အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်အရေးတရားဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာအစိုးရ၏ ရခိုင်အရေးအားထုတ်မှုကို ထောက်ခံသည့်အနေဖြင့် ဂျပန်က ရေယာဉ်သစ်တစ်စီးလှူဒါန်း
အိန္ဒိယနှင့် ဆက်ဆံရေးအားကောင်းအောင် ဖော်ဆောင်ရန် မြန်မာနှင့် ဂျပန်နှစ်နိုင်ငံသဘောတူထား
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုး ပမ်းအားထုတ်နေမှုများကို အား ပေးသည့်အနေဖြင့် ရေယာဉ်အ သစ်တစ်စီးထပ်မံလှူဒါန်းပေးပို့ မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီးက ဒေါ်အောင်ဆန်းစု ကြည်အား နိုဝင်ဘာ ၃ ရက်တွင် ပြောကြားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန် ကြီး ဖူမီယိုကီရှီဒါတို့ ကြာသပတေးနေ့က ကျိုတိုမြို့၌ တွေ့ဆုံစဉ် ရခိုင် အရေးနှင့်ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။
ဂျပန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများထံ တစ်ပတ်ရစ်ရေယာဉ်နှစ်စီး လှူဒါန်းထား ပြီး ယခုနောက်ထပ်အသစ်တစ်စီး ပေးပို့မည်ဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်ရှိ အသိုက်အ၀န်းများ အကြား တင်းမာမှုများကို လျော့ ပါးစေရန် မြန်မာအစိုးရ၏ ကြိုး ပမ်းအားထုတ်နေမှုများ အားပေး ထောက်ခံသည့် ရည်ရွယ်ချက်ဖြင့် ရေယာဉ်သစ်ပေးပို့ခြင်းဖြစ် ကြောင်း မစ္စတာ ကီရှီဒါက ပြော ကြားခဲ့သည်။
ထိုရေယာဉ်သည် ရခိုင်ရှိ ပြည်သူများအတွက် သယ်ယူပို့ ဆောင်ရေးကို ကူညီရာရောက် မည်သာမက ဆင်းရဲနွမ်းပါးမှုဒဏ် ခံစားနေရသော ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကူညီရာ ရောက်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က တုံ့ပြန်ပြောကြားခဲ့ သည်ဟု ဂျပန်နိုင်ငံခြားရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။ ရေ ယာဉ်လှူဒါန်းမှုသည် မြန်မာဖွံ့ဖြိုး ရေးအတွက် ဒေါ်လာ ရှစ်ဘီလီယံ ခန့် ကူညီထောက်ပံ့မည်ဖြစ် ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ကတိပေးပြီးနောက် တစ်ရက်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်နှင့်တကွ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပဋိပ က္ခများ ချုပ်ငြိမ်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက သ ဘောတူခဲ့သည်။
‘‘ရခိုင်ပြည်နယ်က ပြဿနာ ဟာ အလွန့်အလွန်ကို သိမ်မွေ့ နက်နဲပြီးတော့ ဒီအပေါ်တုံ့ပြန်ဖြေ ကြားဆောင်ရွက်ရာမှာ ဂရုတစိုက်ထားဖို့ လိုအပ်ပါတယ်’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ကြောင်း ဂျပန်နိုင်ငံခြားရေးဝန် ကြီးဌာန ထုတ်ပြန်ချက်တွင်ပါရှိ သည်။
ဆက်လက်ပြီး ၎င်းက ‘‘မြန် မာအစိုးရဟာ တရားဥပဒေစိုးမိုး ရေးဥပဒေလုပ်ထုံးလုပ်နည်းတွေ အပေါ် အခြေခံပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခကို ဖြေရှင်း ဆောင်ရွက်နေပါတယ်’’ဟု ပြော ကြားသည်။
ရခိုင်ဒေသအတွက် မြန်မာ အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ဂျပန်အစိုးရက ကြိုဆိုကြောင်း မစ္စတာ ကီရှီဒါက ဆိုသည်။
