၂၁ စက်တင်ဘာ ၂၀၁၆ - ၁၇:၄၅
ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံချစ်ကြည်ရေးခရီးသွားမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးရဲ့ ဖိတ်ကြားချက်အရ လာမယ့် နိုဝင်ဘာလမှာ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးရဲ့ ဖိတ်ကြားချက်အရ လာမယ့် နိုဝင်ဘာလမှာ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဒီခရီးစဉ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံအကြား ကနဦးစီစဉ်နေတဲ့ အခြေအနေမှာပဲ ရှိနေသေး ပြီး သွားရောက်မယ့် ရက်အတိအကျကိုတော့ မသတ်မှတ်ရသေးဘူးလို့ နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိ တဦးက ကျိုဒိုသတင်းဌာနကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ဧပြီလက လည်း အတိုက်အခံခေါင်းဆောင် တဦးအနေနဲ့ ဂျပန်နိုင်ငံကို သွားရောက် ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့ဖူးပြီး ခုတကြိမ်ကတော့ အစိုးရ အဆင့်မြင့်ခေါင်း ဆောင်တဦးအဖြစ် ပထမဆုံးအကြိမ်သွားရောက်မှာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရ အစိုးရဖွဲ့ ပြီးပြီးချင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို မြန်နိုင်သမျှအမြန်ဆုံး လာရောက် လည်ပတ်ဖို့ ရှင်ဇိုအာဘေးက ဖိတ်ခေါ်ခဲ့ဖူးသလို ခုလဆန်းပိုင်း လာအိုနိုင်ငံမှာ တွေ့ဆုံစဉ်ကလည်း ထပ်မံ ဖိတ်ကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ  ကုလသမဂ္ဂအထွေထွေညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားဖို့ လတ်တလော အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေပြီး လာမယ့် အောက်တိုဘာလ လယ်ပိုင်း လောက်မှာ အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ အစီအစဉ်ရှိနေပါတယ်။
===================    
251 / End