၄ ဇူလိုင် ၂၀၁၆ - ၁၈:၀၉
မဟာချိုင် နာနာတ်သီးစက်ရုံမှ ဖမ်းဆီးခံမြန်မာလုပ်သား ၁၀၂ဦး ပြန်လွတ်

မဟာချိုင်မြို့ နာနတ်သီးစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၂၇ဦး ဖမ်းဆီးခံရမှုအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလိုက်လံဖြေရှင်းပေးရာ ယနေ့ (ဇူလိုင်၎ရက်)နံနက်ပိုင်းတွင် ၁၀၂ဦး လွတ်မြောက်လာကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံအမတ်ကြီးဦးဝင်းမောင်က 7Day Daily သို့ ပြောကြားသည်။ "ပန်းရောင်ကဒ်ကိုင်ဆောင်တဲ့ ၁၀၂ဦးတော့ ဒီနေ့မနက်ပဲ လွတ်လာပြီ။MoU နဲ့ လာတဲ့ ၂၅ဦးကျန်သေးတယ်။အဲဒီ ၂၅ဦးကို ပို့ပေးတဲ့မိုးမိုးအေဂျင်စီနဲ့ Moonland အေဂျင်စီက သူတွေကလည်း လာပြီး ဖြေရှင်းနေကြတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဟာချိုင်မြို့ နာနတ်သီးစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၂၇ဦး ဖမ်းဆီးခံရမှုအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလိုက်လံဖြေရှင်းပေးရာ ယနေ့ (ဇူလိုင်၎ရက်)နံနက်ပိုင်းတွင် ၁၀၂ဦး လွတ်မြောက်လာကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသံအမတ်ကြီးဦးဝင်းမောင်က 7Day Daily သို့ ပြောကြားသည်။

"ပန်းရောင်ကဒ်ကိုင်ဆောင်တဲ့ ၁၀၂ဦးတော့ ဒီနေ့မနက်ပဲ လွတ်လာပြီ။MoU နဲ့ လာတဲ့ ၂၅ဦးကျန်သေးတယ်။အဲဒီ ၂၅ဦးကို ပို့ပေးတဲ့မိုးမိုးအေဂျင်စီနဲ့ Moonland အေဂျင်စီက သူတွေကလည်း လာပြီး ဖြေရှင်းနေကြတယ်။
ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေက အလုပ်အကိုင်နဲ့ အလုပ်ရှင်နာမည် မတူလို့ အဖမ်းခံရတာပါ။ ပို့လိုက်တုန်းကအလုပ်တမျိုး။ ဒီမှာရောက်တော့ နာနတ်သီးစက်ရုံ အဲလိုဖြစ်နေတာ။ စစ်ဆေးမှုအပိုင်းတွေ ရှိနေသေးလို့ပါ။

၂၅ဦးအတွက်လည်း လွှတ်မြောက်အောင် လုပ်ဆောင်နေပါတယ်"ဟု သံအမတ်ကြီး ဦးဝင်းမောင်က ပြောသည်။ဇူလိုင်၁ရက်တွင် ထိုင်းနိုင်ငံ မဟာချိုင်မြို့ TROFCO နာနတ်သီး စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၂၇ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသောသူများသည် ပန်းရောင်ကဒ်ဖြင့် လုပ်ကိုင်သူ ၁၀၂ဦးနှင့် MoU စာချုပ်ဖြင့် လာရောက်လုပ်ကိုင်သူ ၂၅ဦး စုစုပေါင်း ၁၂၇ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။
===================    
251 / End