၂၂ မတ် ၂၀၁၆ - ၁၈:၅၈
မန္တလေးမြို့ မင်္ဂလာဈေးမီး အကြီးအကျယ်လောင်ကျွမ်း

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် လမ်း (၃၀)နှင့် (၇၃) လမ်းထောင့်ရှိ မင်္ဂလာဈေး တွင် မတ်လ ၂၂ ရက် ညနေက မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

 

မီးလောင်ကျွမ်းသော မန္တလေးမြို့ မင်္ဂလာဈေးအတွင်းပိုင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်တာ)



မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် လမ်း (၃၀)နှင့် (၇၃) လမ်းထောင့်ရှိ မင်္ဂလာဈေး တွင် မတ်လ ၂၂ ရက် ညနေက မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ သည်။

ညနေ ၆ နာရီခန့်တွင် စတင် လောင်ကျွမ်းသောမီးသည် ည ၈ နာရီခန့်အထိ  ငြှိမ်းသတ်နေရဆဲဖြစ်ပြီး လေးထပ်အဆောက်အအုံ မင်္ဂလာဈေးတစ်ခုလုံး မီး လောင်သွားခြင်းဖြစ်သည်။

‘‘အခုလက်ရှိအခြေအနေမှာ တော့ မီးက လုံးဝမနိုင်တော့ဘူး။ ကျွန်တော်တို့ တတ်နိုင်သမျှကြိုး စားပြီး ငြှိမ်းသတ်နေပါတယ်’’ဟု မီးသတ်တပ်ဖွဲ့ အရာရှိတစ်ဦးက ည ၇ နာရီခန့်တွင် မီးငြှိမ်းသတ် နေစဉ်အတွင်း ပြောကြားသည်။

မီးစတင်လောင်ကျွမ်းသည့် အကြောင်းရင်းကိုမူ မသိရသေး ချေ။ မီးလောင်ကျွမ်းနေသည့် နေ ရာသို့ မီးသတ်ကားဝင်ထွက်ရာ၌ ခက်ခဲခြင်း၊ စတင်လောင်ကျွမ်းရာ နေရာသည် မွေ့ရာ၊ ခြင်ထောင်၊ အ၀တ်အထည်ဆိုင်များဖြစ်နေ၍ မီးကူးစက်မှုမြန်ဆန်ခဲ့ကြောင်း မန္တလေးခရိုင် အထွေထွေအုပ် ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က ပြောသည်။

‘‘မီးဘယ်က စလောင်တယ် ဆိုတာ မသိရသေးဘူး။ အခုအထိ အားလုံးက ကြိုးစားပြီး မီးငြှိမ်း သတ်နေတုန်းပဲ။ ပထမအပေါ် ထပ်မှာ လူတွေပိတ်မိနေတယ်ဆို လို့ မီးသတ်ကားကယ်ဆယ်ရေး လုပ်တယ်။ ဒါပေမဲ့ နောက်ထပ် ဘာသတင်းမှ တက်မလာတော့ လူတွေ ပိတ်မိတာ မရှိဘူးထင် တယ်’’ဟု ၎င်းက ပြောသည်။

မင်္ဂလာဈေးသည် လေးထပ် အဆောက်အအုံဖြစ်ပြီး မြေညီ ထပ်တွင် စာရေးကိရိယာနှင့် ဈေး ဆိုင်များ၊ ကုန်မာပစ္စည်း၊ ဒုတိယ ထပ်တွင် ပရိဘောဂဆိုင်များနှင့် ကားရပ်နားရာနေရာ၊ တတိယ ထပ်နှင့် စတုတ္ထထပ်တို့တွင် လူ နေတိုက်ခန်းများရှိသည်။

‘‘လူပိတ်မိတာ၊ ထိခိုက်ဒဏ် ရာရတာတစ်ခုမှမရှိဘူး။ ဈေးက တော့ ကုန်သလောက်ဖြစ်သွား တာပေါ့။ မန္တလေးမြို့ပေါ်နဲ့ အနီး ၀န်းကျင်က မီးသတ်ကားတွေအ ကုန်လာပြီး ငြှိမ်းသတ်နေကြ တယ်’’ဟု မန္တလေးခရိုင် လုံခြုံ ရေးတပ်ခွဲမှူး ရဲမှူးသက်ဝင်းက ပြောသည်။

မန္တလာဈေးမီးလောင်ကျွမ်း မှုတွင် ဈေး၏ ပထမထပ်၊ မြေညီ ထပ်နှင့် ဒုတိယထပ်ရှိ ဈေးဆိုင် ခန်းများအားလုံးနီးပါး လောင် ကျွမ်းခဲ့ပြီး အပေါ်ထပ်များရှိ လူ နေတိုက်ခန်းများ လောင်ကျွမ်းနေ ခြင်းကို တွေ့ရသည်။ မင်္ဂလာဈေး ဒုတိယထပ်ရှိ ကားပါကင်တွင် ကားနှင့်ဆိုင်ကယ်များ ရပ်နားနေ တတ်ပြီး မီးလောင်မှုကြောင့် အ ဆိုပါယာဉ်များ ပိတ်မိနေသည်ဟု မင်္ဂလာဈေးတွင် နေထိုင်သူအချို့ က ပြောသည်။

‘‘မီး...မီး ဆိုတာနဲ့ ကလေး တွေခေါ်ပြီး ဆင်းပြေးလာတာ။ ဘယ်ကစလောင်လဲမသိဘူး။ လူ တွေပိတ်မိတယ်လို့တော့ မကြား ဘူး။ ဒါပေမဲ့ ကားပါကင်ကကား နဲ့ဆိုင်ကယ်တွေတော့ ပိတ်မိနေ တယ်’’ဟု တတိယထပ်တွင် နေ ထိုင်သူတစ်ဦးက ပြောသည်။

မင်္ဂလာဈေး မီးလောင်မှုမှ တစ်ဆင့် အခြားနေအိမ်နှင့် အ ခြားနေရာများသို့ မီးကူးစက်ခြင်း မရှိစေရန် ထိန်းထားနိုင်သည်ဟု မီးသတ်တပ်ဖွဲ့ဝင်များက ပြော သည်။

မင်္ဂလာဈေးဒုတိယထပ်တွင် ဆွီတီးဟုမ်းပရိဘောဂနှင့် မွေ့ရာ ဆိုင်၊ တတိယထပ်တွင် စည်ပင် သာယာ၏ ဈေးနှင့် သားသတ်ဌာန တို့ရှိကြောင်း သိရသည်။

မီးငြှိမ်းသတ်နေစဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင် ငါးဦးနှင့်ကြက် ခြေနီ တပ်ဖွဲ့ဝင် တစ်ဦးတို့ အ သက်ရှူကျပ်၍ မန္တလေးဆေးရုံ ကြီး၌ ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။