အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ကိုလိုနီ အမေရိကန်ရဲ့ လေကြောင်းထိုးစစ်အတွင်း ဒဏ်ရာရသလိုလို သတင်းထွက်နေတဲ့ အစ္စလာမ်ခုတုံးလုပ် အမေရိကန်မွေး IS စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင် အဘူဘကဲရ်ဗက်္ကဒါဒီ ၏ မိန့်ခွန်းတခု အွန်လိုင်းပေါ် ရောက်နေကြောင်း တွေ့ရပါသည်။
အစ္စလာမ်ခုတုံးလုပ် အမေရိကန်မွေး IS စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင် အဘူဘကဲရ်ဗက်္ကဒါဒီ ၏ မိန့်ခွန်းကို သီးခြား အတည်မပြုနိုင်ပေမယ့် ဇူလိုင်လက အီရတ်နိုင်ငံ မိုဆိုးလ်မြို့ ဗလီမှာ အဘူဘကဲရ်ဗက်္ကဒါဒီ မိန့်ခွန်းပြောခဲ့တုန်းက အသံနဲ့ ထပ်တူညီကြောင်း တွေ့ ရပါသည်။
မိန့်ခွန်းထဲမှာ ဆီရီးယားနဲ့ အီရတ်မှာ အမေရိကန် ဦးဆောင်တဲ့ စစ်ဆင်ရေးဟာ ကျဆုံးနေတယ်လို့ ပြောထားပါတယ်။
ဂျီဟတ် လှုပ်ရှားမှုဟာလည်း အရှိန်မြင့်တက်ပြီး အခုဆိုရင် အီရတ်နဲ့ ဆီရီးယား သာမက နောက်ထပ် အာရပ် လေးနိုင်ငံအထိ ကျယ်ပြန့် နေပြီလို့ ဆိုထားပါတယ်။
မိန့်ခွန်းမှာ နေ့ရက် အတိအကျ မပါဝင်ပေမယ့် နိုဝင်ဘာလ ၇ ရက်နေ့က သမ္မတ အိုဘားမားက အမေရိကန် တပ်အင်အား ၁၅၀၀ အီရတ်မှာ တိုးချဖို့ ကြေညာခဲ့တာကို ရည်ညွန်း ပြောဆိုထားပါတယ်။
၎င်းအပြင် ဆော်ဒီ အာရေးဗီးယားက အုပ်စိုးသူတွေကိုလည်း တိုက်ခိုက်ကြဖို့ ထောက်ခံသူတွေကို အဘူဘကဲရ်ဗက်္ကဒါဒီ က ဆော်သြထားပါတယ်။
ဇွန်လက IS အဖွဲ့တွေ ထိုးစစ်စတင်တဲ့ အချိန်ကစလို့ ဆော်ဒီဟာ နယ်စပ်မှာ တပ်အင်အား ထောင်နဲ့ချီ ချထားပြီး IS အဖွဲ့ကိုလည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခဲ့ပါသည်။
ဇွန်လမှာ ဆော်ဒီဘုရင် က အိုင်အက်စ်အဖွဲ့၏ ရန်က ကာကွယ်ဖို့ လိုအပ်တာတွေ အားလုံးကို ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါသည်။
အိုင်အက်စ်အဖွဲ့ဟာ ဆီရီးယားနဲ့ အီရတ်မှာ နယ်မြေတချို့ကို ဇွန်လမှာ သိမ်းခဲ့ပြီး အခုဆိုရင် လစ်ဗျား၊ အီဂျစ်၊ ယီမင်၊ ဆော်ဒီနဲ့ အယ်ဂျီရီးယားတို့မှာ သစ္စာခံသူတွေ ရှိနေပြီလို့လည်း အဘူဘကဲရ်ဗက်္ကဒါဒီ က ပြောထားပါတယ်။
၁၅ နိုဝင်ဘာ ၂၀၁၄ - ၀၅:၀၀
News ID: 651408
ကိုလိုနီ အမေရိကန်ရဲ့ လေကြောင်းထိုးစစ်အတွင်း ဒဏ်ရာရသလိုလို သတင်းထွက်နေတဲ့ အစ္စလာမ်ခုတုံးလုပ် အမေရိကန်မွေး IS စစ်သွေးကြွအဖွဲ့ရဲ့ ခေါင်းဆောင် အဘူဘကဲရ်ဗက်္ကဒါဒီ ၏ မိန့်ခွန်းတခု အွန်လိုင်းပေါ် ရောက်နေကြောင်း တွေ့ရပါသည်။