၂၀ စက်တင်ဘာ ၂၀၁၆ - ၁၇:၄၈
မောင်တောတွင် ကျပ် ၁၃ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သန်းခန့် စံချိန်တင်ဖမ်းဆီးရမိ

မောင်တောမြို့တွင် စက်တင်ဘာ ၁၉ရက်က ကျပ် ၁၃ ဒသမ၇၆၃ဘီလီယံကျော်တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ဒသ မ၈သန်းကျော် စံချိန်တင်ဖမ်းဆီး ရမိခဲ့ကြောင်း မောင်တောခရိုင်ရဲ တပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးဉာဏ်ဝင်းဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 မောင်တောမြို့တွင် စက်တင်ဘာ ၁၉ရက်က ကျပ် ၁၃ ဒသမ၇၆၃ဘီလီယံကျော်တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ဒသ မ၈သန်းကျော် စံချိန်တင်ဖမ်းဆီး ရမိခဲ့ကြောင်း မောင်တောခရိုင်ရဲ တပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးဉာဏ်ဝင်းဦးက ပြောသည်။

မူးယစ်ဆေးဝါးသတင်းအရ မောင်တောမြို့နယ် သုံးမိုင်ရပ်ကွက် (မောင်တော-ဘူးသီးတောင် ကားလမ်းဘေး) ကျောက်ခွဲစက်ဝင်းအတွင်း အုတ်ပုံကို သက်ဆိုင်ရာက သွားရောက်ဖော်ယူစစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်ဆယ့်နှစ်သိန်းခန့် (တန်ဖိုး ကျပ် ၁၂ဒသမ  ၃၉,၈၀၈ဘီလီ ယံခန့်)ကို ဖမ်းဆီးရမိခဲ့ပြီး ပိုင်ရှင်ဦးညီချစ်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲတပ်ဖွဲ့မှ သိရှိရသည်။

‘‘ပြီးခဲ့တဲ့ စနေနေ့(စက်တင် ဘာ ၁၇ရက်)က စိတ်ကြွရူးသွပ် ဆေးပြားဖမ်းဆီးရမိခဲ့တာနဲ့ကွင်း ဆက်စစ်ဆေးခဲ့တာမှာ ကျောက် ကွင်းအတွင်း အုတ်ပုံကြားက ဖမ်း ဆီးရမိခဲ့တာဖြစ်ပါတယ်’’ဟု ဒုတိ ယရဲမှူးကြီးဥာဏ်ဝင်းဦးကဆို သည်။ အလားတူမူးယစ်ဆေးဝါး သတင်းအရ မောင်တောမြို့ လသာရွာရှိ အသက်(၄၀)အရွယ် ရှိ နုရူလာမိန်၏ နေအိမ်သို့သွား ရောက်ရှာဖွေစစ်ဆေးခဲ့ရာစိတ် ကြွရူးသွပ်ဆေးပြား ၆၈၂,၅၀၀ ပြား၊ တန်ဖိုးကျပ် ၁ဒသမ ၃၆၅ ဘီလီယံဖိုး ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၇ရက်က မောင်တောမြို့ သုံးမိုင်ကျောက် ကွင်းအတွင်း သဲကားပေါ်မှ စိတ် ကြွရူးသွပ်ဆေးပြား ၆၈၂,၅၀၀ပြား၊ တန်ဖိုးငွေကျပ် ၁ဒသမ ၃၆၅ဘီလီယံဖိုး ဖမ်းဆီးရမိခဲ့ပြီး အသက် (၂၈)နှစ်အရွယ် ယာဉ်မောင်းနှင့် အသက်(၃၂)နှစ်အရွယ် ကျောက်ကွင်းစာရေးတို့အား ဖမ်းဆီးစစ်ဆေးရာမှ မူးယစ်ဆေးဝါးစံချိန်တင် ထပ်မံဖမ်းဆီးရမိခြင်းဖြစ်သည်။

သြဂုတ် ၃၀ရက်နှင့် စက် တင်ဘာ ၁ရက်က စိတ်ကြွရူးသွပ် ဆေးပြား ကျပ် ၁ဒသမ၄၇၆ဘီလီ ယံတန်ဖိုးနှင့် စက်တင်ဘာ ၂ရက် က မြို့နယ်တောင်ပိုင်း အငူမော် ကမ်းခြေမှ ကျပ် ၄ဒသမ ၅၂၀ဘီ လီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်။

==================
251/End