အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အရ်နာ သတင်းဌာန၏ သတင်းထုတ်ပြန်ချက်အရ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် သမ္မတ H.I Dr ရူဟာနီ မှ နီပေါ နိုင်ငံ သမ္မတ ရာမ်ပါရာန်ယာသို ထံ ငလျင်ထံ ကြောင့် သေကြေ ပျက်စီးသွားရမှု အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ်။ ၎င်း သဝဏ်လွှာ တွင် အီရန်သမ္မတ အနေဖြင့် ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူ အရေ အတွက်အမြောက်အများ အတွက် ဝမ်းနည်း၊ကိုယ်ချင်းစာ ကြောင်း ၊၎င်းတို့ ၏ လွတ်ငြိမ်းချမ်းသာခွင့် နှင့် ဒဏ်ရာရရှိသူများ အမြန်ဆုံး ပျောက်ကင်း ချမ်းသာ မှု ရစေဖို့ ဒိုအာပြုထားပါတယ်။
အခြားတဖက်မှလည်း လက်ရှိ လန်ဒန်တွက်ရောက်ရှိနေသူ ပါကစ္စတန် ဝန်ကြီးချုပ် နဝါဇ်ရှရစ်ဖ် မှ နီပေါ ဝန်ကြီး ချုပ် ဆိုရှယ်ကိုအရိရာလေ ထံဖုန်းဆက်ပြီး ငလျင်ဒဏ်ကြောင့်ဆုံးရှုံးသွားရတဲ့ အသက်များ နှင့် အဆောက်အဦး ပစ္စည်း များ အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါတယ် ။ ဒီသတင်း ကို ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရုံး ပြောရေး ဆိုခွင် ရှိသူ မှ ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ် ။ ဆက်လက်ပြီး ၎င်း မှ ဝန်ကြီးချုပ် နဝါဇ်ရှရစ်ဖ်အနေဖြင့်လည်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရုံး ကို နီပေါ နိုင်ငံ ၏ ငလျင် အခြေအနေ နှင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှင့် စပ်လျဉ်းပြီး ဂရုပြု နားစိုက်နေဖို့ အမိန့်ပေးထားကြောင်း ပြောကြားခဲ့ပါတယ် ။
ဝန်ကြီးချုပ် နဝါဇ်ရှရစ်ဖ် ၏ အမိန့် အရ ကယ်ဆယ်ရေး ပစည်းများ နီပေါသို့ ပို့ဆောင်ရန် အစီအစဉ်များ ပြုလုပ် နေကြောင်း သိရပါတယ်။ ပါကစ္စတန် နိုင်ငံဖက်မှ ကယ်ဆယ်ရေး ပစည်းများ ပါသည့် c- သုံးဆယ် သဘောင်္ နှစ်စီး နီပေါသို့ထွက်ခွာသွားကြောင်း နှင့် ဆရာဝန်များ အသင်းကိုလည်း စေလွတ် ထားကြောင်း သိရှိရပါတယ် ။
-------------------------
251 / End