ထင်းရှာဖွေစုဆောင်းတာ ကျွန်တော်လုပ်မယ် ….
================================
ရီဝါယတ် တော်လာရှိပါ သည်။ မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ)သည် ခရီးစဉ် တစ်ခု ဖြစ်ပါ သည်။ကိုယ်တော်မြတ် (ဆွ) မှ ထမင်းစားသုံးရန်အတွက် သိုးတစ်ကောင်ကို ဇေဗာ ပြုရန် အမိန့်ပေးလေ၏။ထိုအခါ တစ်ဦး တစ်ယောက်မှ မိမိ ဇေဗာတာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း လျှောက်လေ၏။
ဒုတိယတစ်ယောက်မှ မိမိအနေဖြင့် အရေခွံ ခွာသည့် တာဝန်ကို ယူမည်ဟု ဆိုလေ၏။ တတိယတစ်ယောက် အနေဖြင့် မိမိအနေဖြင့် ချက်ပြုတ်ပေးမည် ဖြစ်ကြောင်း ပြောဆို လေ၏ ။တမန်တော်မြတ် ကြီး (ဆွ) ကိုယ်တော်မှ မိမိအနေဖြင့် ထင်းများ ရှာဖွေ စုဆောင်းမည့် တာဝန် ယူသည်ဟု မိန့်တော်မူလေသည်။
သာဝကတော်များမှ လျှောက်ထားကြလေ၏။ထင်းရှာဖွေ စုဆောင်းဖို့ ကျွန်တော်တို့ ရှိ ကြောင်း ကိုယ်တော်(ဆွ) အနေဖြင့် ဒုက္ခအပင်ပန်း ခံဖို့ အရေးမကြီးကြောင်း လျှောက်ထားကြလေ၏။
ကိုယ်တော်မြတ် (ဆွ) မှ မိန့်လေ ကျွန်ုပ်နားလည်ပါတယ် … ဒါပေမဲ့ ကျွန်ုပ်အနေဖြင့် မိမိ ကိုယ်အသင်တို့ထက် သာလွန်တယ်(အလုပ်လုပ်ဖို့မလိုဟု) သတ်မှတ် တာ မနှစ် သက်ပါ။ အကြောင်း သည်ကားအလ္လာဟ် ဟိုအရှင်မြတ် သခင် သည် မိမိသည်သူတစ်ပါး ထက်သာလွန် ကြောင်း (ငါအလုပ် လုပ်ဖို့မလိုဟု) သတ်မှတ်သူ မည်သည့် အဖန်ဆင်းခံကိုမဆို မနှစ်မြို့ တော်မူချေ။
ကျမ်းကိုး - အလ်စန်နိုမေကာလ် စာမျက်နှာ ၃၂
မှတ်ချက် - ထိုခေတ်ထိုအချိန်၌ ဆော်ဒီအာရေးဗီးဒေသတွင် ထင်းရှာဖွေခြင်း အလုပ်သည် အခက်ခဲတကာ အခက်ခဲဆုံး အလုပ်ဖြစ် ပါသည်။
…………………………………..
ဆာလောင်မွတ်သိတ်ပြီး နေတယ် …
=========================
ရစူလ်လေ ခိုဒါ (ဆွ) သခင်သည် ဖွာကာ ထားပြီးရင် ဖွာကာ ထားလေ၏။ သို့သော်လည်း မြတ် အလ္လာဟ် ကို ကျေးဇူးတင်ကြောင်း နှုတ်တော်မှထွက် ဆို ခဲ့ပါသည်။ကိုယ်တော် မြတ် (ဆွ)၏ ဆာလောင်မွတ်သိတ်မှု ကို ကို ကြည့်တော်မူပြီး အလ္လာဟ်ဟို အရှင်မြတ် သခင်မှ ကောင်းကင်တမန် တပါးကို ကိုယ်တော်မြတ် (ဆွ) ထံ စေလွတ်တော်မူလေ၏ ။
ကောင်းကင်တမန်တော် လာရာက်ပြီးမေးမြန်းလျှောက်ထားလေ၏ ။ ကိုယ်တော်မြတ်၏ အရှင်သခင် အလ္လာဟ် ဟိုအရှင်မြတ် သခင်မှ အကယ်၍ ကိုယ်တော်မြတ် လိုလားမည်ဆိုလျှင် မက္ကာဟ် ရွှေမြို့ တော်၏ လွင်ပြင် ဟာရွှေ ဖြစ်သွားရပါစေမယ်လို့ မိန့်ကြားတော်မူပါတယ် ။ ထိုအခါ တမန်တော်မြတ် (ဆွ) သခင်မှ မိုးကောင်းကင်ဖက်သို့ ခေါင်းတော် ကို မော့တော်မူပြီး လျှောက်တော်မူလေ၏ ။
အိုအလ္လာဟ်ဟို အရှင်မြတ် သခင် …အသင်၏ ဟမ်ဒ်ပြုနိုင်ရန် တစ်ရက် ဝမ်းဗိုက်ပြည့်လိုပါတယ် …အသင်ထံ မှတောင်းခံ နိုင်ရန်အတွက် တစ်ရက် ဆာလောင် မွတ်သိတ် လိုပါတယ် … ကိုယ်တော်မြတ် (ဆွ) မိမိ၏ မင်္ဂလာအပြည့် ရှိသည့် သက်တမ်း တလျှောက်လုံးတွင် သုံးရက် ဆက်တိုက် ရိုတီ သုံးဆောင်ပြီး ဝမ်းဗိုက်ပြည့် တော်မူခဲ့ခြင်မျိုး မရှိတော်မူခဲ့ချေ။
ဟဇရသ် အမီးရွလ် မိုမေနီ အလီ (အ.စ) မိန့်တော် မူလေ၏ ။ ကျွန်တော် ကိုယ်တော်မြတ် (ဆွ) နှင့် အတူ ခတုတ်ကျွင်းတူးခဲ့ပါတယ် ….ရုတ်တရက် ဟဇရသ် ဖွာတွေမာ (စ.အ) ရိုတီက အစိတ်အပိုင်း တခု ကို ယူလာပြီး ကိုယ်တော်မြတ် (ဆွ) ကို ဆက်ခံလေ၏။ ကိုယ်တော်မြတ် (ဆွ) က မိန့်လေ၏ ။ ဒါဘာလဲ (သမီးတော်) ? ဟဇရသ် ဖွာတွေမာ (စ.အ) ဖြေတော်မူလေသည်။ ကျွန်မ ဟစန် (အ.စ) နှင် ဟိုစိုင်း(န) (အ.စ) အတွက် ရိုတီ ဖုတ်ခဲ့ပါတယ် … ဒီ အစိတ်အပိုင်း လေး ဟာ ကိုယ်တော် (ဖခမည်း တော်) အတွက် ဖြစ်ပါတယ် ….(ဖခမည်းတော်၊ သားနှစ်ဦး အတွက် ဖုတ်ခဲ့ခြင်း ဖြစ်ပါတယ် … ) ကိုယ်တော်မြတ် (ဆွ) မိန့်တော်မူလေ၏ ။ သမီးရဲ့ ဖခင် ဟာ ထမင်း(ရိုတီ)မစားရသည်မှာ သုံးရက် တောင်ရှိ ပြီး အခု အဖေစားနေတာ ..ဒါပထမဆုံး ထမင်းလုတ် ဖြစ်ပါတယ် …
ကျမ်းကိုး - အလ်စန်နိုမေကာလ် စာမျက်နှာ ၃၀
……………………………………………..