၁၈ အောက်တိုဘာ ၂၀၁၆ - ၁၉:၄၉
ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနိုင်ငံက အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆို

အိန္ဒိယနိုင်ငံမှာ ဒေလီမြို့မှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနိုင်ငံက Rashtrapati Bhavan နိုင်ငံတော် ဧည့်ဂေဟာမှာ တရားဝင်အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယနိုင်ငံမှာ ဒေလီမြို့မှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယနိုင်ငံက Rashtrapati Bhavan နိုင်ငံတော် ဧည့်ဂေဟာမှာ တရားဝင်အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။

အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် ကြိုဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုခြင်းခံယူခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတ ပရာနဘ်မူခါဂျီးနဲ့လည်းတွေ့ဆုံပြီး နှစ်နိုင်ငံ ဖြစ်ပေါ်တိုး တက်မှုတွေနဲ့ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေး ပိုမိုမြှင့်တင်ရေး အပါအဝင် ဒေသဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေး ဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အိန္ဒိယလွတ်လပ်ရေးခေါင်းဆောင် မဟတ္တမဂန္ဒီ အထိမ်းအမှတ် ဂူဗိမ္မာန်သို့ သွားရောက်ပြီး ပန်းခွေချ ဂါရ၀ပြုခဲ့ပြီး အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆုရှ်မာဆွာရက်ဂ်ျနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

===================    
251 / End