အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အလုပ်သမားထုအပေါ် တွင် အလုပ်သမားဥပဒေနှင့် မညီညွတ်သည့် ဖိနှိပ်မှုများရှိနေလျှင် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းမည်ဟု မကွေးတိုင်းဒေသကြီး အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၀န်ကြီး ဦးနေမျိုးကျော်က ပြောသည်။
မကွေးတိုင်းဒေသကြီး ရေနံ ချောင်းမြို့ ရေနံချောင်း ရေနံမြေ စွမ်းအင်ဧည့်ရိပ်သာတွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် မကွေး တိုင်းအတွင်းရှိ ရေနံမြေများမှ ရေနံမြေ အလုပ်သမားခေါင်း ဆောင်များ၊ သက်ဆိုင်ရာဌာနအ ကြီးအကဲများနှင့် ၀န်ကြီးက တွေ့ ဆုံ ဆွေးနွေးရာ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အစိုးရက အလုပ်သမားထု ကို တလေးတစား ဆက်ဆံနေတဲ့ အချိန်မှာ သက်ဆိုင်ရာဌာနတွေက အလုပ်သမားတွေကို အစိုးရသိမှာ မဟုတ်ဘူးဆိုပြီး ဖိနှိပ်မှုတွေ၊ ဗိုလ် ကျမှုတွေ၊ ခြယ်လှယ်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေ လုပ်နေရင်တော့ အစိုးရရဲ့ မူဝါဒကိုဆန့်ကျင်တာ ဖြစ်လို့ ပြတ်ပြတ်သားသားကိုင် တွယ်ဖြေရှင်းပါ့မယ်’’ဟု ၀န်ကြီး ဦးနေမျိုးကျော်က ပြောသည်။
ထို့အပြင် ၀န်ကြီးက ၎င်း အား မကွေးတိုင်းအစိုးရအဖွဲ့ဝန် ကြီးလို့ မရှုမြင်စေလိုဘဲ အလုပ်သ မားထုကြီး၏ ကိုယ်စားလှယ်တစ် ဦးအဖြစ် သဘောထားစေလို ကြောင်း၊ အလုပ်သမားထုကြီး ရင် ဆိုင်နေရသည့် ပြဿနာ၊ အခက် အခဲ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများကို ၎င်းအားတိုက် ရိုက်ဆက်သွယ်နိုင်ပြီး ဒီမိုကရေစီ နည်းလမ်းကျကျ၊ ငြိမ်းချမ်းစွာ၊ ညှိ နှိုင်းဆွေးနွေးအဖြေရှာကြရန် လို အပ်ကြောင်းတိုက်တွန်းပြောကြား သည်။
‘‘ပြဿနာတွေ၊ ပဋိပက္ခတွေ ဖြစ်လာခဲ့ရင် ပြဿနာရဲ့ ဇာစ်မြစ် ကို ရှာစေချင်တယ်။ ပြဿနာရဲ့ ဇာစ်မြစ်ကိုသိမှသာလျှင် ဒီမိုကရေ စီရဲ့ ကြန်အင်လက္ခဏာဖြစ်တဲ့ ညှိနှိုင်းခြင်းအနုပညာကိုသုံးပြီး အဖြေရှာစေချင်တယ်’’ဟု ၀န်ကြီးကဆို သည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက် ရောက်လာသည့် မကွေးတိုင်းအ တွင်းရှိ ရေနံမြေများမှ အလုပ်သ မားခေါင်းဆောင်များကလည်း ၎င်း တို့ရင်ဆိုင်နေရသည့် အခက်အခဲ၊ အလုပ်သမားအခွင့်အရေးဆုံးရှုံး မှုများကို တင်ပြဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲကိုတက်ရောက် လာသည့် ရေနံမြေအလုပ်သမား ခေါင်းဆောင်များ၏ တင်ပြဆွေး နွေးမှုများအပေါ် ၀န်ကြီးနှင့် သက်ဆိုင်ရာဌာန အကြီးအကဲများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ပြီး ၀န်ကြီးက အလုပ်သမားများ၊ သက်ဆိုင်ရာဌာန အကြီးအကဲများနှင့် ဆွေးနွေးညှိနှိုင်းမှုများ အသေး စိတ်ပြုလုပ်ပြီး အောင်မြင်အောင်ဆောင်ရွက်မည်ဟု ဖြေကြားခဲ့သည်။
မကွေးတိုင်းဒေသကြီးတွင် ရေနံမြေ ခုနစ်ခုတည်ရှိသည်။ ကျောက်ခွက်၊ လက်ပံကိုင်း အရာ တော်ရေနံမြေ၊ သာကြီးကောင်စံ ပယ်ရေနံမြေ၊ ချောက်၊ လမ်းရွာရေ နံမြေ၊ ရေနံချောင်း ရေနံမြေ၊ ထောက်ရှာပင် ကမ်းနီရေနံမြေ၊ မန်းရေနံမြေနှင့် ထန်းကိုင် ဒဟတ် ပင်ရေနံမြေတို့ ဖြစ်သည်။
===================
251 / End
၇ နိုဝင်ဘာ ၂၀၁၆ - ၁၆:၄၀
News ID: 790437
အလုပ်သမားထုအပေါ် တွင် အလုပ်သမားဥပဒေနှင့် မညီညွတ်သည့် ဖိနှိပ်မှုများရှိနေလျှင် ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းမည်ဟု မကွေးတိုင်းဒေသကြီး အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၀န်ကြီး ဦးနေမျိုးကျော်က ပြောသည်။