မေးခွန်း ။ ။ မနက်ဖဂျရ်နမာဇ်ဝတ်ပြုရန်အတွက် မိမိ၏ အိမ်သူအိမ်သားများကို အထူးသဖြင့် ကလေးများ နှင့်ဇနီးအား နိုးပေးရန် ကျနော်တို့ အပေါ်ဝါဂျစ်ဗ်ဖြစ်ပါသလား ?
အဖြေ။ ။။ အာယာသွလ္လာဟ် ခါမေနာအီ ။ ။မနိုးလျင် နမာဇ်ကို ပေါပေါတန်တန် သဘောထားဖို့ အခြအနေ မျိုး ဆောင်သွားမည်ဆိုလျင် နိုးရန်အရေးကြီးပါသည်။
အာယာသွလ္လာဟ် မကာရေမ် ရှီရာဇီး ။ ။ နိုးထရန် ဝါဂျစ်ဗ် မဟုတ်ပါ။ အကယ်၍ နမာဇ်ဖဂျရ်ကို မဖတ်ဖို့ အကျင့် နှင့်ပေါပေါတန်တန် သတ်မှတ်သလို ဖြစ်မည်ဆိုလျှင် ၎င်းတို့ကို နိုးထပေးရန် ဝါဂျစ်ဗ် ဖြစ်ပါသည်။
အာယာသွလ္လာဟ် ဖွာဇေလ်လန်ကရာနီ ။ ။ အကယ်၍ ၎င်းတို့အနေဖြင့် နမာဇ်ဖတ်သူများ ဖြစ်ကြမည်။ အချို့  အချိန်များတွင် မနိုးမည်ဆိုလျှင် ၎င်းတို့ကို နိုးထပေးရန် ဝါဂျစ်ဗ် မဟုတ်ပါ။ သို့သော် ၎င်းတို့အနေဖြင့် နမာဇ်ဖတ်သူများ မဟုတ်ကြမည်ဆိုလျှင် ကောင်းရာညွန်းကြား ၊မကောင်းရာတားမြစ်အရ ၎င်းတို့ကို နိုးထပေးရပေမည်။
အာယာသွလ္လာဟ် စစ်သာနီ ။ ။ သားသမီးများကို သွန်သင်သည့်အနေဖြင့် နိုးထပေးရန် ဝါဂျစ်ဗ် ဖြစ်ပါတယ်။
Ref: احکام به زبان ساده / Telrgram
မှတ်ချက် ။ ။ မိမိကိုယ်တိုင် အိမ်ထောင်ဦးစီး ဖြစ်ပြီး နမာဇ်ဖဂျရ် ဝတ်မပြုသူဆိုလျှင် မည်သူပြုကြမည်နည်း ?