အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မန္တလေးမြို့ ရေပေးဝေ ရေးစနစ် တိုးတက်ကောင်းမွန်ရေး ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (AFD)က ယူရိုသန်း ၄၀ ကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီသို့ ချေးပေးရန် အောက်တိုဘာ ၂၁ ရက်က နှစ် ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ရေပေးဝေရေး လုပ်ငန်းများ တိုးတက်ကောင်းမွန် ရေးအတွက် လိုအပ်သည့် ချေး ငွေယူရိုသန်း ၄၀၊ ( ဒေါ်လာ ၄၆ သန်းခန့်)ကို ပြင်သစ်နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ (AFD) က ဆိုင်းငံ့ကာလ ခုနစ်နှစ်၊ပြန်လည် ပေးဆပ်ရမည့်ကာလ နှစ် ၂၀၊ အ တိုးနှုန်း ၁ ရာခိုင်နှုန်းခန့်ဖြင့် ချေး ပေးခြင်းဖြစ်သည်ဟု မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မ တီတာဝန်ရှိသူများက ပြောကြား သည်။
‘‘ငွေချေးဖို့ နှစ်ဖက်လက် မှတ်ရေးထိုးစာချုပ်တာပါ။ လော လောဆယ်ငွေကတော့ မရသေး ဘူး။ နှစ်လ၊သုံးလနေမှရမယ်ထင် တယ်’’ဟု မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီ တွဲ ဖက်အတွင်းရေးမှူး ဦးသက်နိုင် ထွန်းကပြောသည်။
ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့ (AFD) ၏ ချေးငွေယူရို သန်း ၄၀ ဖြင့် မန္တလေးမြို့၏ ရေ ပေးဝေရေးလုပ်ငန်းများ တိုးတက် ကောင်းမွန်လာအောင် လုပ် ဆောင်မည်ဖြစ်ပြီးလာမည့်၂၀၂၀ တွင် မန္တလေးစည်ပင်သာယာနယ် နိမိတ် မြို့နယ်လေးမြို့နယ်မှ လူ ဦးရေ ၉၀ ရာခိုင်နှုန်းဖြစ်သည့် လူ ခုနစ်သိန်းကို ၂၄ နာရီ မပြတ်ပိုက်လိုင်းစနစ်ဖြင့်သန့်ရှင်းသော ရေ ပေးဝေနိုင်ရန် လုပ်ဆောင်မည်ဟု စည်ပင်သာယာမှ သတင်းရရှိ သည်။
ထို့အတွက် ရေတွန်းစက် များ လှဲလှယ်တပ်ဆင်ခြင်း၊ ရေ ပိုက်လိုင်းများ တိုးချဲ့ချထားခြင်း နှင့် ရေလှောင်ကန်များ တိုးချဲ့ တည်ဆောက်ခြင်းများ လုပ် ဆောင်မည်ဟု တာဝန်ရှိသူများက ဆိုသည်။
လက်ရှိတွင် မန္တလေးစည် ပင်နယ်နိမိတ်အတွင်းမြို့နယ် လေးမြို့နယ်ဖြစ်သည့် အောင်မြေ သာစံ၊ ချမ်းအေးသာစံ၊ မဟာ အောင်မြေနှင့် ချမ်းမြသာစည်မြို့ နယ်တို့တွင် လူဦးရေ၏ ၇၀ ရာ ခိုင်နှုန်းခန့်ကိုသာ မန္တလေးစည်ပင် သာယာကပိုက်လိုင်းစနစ်ဖြင့် ရေ ဖြန့်ဝေမှု ပြုလုပ်နေနိုင်ပြီး ချမ်းမြ သာစည်နှင့် ပြည်ကြီးတံခွန်မြို့ နယ်တို့တွင် စည်ပင်သာယာ က ပိုက်လိုင်းစနစ်ဖြင့် ပေးနိုင်ခြင်း မရှိသေးပေ။
ပြင်သစ်ချေးငွေရယူကာရေ ပေးဝေရေးလုပ်ငန်းများ အဆင့် မြှင့်တင်ပြီးနောက် ချေးငွေပြန် လည်ပေးဆပ်ရမည့်ကာလများ တွင် ရေသုံးစွဲယူနစ်ခများ တိုး မြှင့်ကောက်ခံမည်ဖြစ်ပြီး ချေး ငွေကြောင့် ၀န်ပိစေမည်မဟုတ်ဘဲ သတ်မှတ်ကာလအတွင်း ပြန် လည်ပေးဆပ်နိုင်မည်ဟု စည်ပင် သာယာမှ သတင်းရရှိသည်။
ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့(AFD)၏ အတိုးနှုန်းနည်း ပြီး ချေးငွေယူရိုသန်း ၄၀ သည် မန္တလေးမြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Mandalay Urban Services Improvement Project) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် ရေပေးဝေရေးလုပ်ငန်း အတွက် ချေးပေးအပ်ခြင်းဖြစ် သည်။
မန္တလေးမြို့ပြဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းတွင် မြို့ရေ ပေးဝေရေးစနစ် တိုးတက် ကောင်းမွန်ရေး၊ ရေဆိုးပစ်စနစ် နှင့် ရေမြောင်းများ တိုးတက် ကောင်းမွန်ရေး၊ အမှိုက်စွန့်ပစ် သိမ်းဆည်းစနစ် ကောင်းမွန်ရေး နှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည် တိုးတက်ကောင်းမွန်ရေးဟူ၍ အပိုင်းလေးပိုင်းပါဝင်မည်ဖြစ် သည်။
အဆိုပါစီမံကိန်းလုပ်ငန်း တစ်ခုလုံးကို အကောင်အထည် ဖော်ရန် အမေရိကန်ဒေါ်လာသန်း ၁၃၀ ခန့် ကုန်ကျမည်ဖြစ်ပြီး လို အပ်သည့်ရင်းနှီးငွေကို ပြင်သစ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AFD) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့က ငွေချေးပေးရန် ယခင် အစိုးရလက်ထက်ကတည်းက သဘောတူညီမှုရရှိထားခြင်းဖြစ် သည်။
မန္တလေးမြို့ပြဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်းက ရေဆိုးပစ်စ နစ်နှင့်ရေမြောင်းများ တိုးတက် ကောင်းမွန်ရေး လုပ်ဆောင်ရန် လိုအပ်သည့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၆၀ကိုလည်း အာရှ ဖွံ့ဖြိုးရေးဘဏ် ADB ကမန္တလေး စည်ပင်အား ချေးပေးရန် နှစ်ဖက် သဘောတူညီမှု ရရှိထားပြီးဖြစ် သည်ဟု စည်ပင်သာယာမှ သတင်းရရှိသည်။
===================
251 / End
မန္တလေးမြို့ ရေပေးဝေရေး ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ယူရိုသန်း ၄၀ကို မန္တလေးစည်ပင်အား ချေးမည်
၃၁ အောက်တိုဘာ ၂၀၁၆ - ၂၀:၀၅
News ID: 789026
မန္တလေးမြို့ ရေပေးဝေ ရေးစနစ် တိုးတက်ကောင်းမွန်ရေး ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (AFD)က ယူရိုသန်း ၄၀ ကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီသို့ ချေးပေးရန် အောက်တိုဘာ ၂၁ ရက်က နှစ် ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ ကြောင်း သတင်းရရှိသည်။