၂၈ ဧပြီ ၂၀၁၅ - ၁၉:၀၄
 အမေရိကန် လူမည်းတဦး ရဲအချုပ်တွင် သေဆုံးခဲ့သည့်အတွက် ဆန္ဒပြပွဲများ ရက်ဆက်ဖြစ်ပွား

အမေရိကန် ပြည်ထောင်စု မေရီလန်ပြည်နယ်ထဲက ဘာလ်တီမိုးမြို့မှာ လူမည်းတယောက် ရဲအချုပ်မှာ သေဆုံးခဲ့တဲ့ကိစ္စကို အကြောင်းပြုပြီး ဆန္ဒပြမှုတွေ ရက်ဆက်ဖြစ်နေတာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာတော့ ထိန်းမနိုင်သိမ်းမရ အဆင့်ကို ရောက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အမေရိကန် ပြည်ထောင်စု မေရီလန်ပြည်နယ်ထဲက ဘာလ်တီမိုးမြို့မှာ လူမည်းတယောက် ရဲအချုပ်မှာ သေဆုံးခဲ့တဲ့ကိစ္စကို အကြောင်းပြုပြီး ဆန္ဒပြမှုတွေ ရက်ဆက်ဖြစ်နေတာ ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာတော့ ထိန်းမနိုင်သိမ်းမရ အဆင့်ကို ရောက်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဖရက်ဒီဂရေးရဲ့ ဈာပန အခမ်းအနားအပြီးမှာ ဒေါသထွက်နေတဲ့ လူတွေက ဆူပူသောင်းကျန်းကြပြီး၊ ဈေးဆိုင်တွေကို ၀င်လု၊ မီးရှို့တာမျိုးတွေ လုပ်ခဲ့ကြတာပါ။

ဒါကြောင့် မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူးက မငြိမ်မသက်ဖြစ်နေတဲ့မြို့ဆီကို လုံခြုံရေးအင်အား တိုးပို့ထားပြီး အရံတပ်ဖွဲ့ကိုလည်း အဆင့်အနေအထား ရှိဖို့ တပ်လှန့်ထားပါတယ်။

အားကစားပွဲတွေ၊ ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ရထားဘူတာတွေကိုလည်း ပိတ်ထားပါတယ်။
ဒီမြို့ဟာ လူဦးရေ ၆ သိန်း ၆ သောင်းကျော် နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။

ဧပြီ ၁၉ ရက်နေ့က အာဖရိကန်အမေရိကန် နွယ်ဖွား လူမည်းအမျိုးသားကို ရဲအဖွဲ့က ဖမ်းဆီးသွားပြီးနောက် ဆေးရုံမှာ သေဆုံးခဲ့တဲ့ကိစ္စကို မကျေနပ်တဲ့အတွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်နေတာပါ။

ဒီအမှုဟာ ဖာဂူဆန်နဲ့ နယူးယောက်မြို့က လူမည်းအမျိုး
-------------------------
251 / End