အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီကနေ့ မနက်က ဗြိတိန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန် ဘာကောင်းနဲ့တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ် ပြန်ပါတယ်။
တွေ့ဆုံရာမှာ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနဲ့ တာဝန်ရှိသူတွေ တက်ရောက် ခဲ့ပါတယ်။
ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ Royal College of Defence Studies ကာကွယ်ရေးပညာဆိုင်ရာ တော်ဝင်ကောလိပ် (RCDS) သို့ သွားရောက်ပြီး ဗြိတိန်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာခရစ်စတိုဖာ ဒီဗရယ်၊ ကျောင်းအုပ်ကြီး တွန်ဖိလစ်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ RCDS ၌ပညာသင်ကြားနေတဲ့ မြန်မာနိုင်ငံက သင်တန်းသားနှစ်ဦးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးအောင်မြင့်ဦး၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်၊ အထောက်အကူပြုအဖွဲ့ဝင် ဦးမိုးဇော်ဦး အပါအ၀င် ဗြိတိန်နဲ့ နိုင်ငံတကာမှ သင်တန်းသား/ သင်တန်းသူတွေကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
===================
251 / End
၁၂ စက်တင်ဘာ ၂၀၁၆ - ၁၈:၂၆
News ID: 778636
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီကနေ့ မနက်က ဗြိတိန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန် ဘာကောင်းနဲ့တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ် ပြန်ပါတယ်။ တွေ့ဆုံရာမှာ နိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနဲ့ တာဝန်ရှိသူတွေ တက်ရောက် ခဲ့ပါတယ်။