အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
=====================
အမေရိကန် အစိုးရ မှ အမေရိကန် နိုင်ငံရှိ တက္ကသိုလ်များမှ အသိအမှတ်ပြု ပါလက်စတိုင်း နွယ်ပွား တက္ကသိုလ်ကျောင်း ဆရာ မွတ်စလင်မ် ပါမောက္ခ တစ်ဦးဖြစ်သည့် (ဟာမီအလ်ရီယန်န်) အား ၁၀နှစ်တာ ၎င်း ၏ ကိုယ်ရေး ရာဇဝင်မှတ်မတမ်း ကို စိစစ်သုံးသပ်ပြီး စက်တင်ဘာလ ၁၁ရက် ဗုံးဖောက်ခွဲမှု ကိစ္စနှင့် နွယ်နေပြီး သောင်းကြမ်းသူ အစွန်းရောက်များနှင့် လက်တွဲနေသူဆိုသည့် ဆွဲချက်နှင့် ပြည်နှင် ဒဏ်ပေးခဲ့ကြောင်း သိရပါသည်။ ပါလက်စတိုင်း နွယ်ပွား တက္ကသိုလ်ကျောင်း ဆရာ မွတ်စလင်မ် ပါမောက္ခသည် အမေရိကန် မှ တူရကီ နိုင်ငံ တွင် သွားရောက် နေထိုင်မည် ဖြစ်ကြောင်း သိရပါသည်။
(ဟာမီအလ်ရီယန်န်)သည် အတွေးအခေါ်ခေါင်းဆောင်တစ်ဦးနှင့် လူမှုရေးကိစ္စများတွင်လှုပ်ရှားနေပြီး ပညာရေးနယ်ပယ်တွင်လည်း အမည်ရှိ အမေရိကန် မွတ်စလင်မ်များမှ တစ်ဦးဖြစ်ပါသည်။၎င်းသည် ခရစ် သက္ကရာဇ် ၂၀၀၃ခုနှစ်တွင် အမေရိကန် နိုင်ငံ (ဖလူရီဒါ) ပြည်နယ်တွင် အစစ်အဆေး အမေး အမြန်းခံရန် အတွက် ဖမ်းဆီးခြင်းခံခဲ့ရလေသည်။ ပြီးနောက် (ဖလူရီဒါ) ပြည်နယ် တရားရုံးမှ ၎င်း၏ အယူခံဝင်မှုကြောင့် ၎င်းအား အစစ်အဆေး အမေး အမြန်းပြုခွင့်မရှိကြောင်း အမိန့်ထုတ်ပြန်ပြီး လွတ်ပေးခဲ့ပါ သည်။သို့သော် ၁၀နှစ်တာ ၎င်းအားနေအိမ်တွင် အကျယ်ချုပ် ထားခဲ့လေသည်။ ယခုအခါ အမေရိကန် တရားရုံးမှ ၎င်းအား အကျယ်ချုပ်မှ ပြည်နှင် ဒဏ်အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။
(ဟာမီအလ်ရီယန်န်) သည် ပါလက်စတိုင်းနိုင်ငံအတွက် အစ္စလာမ်မီ လှုပ်ရှားမှု အဖွဲ့ အား အမေ ရိကန်နိုင်ငံတွင် တည်ထောင်ခဲ့သည့် ခေါင်းဆောင် ဖြစ်ပါသည်။၎င်းသည် မွတ်စလင်မ်များ အကြား နာမည်ရထားသူ တစ်ဦး ဖြစ်ပြီး အမေရိကန် နိုင်ငံရေး ကိစ္စများ အပေါ် အာနိသင် သက်ရောက်သူ တစ်ဦး ဖြစ်ပါသည်။ယခု အခါ အမေရိကန် အစိုးရမှ ၎င်းအား အစွန်းရောက်သူပုန်များကို တိုက်ထုတ်ရေး ခေါင်းစဉ်ဖြင့် ပြည်နှင်ဒဏ် ပေးခဲ့ပါသည်။
ဤအမိန့်သည် အမေရိကန် နေ အမေရိကန် မွတ်စလင်မ်များ အကြား စိုးရိမ်မှုများ နှင့် ဝေဖန်သုံးသပ်မှု အမြောက်အများကို ဖြစ်စေခဲ့ပါသည်။