၆ အောက်တိုဘာ ၂၀၁၆ - ၁၆:၂၆
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော်နှစ်ရပ်စလုံးအတည်ပြု

နိုင်ငံတကာမှ လာ ရောက် ရင်းနှီးမြှုပ်နှံသူများယုံ ကြည်စိတ်ချစွာ လုပ်ငန်းများလုပ် ကိုင်နိုင်ရန်နှင့် နိုင်ငံသားရင်းနှီး မြှုပ်နှံသူများကို အစိုးရက အကူ အညီပေးမည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတကာမှ လာ ရောက်  ရင်းနှီးမြှုပ်နှံသူများယုံ ကြည်စိတ်ချစွာ လုပ်ငန်းများလုပ် ကိုင်နိုင်ရန်နှင့် နိုင်ငံသားရင်းနှီး မြှုပ်နှံသူများကို အစိုးရက အကူ အညီပေးမည့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုခဲ့သည်။

ပြည်သူ့လွှတ်တော်က ပြင် ဆင်ချက်များဖြင့် အတည်ပြုခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို ပြင်ဆင်ချက် တစ်စုံတစ်ရာမရှိဘဲ အောက်တိုဘာ ၅ ရက်တွင် အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ်သဘောတူပြီး ဖြစ်၍ မြန်မာနိုင်ငံသားရင်းနှီးမြှုပ် နှံမှုဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုဥပဒေတို့ကို ပေါင်းစပ်ရေးဆွဲ ထားသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုဥပဒေကြမ်းမှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသကဲ့သို့ မှတ်ယူရမည်ဖြစ်သည်။


 ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် မြေငှားရမ်းမှုနှင့် ဖွံ့ဖြိုးမှု နည်းပါးသည့်နေရာများတွင် ရင်း နှီးမြှုပ်နှံပါက အခွန်သက်သာခွင့် များဥပဒေ၌ ပေးထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးကျော်စိုးလင်းက ပြောကြားသည်။

‘‘နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ သူတွေက ငွေကြေးချမ်းသာတဲ့သူ တွေရှိတယ်။ နည်းပညာကြွယ်ဝ တဲ့ သူတွေလာမှာဖြစ်တဲ့အတွက် ဥပဒေမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံသူ တွေကို ငွေကြေး(ဒါမှမဟုတ်) နည်းပညာကို အကူအညီအ ထောက်အပံ့ပေးမယ်။ နောက် တစ်ချက်က  မြေယာငှားရမ်းမှုနဲ့ ပတ်သက်ပြီးတော့  ဦးစားပေး မယ်’’ဟု အစိုးရက  နိုင်ငံသားရင်း နှီးမြှုပ်နှံသူများအား  အကူအညီ ပေးမည့် အချက်နှစ်ချက်ကို ဦး ကျော်စိုးလင်းက  ပြောသည်။

ဥပဒေကြမ်းတွင် လုပ်ငန်းအ လိုက် လုပ်ကိုင်ခွင့်ရမည့် ကာလ ကို နှစ် ၃၀ မှ နှစ် ၅၀ အထိ သတ် မှတ်ထားပြီး ရင်းနှီးမြှုပ်နှံမှုအချိုး ကို နည်းဥပဒေ၌ ထည့်သွင်းမည် ဟု လွှတ်တော်ကိုယ်စားလှယ်များ ထံမှ သိရသည်။

  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းသည် သဘာဝပတ် ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော တာဝန်ယူမှုရှိ သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အဓိက ထားရည်ရွယ်ရေးဆွဲထားသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

 မြန်မာနိုင်ငံအပေါ် စီးပွား ရေး အရေးယူပိတ်ဆို့မှုများဖယ် ရှားပေးမည်ဟု အမေရိကန်သမ္မ တအိုဘားမားက နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ဆုံရာတွင် ပြော ကြားပြီး ရက်ပိုင်းအကြာ၌ ယင်း ဥပဒေကြမ်းကို ပြည်သူ့လွှတ် တော်သို့ တင်သွင်းခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်က အ တည်ပြုသော ဥပဒေကြမ်းအရ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ခွင့်ပြုမိန့်ရပြီးနောက် ကနဦးအနေဖြင့် နှစ် ၅၀ အထိ လုပ်ငန်းလုပ်ကိုင်နိုင်ပြီး သတ်မှတ်ချက်များနှင့် မြေယာ(သို့မဟုတ်) အဆောက်အအုံတို့ကို ငှားရမ်းနိုင် ကြောင်း သိရသည်။

  ‘‘ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ရပ်ကို ပေါင်းစည်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာနဲ့ ဒေသတွင်း သဘောတူညီချက်များနှင့်လိုက် လျောညီထွေဖြစ်ပြီး ရင်းနှီးမြှုပ်နှံ သူတွေအနေနဲ့ ပိုမိုအဆင်ပြေ ချောမွေ့ပြီး နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုများ တိုးတက်လာမှာဖြစ် ပါတယ်’’ဟု အမျိုးသားလွှတ် တော်ဥက္ကဋ္ဌက ပြောသည်။

ပြည်သူ့လွှတ်တော်က ပေးပို့ လာသော အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီက ပြင်ဆင်ဖြည့် စွက်မှုမပြုခဲ့သည့်အပြင် လွှတ် တော်   ကိုယ်စားလှယ်များက လည်း ဆွေးနွေးခြင်းမပြုဘဲ ပြည် သူ့လွှတ်တော်၏အတည်ပြုချက် အတိုင်းပင် နှစ်ရက်အတွင်း အ တည်ပြုခဲ့ခြင်းဖြစ်သည်။

===================    
251 / End