အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံရှိ အလုပ် ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေ များကို နိုဝင်ဘာတွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)အစည်းအဝေး သို့ တင်ပြမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသိန်းဆွေက ပြော ကြားသည်။
စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်က အလုပ်သမားဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေးအခြေ အနေများ တိုးတက်မှုရှိလာ ကြောင်း ILO အစည်းအဝေးမတိုင် မီ ပြသနိုင်ခဲ့ခြင်းကြောင့် နိုင်ငံ အတွက် များစွာအထောက်အကူ ရရှိနိုင်စေမည်ဟု ပြည်ထောင်စု ဝန်ကြီးက ဆိုသည်။
‘‘ဒီဆွေးနွေးပွဲကနေတစ် ဆင့် မြန်မာနိုင်ငံမှာ အလုပ်ရှင်၊ အလုပ်သမားတွေ ပွင့်ပွင့်လင်း လင်း ဆက်ဆံဆွေးနွေးမှုတွေ ရှိ နေတယ်ဆိုတာ နိုင်ငံတကာအဖွဲ့ အစည်းတွေ သိသွားကြတယ်။ ဒါက နိုဝင်ဘာမှာလုပ်မယ့် ILO အစည်းအဝေးမှာ မြန်မာနိုင်ငံ အခြေအနေကို အကောင်းဘက် က ချပြနိုင်တဲ့အထိ အထောက် အကူရရှိနိုင်ခဲ့တယ်’’ဟု ဦးသိန်း ဆွေက ပြောသည်။
နှစ်ရက်ကြာ ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲကို ILO အပါ အဝင် ဆွစ်ဇာလန်၊ ဥရောပသမဂ္ဂ၊ဂျပန်နှင့် အမေရိကန်တို့က ပံ့ပိုး ကူညီခဲ့ပြီး အလုပ်ရှင်၊ အလုပ် သမားဆက်ဆံရေး အခြေအနေ များအပေါ် အသိအမှတ်ပြု ထောက်ခံခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် အစိုးရ၊လွှတ်တော်၊ အလုပ်ရှင်၊ အလုပ် သမားကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် သဘောထားအမြင်များကို ပွင့် လင်းစွာ တောင်းဆိုပြောကြားမှု များ ရှိခဲ့ခြင်းအပေါ် ၎င်းတို့က အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။
‘‘မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် ဆက်ဆံမှုအခြေအနေက အရမ်း ကို တိုးတက်မှုရှိလာတယ်လို့မြင် တယ်။ ဒီထက်တိုးတက်ပြောင်းလဲ လာဖို့အတွက် ILO က ဆက်လက် ကူညီပေးဖို့ ဆန္ဒရှိပါတယ်’’ဟု ILO အဖွဲ့ အာရှ - ပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူးမစ္စတိုမို ကိုနီရှိမိုကိုက ပြောသည်။
မြန်မာနိုင်ငံအတွက် ကုန် သွယ်မှုလမ်းပွင့်ရန် အလားအလာ ကောင်းသည့် ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့ကလည်း မြန်မာနိုင်ငံရှိ အလုပ်ရှင်၊ အလုပ် သမားဆက်ဆံမှု အခြေအနေ အပေါ် ထောက်ခံမှုရှိလာခြင်း ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝင် ရောက်ရန် အထောက်အပံ့ရရှိနိုင် သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။
မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် များ နိုင်ငံတကာ စံနှုန်းမီဖြစ်ပေါ် စေရေး အဆိုပါနိုင်ငံများက ဆက်လက်ကူညီပံ့ပိုးမှုပေးရန် ကမ်းလှမ်းမှုများ ပြုလုပ်ထားကြသည်။
===================
251 / End
၁ အောက်တိုဘာ ၂၀၁၆ - ၁၉:၀၆
News ID: 782661
မြန်မာနိုင်ငံရှိ အလုပ် ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေ များကို နိုဝင်ဘာတွင် ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)အစည်းအဝေး သို့ တင်ပြမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသိန်းဆွေက ပြော ကြားသည်။