အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုသမ္မတဦးဟင် နရီဗန်ထီးယူ စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့သို့ ယနေ့သွား ရောက်မည်ဖြစ်ပြီး လတ်တလော ရေဘေးရင်ဆိုင်နေရသည့် ရခိုင် ပြည်နယ်သို့ မသွားခြင်းအပေါ် ဝေဖန်မှုအချို့ရှိနေသည်။
ဦးဟင်နရီဗန်ထီးယူသည် ယနေ့ (ဇူလိုင် ၁၀ ရက်)တွင် ကလေးမြို့သို့ သွားရောက်မည် ဖြစ်ပြီး ရာဇဂြိုဟ်ဆည်အခြေအ နေကို လာရောက်ကြည့်ရှုမည်ဟု ကနဦးသိရှိထားကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဦးဟင်နရီဗန်ထီးယူ၏ ခရီး စဉ်နှင့်ပတ်သက်၍‘‘ရာဇဂြိုဟ် ဆည်ကိုလည်း လာကြည့်မယ်။ ရာဇဂြိုဟ်ဆည်ကို အပေါ်က နုန်း တားဆည်နဲ့ တောင်ပြိုကန်အခြေ အနေတွေပေါ့။ ပြီးရင် မဖြစ် အောင်ဘယ်လိုပြင်ဆင်ဆောင် ရွက်မယ်၊ ဖြည့်ဆည်းပေးနိုင်မယ့် အခြေအနေတွေပေါ့။ အတိအကျ ရည်ရွယ်ချက်ကြီးကတော့သူတို့ ကို မေးမှပဲသိတယ်။ ကျွန်တော် တို့ သိထားသလောက်ကတော့ သဘာဝဘေးကိစ္စဖြစ်ထားတဲ့ဟာ နဲ့ပတ်သက်လို့ပဲ လာတာ။ လတ် တလော ကျွန်တော်တို့ဆီမှာ ဖြစ် နေလို့မဟုတ်ဘူး။ သို့သော်လည်း ပဲ ဟိုတစ်လောလေးက ပြီးခဲ့တဲ့အ ပတ်က ဖြစ်ခဲ့တဲ့ ရာဇဂြိုဟ်ဆည် ရဲ့ အခြေအနေလေးရယ်၊ နောက် ကျွန်တော်တို့ရဲ့ စီစဉ်ဆောင်ရွက် ထားမှု၊ ပြီးခဲ့တဲ့နှစ်က ရေကြီးခဲ့ တဲ့ အခြေအနေမှတ်တမ်းနဲ့ တည် ဆောက်ရေးလုပ်ငန်း ပြီးစီးမှုအ ခြေအနေမှတ်တမ်းလေးရယ်။ ဒါလေးကိုပဲ ကျွန်တော်တော့ ယူ ဆပါတယ်။ တိတိကျကျတော့ ပြောရတာခက်ပါတယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်ကပြောသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်း ဒေသကြီး၌ ရေဘေးရင်ဆိုင်နေရ ခြင်း မရှိသော်လည်း ရခိုင်ပြည် နယ် ငါးမြို့နယ်တွင် ရေဘေးကြုံ တွေ့နေသည်။ လူနှစ်သောင်း ကျော် ရေဘေးသင့်ခဲ့ကာ အရေး ပေါ်နေရာ ရွှေ့ပြောင်းမှုများလည်း လုပ်ဆောင်နေရဆဲဖြစ်သည်။ ကယ်ဆယ်ရေးအကူအညီများ အ ရေးပေါ်လိုအပ်နေသော ရခိုင် ပြည်နယ်သို့ ပြည်ထောင်စုအစိုးရ အဖွဲ့တာဝန်ရှိသူများ မသွားရောက်သည့်အပေါ် ရခိုင်တိုင်း ရင်းသားအရေး ဆောင်ရွက်သူ များက ဝေဖန်နေသည်။
