



အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
====================
ဒါအေရှ်(ခ) IS အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက်သက္က်ဖီးရီများမှ ပြီးခဲ့သည့်အင်္ဂါနေ့ တွင် ဂျော်ဒန် နိုင်ငံသား လေယာဉ်မောင်း (မအဇ် အလ်ကစာစဗေဟ်) အား မီးရှို့ သတ်ပြီး အစ္စလာမ်သာသနာတော် ၏ သွန်သင် ဆုံးမမှုများ အားလုံး ကို ရိုက်ချိုးပြခဲ့ကြလေသည်။ ဤ အဖွဲ့ အစည်း သည် အစ္စလာမ် သာသနာ နှင့် လုံးဝ မသက်ဆိုင်သည့် သူများ ဖြစ်ကြပါသည်။
တဖန်မနေ့က ကြာသပတေးနေ့တွင် အီရတ်နိုင်ငံသား သားအဖ အား လူမဆန်စွာ ခေါင်းဖြတ် ကွပ်မျက်ခဲ့ ကြပြန်သည်။
ဤလူယုတ်မာ အဖွဲ့သည် ဒေသတစ်ခုအား (ဝေလာယသ်သေ ရှိုမာလေဘဂ္ဂဒတ် ) ဟုအမည်ပေး ထားကြပြီး အီရတ်နိုင်ငံသား သားအဖ အား အီရတ် တပ်မတော် နှင့် ဆက်သွယ် လှုပ်ရှားမှု ရှိသည်ဆိုသည့် ဆွဲချက်ဖြင့် ၎င်းသားအဖ အား ခေါင်းဖြတ် ကွပ်မျက် ခဲ့ကြောင်း ကြေငြာခဲ့ပါသည်။
ဒါအေရှ်(ခ) IS အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက်သက္က်ဖီးရီ အဖွဲ့၏ ကြေငြာချက် အရ (ဂျွန်မာမရ်အီ စလ်မာန်အလ်ဟဘူစီ) ဖြစ်ပြီး ၎င်း၏ သား (မွတ်တဖွာ စလ်မာန်အလ်ဟဘူစီ) တို့သည် အီရတ် တပ်မတော် နှင့် ဆက်သွယ် လှုပ်ရှားမှု ရှိကြောင်း ဝန်ခံခဲ့ကြပါသည်။ ဤအတွက် ပြစ်ဒဏ် အနေဖြင့် ၎င်းတို့အား ခေါင်းဖြတ် ကွပ်မျက်ရန် အဖွဲ့ မှ စိရင်ချက် ချခဲ့ကြောင်း ကြေငြာခဲ့ပါသည်။
ဒါအေရှ်(ခ)IS အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက်သက္က်ဖီးရီ အဖွဲ့ ဖက်မှ ထုတ်ပြန်သည့် ဓာတ်ပုံအရ သားအဖ နှစ်ဦး၏ မျက်စိများ ကို အဝတ်များ ဖြင့် စီးထားပြီး လက်များကို နောက်ပြန် ချည်နှောင်ထားသည်ကို တွေ့မြင်နိုင်ပါသည်။၎င်းသားအဖအား (ဝေလာယသ်သေ ရှိုမာလေဘဂ္ဂဒတ် ) ဟုIS ကအမည်ပေးထားသည့် ဒေသတွင် ကွပ်မျက် ခဲ့ကြခြင်း ဖြစ်ပါသည်။
ဒါအေရှ်(ခ) IS အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက်သက္က်ဖီးရီ အဖွဲ့၏ ကြေးစား တပ်သားများသည် သာမန် ပြည်သူလူထု အား ငြိမ်းခြောက်ပြီး ထိန်းထားနိုင်ရန် အတွက် ဖမ်းဆီးရထားသည့် အကျဉ်းသမားများ နှင့် ဓားစာခံများကို နည်း အမျိုးမျိုး ဖြင့် သတ်ဖြတ် ယုတ်မာ လူမဆန်ပြနေကြ ခြင်း ဖြစ်ပါသည်။
သေနတ်ဖြင့် နားထင်နှင့် ခေါင်းကို ပစ်၍ သတ်ပြခြင်း ၊ခေါင်းဖြတ် ကွပ်မျက်ပြခြင်း၊တိုက်အမြင့်များ မှ တွန်းချသတ်ပြခြင်း ၊ တို့ကို လုပ်နေကြပါသည်။ ဂျော်ဒန် နိုင်ငံသား လေယာဉ်မောင်း (မအဇ် အလ်ကစာစဗေဟ်) အား မီးရှို့ သတ် ပြခြင်းသည် ဤလူယုတ်မာများ ၏ လူသတ်နည်း နောက်တစ်ခု ဖြစ်ပါသည်။
ဤလူယုတ်မာ အကြမ်းဖက်အထွဲ့သည့် ငြိမ်းချမ်းသည့် အစ္စလာမ် သာသနာတော် ၏ သွန်သင် ဆုံးမ မှုများကို ဗြောင်ဆန်ကျင့်ပြီး (အစ္စလာမ် နိုင်ငံတော် အမည်) ဖြင့် အစ္စလာမ် အား ခုတုံးလုပ် အလွဲသုံးစား ပြုနေကြပါသည်။ မြန်မာပြည်မှ 969 ဂိုဏ်းဝင်များ ကဲ့သို့ ဗုဒ္ဓဘာသာ ခုတုံးလုပ် အဖွဲ့ အတိုင်းပင် ဖြစ်ပါသည်။ ကွာခြားချက်လေမှာ IS သည် မိမိ ကျူးလွန်သည့် ရာဇဝတ် မှုများ ကို အရှက်မဲ့စွာ မီဒီယာ များ အထိ ယူလာကြပြီး 969 ကတော့ မယူလာကြခြင်း ဖြစ်ပါသည်။ သေချာတာ တစ်ခု ကတော့ ဤ အဖွဲ့ ၂ခု လုံး၏ နောက်ကွယ်တွင် အစ္စလာမ် ရန်သူကြီးများ မှ ကြိုးကိုင်ထားခြင်း ဖြစ်ပါသည်။