အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဦးနေ၀င်းရဲ့ မြေးနှစ်ဦးဖြစ်တဲ့ ကိုကျော်နေ၀င်းနဲ့ ကိုဇွဲနေ၀င်းတို့ဟာ ရှမ်းပြည်နယ်အစိုး ရအဖွဲ့နဲ့တွေ့ပြီး မူဆယ်လေယာဉ်ကွင်း တည်ဆောက်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။
အောက်တိုဘာ ၂၇ ရက်က ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့အဖွဲ့တို့ကို သူတို့နှစ်ဦးက သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။
“မူဆယ်လေယာဉ်ကွင်း တည်ဆောက်ချင်တယ်ပေါ့၊ အဲ့ဒါကို သူတို့ လျှောက်ထားချင်တယ်ပေါ့၊ မနက် ၉နာရီခွဲလောက်ကနေ ၁၀နာရီလောက်အထိ နာရီဝက်လောက် သူတို့ လာတင်ပြတယ်။ ကျနော်တို့ဘက်က လောလောဆယ် လေယာဉ်ကွင်းတည်ဆောက်ဖို့ အစီအစဉ် မရှိသေးဘူးဆိုတာ ပြောပြတယ်။”
မူဆယ်လေယာဉ်ကွင်း တည်ဆောက်လိုတယ်ဆိုပြီး အရင် အစိုးရလက်ထက်ကတည်းက တင်ပြထားတဲ့ ကုမ္ပဏီ ၃ ခု ရှိပြီး အဲ့ဒီထဲ ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ အရင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဦးစိုင်းအိုက်ပေါင်းရဲ့ ကုမ္ပဏီ၊ နယူးစတားလိုက်ကုမ္ပ ဏီတို့ဖြစ်ကြပါတယ်။
အခု အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးနှစ်ဦးကတော့ Ominifocus ဆိုတဲ့ ကုမ္ပဏီအနေနဲ့ လာရောက်တင်ပြတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ပြည်နယ်အတွင်း မီးလင်းရေးအတွက် ဆိုလာစနစ်သုံး မီးရရှိရေးလုပ်ငန်း လုပ်ဆောင်လိုကြောင်းလည်း ပြည်နယ်အစိုးရကို တင်ပြခဲ့ကြပါတယ်။
ရှမ်းပြည်နယ်အစိုးရနဲ့ ဦးနေ၀င်း မြေးနှစ်ဦးပိုင် ကုမ္ပဏီတို့ ပထမဆုံး ရှေပြေး တွေ့ဆုံကြတာဖြစ်ပြီး တစုံတရာ သဘောတူခဲ့ကြတာ မရှိပါဘူး။
===================
251 / End
၂၉ အောက်တိုဘာ ၂၀၁၆ - ၂၀:၀၅
News ID: 788640
ဦးနေ၀င်းရဲ့ မြေးနှစ်ဦးဖြစ်တဲ့ ကိုကျော်နေ၀င်းနဲ့ ကိုဇွဲနေ၀င်းတို့ဟာ ရှမ်းပြည်နယ်အစိုး ရအဖွဲ့နဲ့တွေ့ပြီး မူဆယ်လေယာဉ်ကွင်း တည်ဆောက်ရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။