ရခိုင်တိုင်းရင်းသားအရေး ဆောင်ရွက်ပြီး လက်ရှိရေဘေး သင့်ဒေသများအား ကူညီကယ် ဆယ်ရေးလုပ်ဆောင်ပေးနေသူ ဥပဒေပညာရှင် ဦးစောထိန်သိန်း က ‘‘အရင်တုန်းကပြည်ထောင်စု အနေနဲ့ မြင်တယ်။ အင်န်အယ်လ် ဒီအစိုးရကတော့ အရင်အစိုးရ ထက်သာတယ်ပေါ့။ တကယ် လုပ်ပေးတော့မယ်လို့ ယုံနေတဲ့ အချိန်မှာ တကယ်တမ်းကျတော့ တစ်ခေါက်မှ လာမကြည့်ဘူး။ ရေကြီးနေတာ။ လာကြည့်ဖို့ လည်း အခုတော့မမျှော်လင့်တော့ ဘူး။ ကျွန်တော်တို့ဘာသာ ကျွန် တော်တို့ အသင်းတွေဖွဲ့တယ်။ ပြည်ပမှာနေပြီး ငွေရှာနိုင်တဲ့သူ တွေဆီကနေ အလှူခံတယ်။ အ လှူခံပြီး ကိုယ့်ဘာသာကိုယ်ပဲ လုပ်နေတယ်။ အားလည်းမကိုး တော့ဘူး။ အဲဒီလိုစိတ်ဝင်သွား တယ်’’ဟု ပြောသည်။
နိုင်ငံတော်သမ္မတရုံး ဒုညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးကမူ ရခိုင်ပြည်နယ်ရေဘေးသင့်ဒေသ များ၏ လိုအပ်ချက်ကို ရခိုင်ပြည် နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဦး ဆောင်ဖြေရှင်းနေပြီး လိုအပ်ပါက နိုင်ငံတော်အဆင့်မှ ပါဝင်မည်ဖြစ် ကြောင်း ပြောသည်။
‘‘ရခိုင်မှာ ၀န်ကြီးချုပ်သွား နေပြီ။ ၀န်ကြီးချုပ်ကို လွှတ်လိုက် ပြီ။ လောလောဆယ် ဒေသန္တရ အာဏာပိုင်ကနေ လိုအပ်တာ တွေ အားလုံးလုပ်ပေးဖို့။ အဲဒီမှာ လည်း တပ်မတော်ရော၊ လူမှု ကယ်ဆယ်ရော၊ ပြည်နယ်အစိုးရ ရော အကုန်လုံးဝင်နေပြီ။ ၀န်ကြီး ချုပ်လည်းသွားပြီ။ လိုအပ်ချက် ပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ဒီဘက်က လိုအပ်ရင်သွားမှာပေါ့ နော်။ အခုလောလောဆယ် ဟို ဘက် (စစ်ကိုင်းတိုင်းဒေသကြီး) ကို ပြင်ဆင်တာ တခြားကိစ္စလည်း ပါတယ်။ သတင်းထုတ်လိမ့်မယ် ဗျ’’ဟု ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ ရာဇဂြိုဟ်ဆည်ရေ သည် ဇူလိုင် ၃ ရက်က ရုတ်တ ရက် တိုးလာကာ စိုးရိမ်ရေမှတ် အနီး ရောက်ခဲ့သည်။ နာရီပိုင်း အတွင်း ရေ ၁၀ ပေခန့်အထိတက် ခဲ့၍ ကျိုးကျမည့်အန္တရာယ်ရှိသည် ဟု သတိပေးထားသော ဆည်အ ထက်ဘက်မှ သဘာဝမြေပြိုဆည် အခြေအနေကို ဒေသခံများက စိုး ရိမ်နေကြသည်။ အချို့ကကျိုးကျ သွားသည်ဟု ယူဆထားသော် လည်း ဆည်တာဝန်ရှိသူများကိုယ် တိုင် အတည်မပြုနိုင်ဖြစ်နေသည်။ အဆိုပါမြေပြိုဆည် ကျိုးကျပါက ရာဇဂြိုဟ်ဆည် ရေထိန်းရန် အ ခက်အခဲရှိကာ ကလေးဒေသအ တွက် ရေဘေးအန္တရာယ် စိုးရိမ် နေရကြောင်း ကလေးမြို့နယ်မှ လူမှုရေးအသင်းအဖွဲ့များကပြော သည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင် ၃ ရက်မှစကာ မိုးသည်းထန်စွာ ရွာ သွန်းခဲ့ပြီး အမ်း၊ မင်းပြား၊ ဘူးသီး တောင်၊ ကျောက်တော်နှင့် မြောက်ဦးမြို့တို့၌ ရေကြီးနစ်မြုပ် ခဲ့သည်။ ရေကြီးနစ်မြုပ်မှုကြောင့် လူဦးရေ နှစ်သောင်းကျော် ဘေး လွတ်ရာသို့ အရေးပေါ် တိမ်း ရှောင်နေရပြီး လူတစ်ဦးသေဆုံးခဲ့ ကြောင်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။
===================
251 / End
အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုသမ္မတဦးဟင် နရီဗန်ထီးယူ စစ်ကိုင်းတိုင်းဒေသ ကြီး ကလေးမြို့သို့ ယနေ့သွား ရောက်မည်ဖြစ်ပြီး လတ်တလော ရေဘေးရင်ဆိုင်နေရသည့် ရခိုင် ပြည်နယ်သို့ မသွားခြင်းအပေါ် ဝေဖန်မှုအချို့ရှိနေသည်။ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ (ဇူလိုင် ၁၀ ရက်)တွင် ကလေးမြို့သို့ သွားရောက်မည် ဖြစ်ပြီး ရာဇဂြိုဟ်ဆည်အခြေအ နေကို လာရောက်ကြည့်ရှုမည်ဟု ကနဦးသိရှိထားကြောင်း စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ဦးဟင်နရီဗန်ထီးယူ၏ ခရီး စဉ်နှင့်ပတ်သက်၍‘‘ရာဇဂြိုဟ် ဆည်ကိုလည်း လာကြည့်မယ်။ ရာဇဂြိုဟ်ဆည်ကို အပေါ်က နုန်း တားဆည်နဲ့ တောင်ပြိုကန်အခြေ အနေတွေပေါ့။ ပြီးရင် မဖြစ် အောင်ဘယ်လိုပြင်ဆင်ဆောင် ရွက်မယ်၊ ဖြည့်ဆည်းပေးနိုင်မယ့် အခြေအနေတွေပေါ့။ အတိအကျ ရည်ရွယ်ချက်ကြီးကတော့သူတို့ ကို မေးမှပဲသိတယ်။ ကျွန်တော် တို့ သိထားသလောက်ကတော့ သဘာဝဘေးကိစ္စဖြစ်ထားတဲ့ဟာ နဲ့ပတ်သက်လို့ပဲ လာတာ။ လတ် တလော ကျွန်တော်တို့ဆီမှာ ဖြစ် နေလို့မဟုတ်ဘူး။ သို့သော်လည်း ပဲ ဟိုတစ်လောလေးက ပြီးခဲ့တဲ့အ ပတ်က ဖြစ်ခဲ့တဲ့ ရာဇဂြိုဟ်ဆည် ရဲ့ အခြေအနေလေးရယ်၊ နောက် ကျွန်တော်တို့ရဲ့ စီစဉ်ဆောင်ရွက် ထားမှု၊ ပြီးခဲ့တဲ့နှစ်က ရေကြီးခဲ့ တဲ့ အခြေအနေမှတ်တမ်းနဲ့ တည် ဆောက်ရေးလုပ်ငန်း ပြီးစီးမှုအ ခြေအနေမှတ်တမ်းလေးရယ်။ ဒါလေးကိုပဲ ကျွန်တော်တော့ ယူ ဆပါတယ်။ တိတိကျကျတော့ ပြောရတာခက်ပါတယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်ကပြောသည်။