အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော လူ ၃၀၀ ကျော်ပါသည့် အောင်စိုးမိုးကျော်ရေယာဉ်သည် ချင်းတွင်းမြစ်အတွင်း အောက်တိုဘာ ၁၄ ရက် နံနက် ၅ နာရီခန့်က ကနီမြို့နယ်အတွင်း နစ်မြုပ်ခဲ့ရာ လေးဦးသေဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ညနေ ၄ နာရီအထိ ခရီးသည် ၁၅၄ ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ကလေးငယ်တစ်ဦး အပါအ၀င် လူလေးဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းစမ်းအေးကပြောသည်။
‘‘နစ်မြုပ်သွားတဲ့ရေယာဉ်က တော့ ရေအောက် ပေ ၈၀ နီးပါး မှာ လုံးလုံးမြုပ်သွားတယ်။ ရေ ယာဉ်ပေါ်က ခရီးသည်ရော ကုန် ပါများပြီး မိကျောင်းတွင်းကျေးရွာ အနီးက မြစ်ကွေ့မှာ အရှိန်မထိန်း နိုင်ဘဲ တိမ်းမှောက်သွားတာလို့ ယူဆရပါတယ်’’ဟု ဦးမင်းစမ်းအေးကပြောသည်။
အောင်စိုးမိုးကျော်ရေယာဉ် တွင် လိုက်ပါလာသော ခရီးသည် အရေအတွက်ကို ထုတ်ပြန်ကြေ ညာနိုင်ခြင်း မရှိသောကြောင့် ပျောက်ဆုံးနေသော ခရီးသည်အ ရေအတွက် အတိအကျကို သိရှိနိုင်ရန် အခက်အခဲရှိနေသည်။
‘‘ရေယာဉ်ပေါ်မှာ ခရီးသည် များတဲ့အတွက် အန္တရာယ်ရှိတဲ့အ ကြောင်းကို ရေယာဉ်တာဝန်ရှိသူ တွေကိုသတိပေးခဲ့တယ်။ ကျောင်း ပြန်သူတွေရော၊ စာမေးပွဲဖြေမယ့် သူတွေရော၊ ၀န်ထမ်းတွေရောဆို တော့ ခရီးသည်တော်တော်များ တယ်။ နံနက် ၄ နာရီခွဲနဲ့ ၅ နာရီ ၀န်းကျင်မှာ ဘာမှမတိုက်ဘဲ ၀ုန်းခနဲဆိုမြုပ်သွားတယ်။ သင်္ဘောကုန်းပတ်ကလွဲရင် ခရီးသည်တွေရော၊ ဆိုင်ကယ်တွေလည်း ဆယ်စီးကျော်လောက်ပါတယ်။ ခရီးသည်အားလုံး သုံးရာကျော် လောက်ပါတယ်’’ဟု အသက်ရှင်လွတ်မြောက်ခဲ့သော ဦးအောင် ကျော်ဦးကပြောသည်။
နစ်မြုပ်ခဲ့သော ရေယာဉ်သည် ဟုမ္မလင်းမြို့မှ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် မုံရွာမြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ် သည်။
‘‘မော်တော်မြုပ်တော့ ခရီး သည်တွေက ကမ်းပါးကို ခုန်ချ ကြတော့ ရွာက၀ိုင်းပြီး ဆယ်ကြ တယ်။ ကယ်ကြပါဦး၊ လုပ်ကြပါ ဦး အော်သံတွေကြားပြီး ခဏအ ကြာမှာ မော်တော်ကြီးက မြုပ် သွားတယ်’’ဟု ကနီမြို့နယ် မိ ကျောင်းတွင်းကျေးရွာ ဒေသခံဒေါ်ဝိုင်းကြည်ကပြောသည်။
သို့သော် ပြန်ကြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ရာ တွင် ရေယာဉ်ပေါ်၌ ခရီးသည် ၁၈၀ ဦးခန့်သာ ပါဝင်ပြီး ၁၅၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ သုံးဦးသေဆုံးပြီး ၁၉ ဦးသာ ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။
အသက်ရှင်လွတ်မြောက်ခဲ့ သူများကို ကနီမြို့နယ် မိကျောင်းတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ၉၀ ဦး၊ ကင်းကျေးရွာတိုက်နယ်ဆေးရုံတွင် ၄၁ ဦးနှင့် ကင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ၂၃ ဦး ကူညီကယ်ဆယ်ထားပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်အားပေးခဲ့ကြသည်။ ထို့နောက် ၎င်းတို့နေရပ်ပြန်ရေး စီစဉ်ပေးနေသည်။
===================
251 / End
၁၆ အောက်တိုဘာ ၂၀၁၆ - ၁၅:၂၄
News ID: 785895
ဟုမ္မလင်းမြို့မှ မုံရွာမြို့သို့ ထွက်ခွာလာသော လူ ၃၀၀ ကျော်ပါသည့် အောင်စိုးမိုးကျော်ရေယာဉ်သည် ချင်းတွင်းမြစ်အတွင်း အောက်တိုဘာ ၁၄ ရက် နံနက် ၅ နာရီခန့်က ကနီမြို့နယ်အတွင်း နစ်မြုပ်ခဲ့ရာ လေးဦးသေဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။