၂၉ အောက်တိုဘာ ၂၀၁၆ - ၂၀:၂၂
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိသွားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်မှ တာဝန်ရှိသူများက ကြိုဆိုစဉ် (ဓာတ်ပုံ − ကာကွယ်ရေးဦးစီးချုပ်ရုံး) တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာသွားကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့သို့ ရောက်ရှိသွားသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တရုတ်ပြည်သူ့လွှတ်မြောက်ရေးတပ်မတော်မှ တာဝန်ရှိသူများက ကြိုဆိုစဉ် (ဓာတ်ပုံ − ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးထွက်ခွာသွားကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင် သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ အောက်တိုဘာ၂၈ ရက်ကထွက်ခွာသွားကြောင်း တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး အပါအ၀င် တပ်မတော်အဆင့် မြင့် အရာရှိကြီးများ လိုက်ပါသွားသည်။

      မြန်မာ့တပ်မတော်နှင့်တရုတ်နယ်စပ်အခြေစိုက် ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSP/UWSA) တို့အကြား တင်းမာမှုများ ဖြစ်ပွားနေသည့် အချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တရုတ်နိုင်ငံခရီးစဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ နှောင်းပိုင်းမှစ၍ မိုင်းလားဒေသ အတွင်းက အင်အားအလုံးအရင်း ဖြင့် ၀င်ရောက်တပ်စွဲထားသည့် UWSP/UWSA တပ်ဖွဲ့များကို အောက်တိုဘာ ၂၄ ရက် နောက် ဆုံးထားဆုတ်ခွာပေးရန် တပ်မ တော်က ညွှန်ကြားထားသည်။ ထို့နောက် မြန်မာ့တပ်မတော်နှင့် တရုတ်နယ်စပ် အခြေစိုက် အင် အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တင်းမာမှုအချို့ဖြစ်ပွားနေခြင်းဖြစ်သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က အ ကြောင်းအရာတစ်ခု ဖြစ်ပွားမှ ရုတ်တရက် သွားလာခြင်းမျိုး မဟုတ်ဘဲ ကြိုတင်စီစဉ်ထားသည့် ခရီးစဉ်မျိုးသာ ဖြစ်နိုင်ကြောင်း သုံးသပ်သည်။ ထို့အပြင် ဒေါ် အောင်ဆန်းစုကြည်၏ တရုတ် နိုင်ငံ ခရီးစဉ်အတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံ အားပေးရန် တရုတ်နိုင်ငံခေါင်း ဆောင်များအား ပြောကြားခဲ့ပြီး တရုတ်ဘက်ကလည်း လိုက်ပါ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ခြင်းကြောင့် တပ်ချုပ်၏ ခရီးစဉ်မှာလည်း ပြည်တွင်းငြိမ်း ချမ်းရေးဖြစ်စဉ်အပေါ် ပိုမိုကောင်းမွန်မည်ဟု ယူဆကြောင်း ဦးစည် သူအောင်မြင့်က ဆက်လက်ပြော သည်။

‘‘ဒီလိုအချိန်မျိုးမှာ တပ်ချုပ် သွားတယ်ဆိုတော့ တပ်ချုပ်က လည်း အဲဒီကိစ္စတွေကို ပြောမှာ ပဲ။ မြန်မာပြည်ငြိမ်းချမ်းရေးကို ကူညီဖို့ ဘာဖို့ပေါ့။ တရုတ်ဘက် ကလည်း အဲဒီ အကြောင်းတွေ ဆွေးနွေးဖြစ်ကြမယ်လို့ ထင်ပါ တယ်။ ဒီလောက်ပါပဲ။ ဘာပဲပြော ပြော မြန်မာပြည်ငြိမ်းချမ်းရေးအ တွက် ပိုကောင်းမယ်လို့ မြင်ပါ တယ်’’ ဟု ၎င်းက မှတ်ချက်ပြု သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် သြဂုတ်လအတွင်းက လေးရက်ကြာ ချစ်ကြည်ရေးခရီး စဉ်သွားရောက်ပြီး တရုတ် သမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ ဆုံခဲ့သည်။

===================    
251 / End