အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IS အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် မူဆိုးလ်မြို့အား ပြန်လည်သိမ်းယူရေး အီရတ်စစ်တပ်က အကြီးစား ထိုးစစ်ဆင်ရန် ဆောင်ရွက်နေစဉ် အမေရိကန်စစ်သား ၄၀၀ ကျော်ကို အီရတ်တွင် ထပ်တိုးချထားလိုက်သည်ဟု သိရသည်။
အီရတ်စစ်တပ်မှာ မဟာမိတ်ဖြစ်သော Popular Mobilization တပ်ဖွဲ့များမှ စေတနာ့ဝန်ထမ်း စစ်သားများနှင့်အတူ စုပေါင်း၍ အဆိုပါထိုးစစ်ကို ဆင်နွှဲမည်ဖြစ်ပြီး၊ အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂျွန်ဒိုရီယန်က အီရတ်တွင် ချထားသည့် အမေရိကန်စစ်သားအရေအတွက်မှာ ၄၀၀၀ မှ ပြီးခဲ့သည့်တစ်ပတ်တွင် ၄၄၆၀ အထိ တိုးလာသည်ဟု ပြောကြားခဲ့သည်။
ထို့ပြင် မိုဆူးလ်မြို့၌ လက်ရှိတွင် IS စစ်သွေးကြွ ၃၀၀၀ မှ ၄၅၀၀ အထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ မည်သူက အမာခံစစ်သွေးကြွများဆိုသည်ကို ပြောဆိုရန် ခက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သော်လည်း အဆိုပါ ထိုးစစ်တွင် အမေရိကန်တပ်ဖွဲ့များက မည်သည့်ကဏ္ဍမှ ပါဝင်မည်ဆိုသည့်အကြောင်းကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
မိုဆူးလ်မြို့မှာ အိုင်အက်စ်အကြမ်းဖက်သမားများ အီရတ်တွင် အကြီးစားထိုးစစ်ဆင်ခဲ့သည့် ၂၀၁၄ ဇွန်လတွင် ၎င်းတို့လက်ထဲသို့ ကျရောက်ခဲ့ခြင်းဖြစ်သည်။
Ref : Presstv
=========================================
251/End
၁၀ စက်တင်ဘာ ၂၀၁၆ - ၁၈:၅၁
News ID: 778151
IS အကြမ်းဖက်သမားများ ထိန်းချုပ်ထားသည့် မူဆိုးလ်မြို့အား ပြန်လည်သိမ်းယူရေး အီရတ်စစ်တပ်က အကြီးစား ထိုးစစ်ဆင်ရန် ဆောင်ရွက်နေစဉ် အမေရိကန်စစ်သား ၄၀၀ ကျော်ကို အီရတ်တွင် ထပ်တိုးချထားလိုက်သည်ဟု သိရသည်။