‘‘ဘယ်လိုအကြမ်းဖက်မှုမျိုး ကိုမှ ခွင့်မပြု၊ လက်မခံသင့်ပါဘူး။ ရခိုင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ခင်ဗျားတို့ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ ကြိုဆိုပါတယ်’’ဟု မစ္စတာ ကီရှီဒါက ရခိုင်ပြည်နယ် ၌ လတ်တလောဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ရည်ညွန်း၍ ပြောကြားသည်။
ထို့အပြင် အိန္ဒိယနှင့် ဆက် ဆံမှုအားကောင်းအောင် ပြုလုပ် ခြင်းသည် စီးပွားရေးအရရော မဟာဗျူဟာအရပါ အရေးကြီး ကြောင်းကို ဒေါ်အောင်ဆန်းစု ကြည်နှင့် မစ္စတာကီရှီဒါတို့နှစ်ဦး က သဘောတူညီခဲ့ကြကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
တရုတ်နှင့် အိန္ဒိယကြား တွင် နယ်စပ်နယ်မြေအငြင်းပွားမှု အပါအ၀င် အားပြိုင်မှုများရှိနေသ ကဲ့သို့ ဂျပန်ကလည်း ဒေသတွင်းတရုတ်၏ လွှမ်းမိုးထားမှုကိုတန်ပြန်ရန် ဆောင်ရွက်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အိမ်နီးချင်းအင်အားကြီး နှစ်နိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယသို့ ချစ်ကြည်ရေးခရီးများ မကြာသေးမီကပင် သွားရောက်ထားသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာန ထုတ်ပြန်ချက်အရ ၎င်းတို့ နှစ်ဦးသည် နျူကလီးယားလက် နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံ တားဆီးပိတ်ပင်ရေး စာချုပ်ကို မြန်မာနိုင်ငံက အတည်ပြုလက် မှတ်ရေးထိုးခဲ့သည့်ကိစ္စ၊ အာဆီ ယံပေါင်းစည်းဆက်နွှယ်ရေးအပါ အ၀င် ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များ၊ ၂၀၁၇ တွင် မြန်မာ နိုင်ငံ၌ ASEM Foreign Ministers Meeting အောင်မြင်စွာ ကျင်းပ နိုင်ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည် ဟု ဆိုသည်။
နိုဝင်ဘာ ၁ ရက်ကစ၍ ဂျပန်နိုင်ငံသို့ ငါးရက်ကြာ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစု ကြည်သည် နိုဝင်ဘာ ၃ ရက်က ကျိုတိုတက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက် ခံရယူခဲ့သည်။ ယင်းနောက် ယင်း တက္ကသိုလ်တွင် တက်ရောက်နေ သော မြန်မာအပါအ၀င် နိုင်ငံတ ကာမှ ကျောင်းသား ရှစ်ဦးနှင့် ဒီမို ကရေစီလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမေးမြန်းမှု အခမ်းအနားကို ဆက်လက်ပြု လုပ်ခဲ့ပြီး ကျောင်းသား ၆၀ ကျော် ခန့် တက်ရောက်ခဲ့သည်ဟုဆို သည်။
ကျိုတိုတက္ကသိုလ်အပါအ ၀င် ကျိုတိုမြို့ရှိ အခြားတက္ကသိုလ် များတွင် ပညာသင်နေသော မြန်မာပညာတော်သင်ဝန်ထမ်း များနှင့်လည်း တွေ့ဆုံနှုတ်ဆက် ခဲ့သည်။ ညနေပိုင်းတွင် Rryogokuတက္ကသိုလ်မှ Emeritus Professor Mr.Otsu နှင့် ကျောင်းသားများအား နှုတ်ဆက်စကား ပြောခဲ့ပြီး သိလိုသည့်မေးခွန်းများ ကို ဖြေကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ထို့နောက် ကျိုတိုမြို့တော် ကုန်သည်များနှင့် စက်မှုလုပ်ငန်းများအသင်းက တည်ခင်းသည့်ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
===================
251 / End
၄ နိုဝင်ဘာ ၂၀၁၆ - ၂၀:၁၃
News ID: 789833
ရခိုင်အရေးတရားဥပဒေနှင့်အညီ ဆောင်ရွက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော မြန်မာအစိုးရ၏ ရခိုင်အရေးအားထုတ်မှုကို ထောက်ခံသည့်အနေဖြင့် ဂျပန်က ရေယာဉ်သစ်တစ်စီးလှူဒါန်း အိန္ဒိယနှင့် ဆက်ဆံရေးအားကောင်းအောင် ဖော်ဆောင်ရန် မြန်မာနှင့် ဂျပန်နှစ်နိုင်ငံသဘောတူထား