အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယနေ့ သြဂုတ်လ ၂၅ရက်နေ့ တွင် အီရန်အစ္စလာမ့်သမ္မတ နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဟစန် ရူဟာနီ မှ တီဟီရန်ခရီးစဉ် အတွက် ရောက်ရှိလာသည့် ရာထူးတူ ဘော့စနီးယား သမ္မတ ဘာကဲရ် အေဇက်သ် ပီဂူဝီးဂ်ျ အား လှိုက်လှဲစွာ တရားဝင် ကြိုဆို မှု ပြုခဲ့ပြီး အထူးသီးသန့် တွေ့ဆုံ ဆွေး နွေးမှု ကို ပြုခဲ့ပါတယ်။ ပြီးနောက် နှစ်နိုင်ငံ သမ္မတ မှ အသီးသီး သတင်းစာ ရှင်းလင်းပွဲ အတွက် ဆင့်ပေါ် သို့ တက်ရောက်နေရာယူပြီး မိန့် ခွန်းများ ပြောကြားခဲ့ပါတယ်။
အီရန်အစ္စလာမ့် သမ္မတ နိုင်ငံ ၊ ဘော့စနီးယား နိုင်ငံ တို့၏ အကြီးအကဲ များ မှ စီးပွားရေး ၊ကုန်သွယ်ရေး ၊ ယဉ်ကျေးမှု ၊ ပုဂ္ဂလိက ကဏ္ဍ များ တွင် တစ်ဦး နှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရန် အလေး ပေး ပြောကြားခဲ့ကြပါတယ်။
သမ္မတကြီး H.I ဒေါက်တာ ဟစန် ရူဟာနီ အနေဖြင့် အစ္စလာမ် သာသနာ သည် ငြိမ်းချမ်းရး နှင့် ညီအစ်ကိုမောင်နှမ စိတ်ဓာတ်ကို ဖော်ဆောင်ပေးသည့် သသနာ ဖြစ်ကြောင်း ကမ္ဘာပေါ် ရှိ လူမျိုး စုတိုင်း ကို ငြိမ်းချမ်းစွာ စုပေါင်းနေထိုင်ဖို့ အတွက် ဖိတ်ခေါ် ကြောင်း မိန့်ကြားခဲ့ပါတယ်။
သမ္မကြီးမှဆက်လက်ပြီးတရားမျှတမှုကိုအခြေခံထားသည့်အစ္စလာမ်သာသနာတော်ကိုထွန်းကားအောင်ပြုလုပ်ခြင်းဖြင့်ဥရောပတိုက်ရှိမွတ်စလင်မ်များအထူးသဖြင့်ဘော့စနီးယားမွတ်စလင်မ်များ၏ပတ်ဝန်ကျင်းအတွက်အရေးကြီးသည့်ယဉ်ကျေးမှုအတွက်အခြေခံကိုဖြစ်စေနိုင်ကြောင်းပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီးသမ္မတကြီးမှ ကမ္ဘာ ပိတ်ဆို့ မှုများ ကြောင့် အီရန် နှင့် ဘော့စနီးယား နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အထူး တိုးတက်မှု မရှိခဲ့ကြောင်း သို့သော်ယခုအခါ အီရန်နျူလီးယား ကိစ္စ အဆင်ပြေပြီး စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်း လိုက်သည့်အတွက် စီးပွားရေး ကဏ္ဍများ ကို ပူးပေါင်း ဆောင်ရွက်ဖို့ လမ်း ပွင့်လာ ကြောင်း ပြောကြားခဲ့ပါတယ်။
ရူဟာနီမှ မိမိနှင့်ရာထူးတူ ဘော့စနီးယား သမ္မတကြီး နှင့်အတူ မိမိတို့ နှစ်နိုင်ငံ ၏ စီးပွားရေး ၊ကုန်သွယ်ရေး ၊ ယဉ်ကျေးမှု ၊ ပုဂ္ဂလိက ကဏ္ဍ များ တွင် တစ်ဦး နှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရန် ဆက်သွယ်ရေး ပိုမိုကျယ်ပြန့်လာရန် အတွက် အပြန် အလှန် ဆွေး နွေးမှု ကို ပြုခဲ့ပါတယ်။
ရူဟာနီ အနေဖြင့် အီရန် နှင့် ဘော့စနီးယား နှစ်နိုင်ငံ စီးပွားရေး ကော်မရှင် အစည်းအဝေး ကို လာမည့် ဒီဇင်ဘာလ တွင် စာရာယေဗိုလ် တွင် ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။၎င်းအစည်းအဝေး တွင် နှစ်နိုင်ငံ မှ အကြေီးအကဲများ ကဏ္ဍစုံ အတွက် ပူးပေါင်းဆောင်ရွက် ရန် အပြန်အလှန် ညှိနှိုင်း ဆွေးနွေး သွား ကြမည် ဖြစ်ပါတယ်။
အီရန် အစ္စလာမ့် သမ္မတ H.I ဒေါက်တာ ဟစန် ရူဟာနီ အနေဖြင့် ဘော့စနီးယား သမ္မတ ၏ အီရန်ခရီးစဉ် သည် နှစ်နိုင်ငံ ပူးပေါင်းချစ်ကြည်ရေး အတွက် အရေးပါသည့်နေရာတွင် ရှိမည် ဖြစ် ကြောင်း မိမိအနေဖြင့် မျှောင်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘော့စနီးယား သမ္မတ အနေဖြင့် အီရန် အစ္စလာမ့်သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ ဒေါက်တာ လာရီ ဂျာနီ နှင့် လည်း တွေ့ဆုံ ဆွေးနွေး မည်ဖြစ်ကြောင်း ၊ အီရန် နိုင်ငံ သမိုင်းဝင် မြို့များ မှ တစ်မြို့ ဖြစ်သည့် အစ္စဖဟန် မြို့ သို့လည်း သွားရောက်မည် ကြောင်း သင်းရရှိ ပါတယ်။
=========
251 / end
၂၅ အောက်တိုဘာ ၂၀၁၆ - ၁၈:၄၆
News ID: 787803
အီရန်အစ္စလာမ့် သမ္မတ နိုင်ငံ ၊ ဘော့စနီးယား နိုင်ငံ တို့၏ အကြီးအကဲ များ မှ စီးပွားရေး ၊ကုန်သွယ်ရေး ၊ ယဉ်ကျေးမှု ၊ ပုဂ္ဂလိက ကဏ္ဍ များ တွင် တစ်ဦး နှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရန် အလေး ပေး ပြောကြားခဲ့ကြပါတယ်။