၂၆ မတ် ၂၀၁၆ - ၁၉:၁၉
“ဦးအေးသာအောင်၏အလှူတွင်နိုင်ငံ့ခေါင်းဆောင်များစုံညီ”

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၏ နေပြည်တော်လွှတ်တော်အနီးရှိ နေအိမ်၌ မတ် ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်သော ဘုရားအနေကဇာတင်အလှူပွဲသို့ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ဓာတ်ပုံ- လင်းလင်း၊ ဦးတင်ကိုကိုဦး

အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၏ နေပြည်တော်လွှတ်တော်အနီးရှိ နေအိမ်၌ မတ် ၂၆ ရက် နံနက်ပိုင်းက ပြုလုပ်သော ဘုရားအနေကဇာတင်အလှူပွဲသို့ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အချိုပွဲတည်ခင်းသော စားပွဲဝိုင်း၌ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၊နိုင်ငံတော်သမ္မတသစ်ဦးထင်ကျော်၊ ဒုသမ္မတ(၂)ဦးဟင်နရီဗန်ထီးယူ ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း၊ အိမ်ရှင်ဦးအေးသာအောင်တို့နှင့်အတူ သူရဦးရွှေမန်းပါ ပါဝင်ခဲ့သည်။

အဆိုပါဓာတ်ပုံသည် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ပျံ့နှံ့ရောက်ရှိခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များ၏ ချစ်ကြည်စည်းလုံးမှုအတွက် ၀မ်းသာကြောင်း မှတ်ချက်များပြုခဲ့ကြသည်။ “အိမ်သစ်တက်ပွဲမဟုတ်ပါဘူး။ ဘုရားအနေကဇာတင်ပါ။ ဘုန်းကြီး ၅ပါး ဆွမ်းကပ်ခဲ့ပါတယ်” ဟုဦးအေးသာအောင်၏ သမီးဖြစ်သူကပြောသည်။ အလှူပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရင်းနှီးသောမိတ်ဆွေအချို့ကို ဖိတ်ကြားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။