များ ရှိနေပါသည်။
........................