၈ နိုဝင်ဘာ ၂၀၁၆ - ၁၅:၄၁
နမ့်လန်မြို့မဈေးမီးလောင်သည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေ

ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်လန်မြို့မဈေးမီးလောင်မှု တွင် ဆိုင်ခန်းပေါင်း ၅၄၅ ခန်းဆုံး ရှုံးခဲ့ပြီး မီးလောင်ရသည့် အ ကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရှမ်းပြည်နယ်မြောက် ပိုင်း နမ့်လန်မြို့မဈေးမီးလောင်မှု တွင် ဆိုင်ခန်းပေါင်း ၅၄၅ ခန်းဆုံး ရှုံးခဲ့ပြီး မီးလောင်ရသည့် အ ကြောင်းရင်းကို စစ်ဆေးနေဆဲဖြစ် ကြောင်း သတင်းရရှိသည်။

 သီပေါမြို့နယ် နမ့်လန်မြို့ မြို့မဈေးတွင် နိုဝင်ဘာ ၆ ရက် ညက မီးလောင်ကျွမ်းပြီး စုစု ပေါင်း ဆိုင်ခန်း ၆၄၈ ခန်းအနက် ၅၄၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ဆုံးရှုံးမှုတန်ဖိုးသည် ကျပ် သိန်း ၂,၄၀၀ ကျော်ရှိကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သ တင်းရရှိသည်။

 ‘‘မီးလောင်တဲ့အကြောင်း ရင်းကို မသိကြသေးဘူးဖြစ်နေ တယ်။ ရုံးချုပ်ကိုတောင် စိစစ်ဆဲ လို့ တင်ထားရတယ်’’ဟု ရှမ်းပြည် နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန ညွှန် ကြားရေးမှူးက ပြောသည်။

ဒေသတွင်း လူမှုရေးအဖွဲ့ ဖြစ်သော ဇီဝိတလူမှုကူညီရေးအ ဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက လက်ရှိအချိန်သည် တောင်သူများ သီးနှံပေါ်ချိန်ဖြစ်၍ ဈေးအတွင်း ဆိုင်ရှင်များက ကုန်များလှောင် ထားသောကြောင့် ဆုံးရှုံးမှုများ ပြားကြောင်း ပြောသည်။

‘‘ဆုံးရှုံးမှုတန်ဖိုးက မှန်းတာ ထက် များနိုင်တယ်။ ဘာကြောင့် မီးစလောင်လဲဆိုတာလည်း ဒေသခံတွေ ကိုယ်တိုင် မပြောနိုင်သေးဘူးတဲ့။ တာဝန်ရှိသူတွေကတော့ ရှို့မီး ၆၀ ရာခိုင်နှုန်းနဲ့ တခြားကြောင့်၄၀ ရာခိုင်နှုန်းဖြစ်နိုင်တယ်လို့ ပြောနေကြတယ်’’ဟု ပြောသည်။

မီးလောင်ခဲ့သော ဆိုင်ခန်း များအတွက် ယာယီနေရာပြန်ချ ရေး ဆွေးနွေးနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် စည်ပင်သာယာရေး ဦးစီးဌာန တာဝန်ရှိသူအချို့က ပြောသည်။

===================    
251 / End