၈ နိုဝင်ဘာ ၂၀၁၆ - ၂၀:၂၃
အေမာမ်ဟိုစိန် (အ.စ) ၏ ရောင်ဇာတော်အား ဇေယာရသ်ပြု သူများ ၏ ခေသ်မသ်အတွက် ငွေကြေးသုံးစွဲ  ခြင်းသည် အလ္လာဟ် ဟို အရှင်မြတ် လမ်း တွင် လှ

အေမာမ်ဟိုစိန် (အ.စ) ၏ ရောင်ဇာတော် ဇေယာရသ်ပြု သူများ ၏ ခေသ်မသ်အတွက် ငွေကြေးသုံးစွဲ ခြင်းသည် အလ္လာဟ် ဟို အရှင်မြတ် လမ်း တွင် လှူဒါန်း ခြင်း ဖြစ်ကြောင်း မိုမေနီ တစ်ချို့ ၏ အမေး တစ်ခု တွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် စစ်သာနီ မှ ဖြေကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ကျဲဟ်လွန်မ် အချိန်အခါတွင် အေမာမ် ဟိုစိန် (အ.စ) ၏ ဇေယာရသ် ပြုသူများ အတွက် အဖက်ဖက်မှ အဆင်ပြေ ချောမော စေရန် စီစဉ်ပေးမှု ကို အဲဟ်လေ့ဘိုက်(သ) (အလိုင် ဟေမွစ်စလာမ်) ကို အချစ်ထားပြီး ဥစ္စာပစ္စည်း တတ်နိုင်သည့်အီမာန်ရှင် တိုင်း ၏ နှလုံး သားတွက် ဖြစ်ပေါ်ပါတယ်။ တစ်ဦးထက်တစ်ဦး သူအလျင် ကိုယ်အလျင် ဧည့်ဝတ်ကျေပွန် ဖို့ ခေသ်မသ်ပြုနိုင်ဖို့ ကြိုးပမ်းတာ သုံးစွဲတာ ကို တွေ့ရမည် ဖြစ်ပါတယ်။ သို့သော် ဇေယာရသ်ပြု သူများ လျှောက် လာသည့် လမ်းများ တလျှောက် သန့် ရှင်းရေး ကို ဂရုပြုပေးဖို့ ဆိုတာ ခက်ခဲ သည့် အလုပ်တစ်ခု ဖြစ်ပါတယ်။ သန့်ရှင်းရေး ကို ဂရုမပြုသည့် အတွက်ကြောင့်လည်း ခရီးသွား ဇေယာရသ် ပြု သူများ အတွက်လည်း ဒုက္ခ တွေ့ ရပါတယ်။  ဤအတွက်ကြောင့်  အချို့  မိုအ်မေနီ အနေဖြင့် သန့်ရှင်းရေး ကိစ္စ အတွက် ငွေကြေး သုံးစွဲ မှု နှင့်ပတ် သက်ပြီး ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီ ထံ ရရီအီဆိုင်ရာ မေးခွန်း ကို မေးမြန်း ခဲ့ကြပါတယ်။ အာယာသွလ္လာဟ် ကြီး အနေဖြင့်လည်း အောက်ပါအတိုင်း အဖြေပေး မိန့်ကြား ခဲ့ပါတယ်။


မေးခွန်း ။ ။ ဗစ်မေလ္လာဟ် ဟေရဲဟ်မန်န်နေရဟီးမ်
အစ္စလာန်မ်မွန်း(န) အလိုင်းကွမ်း(မ်) ဝရဲဟ်မသွလ္လာဟ်ဟေဝဗရကာသိုဟ်
ကျဲဟ်လွန်မ် အချိန်အခါတွင် သန်းပေါင်းများစွာ အေမာမ် ဟိုစိန် (အ.စ) ၏ ဇေယာရသ် ပြုသူမိုအ်မင်များကို အခြေပြုပြီး တစ်ဦးတစ်ယောက်တည်းအနေဖြင့် ဇေယာရသ်ပြု သူများ လျှောက် သည့် လမ်းများ ကို သန့်ရှင်းရေး ပြုပေးရန် သန့်ရှင်းသပ်ရပ်စွာ ထားရန် ခက်ခဲသည့် ကိစ္စ တစ်ခု  ဖြစ်ပါ တယ်ခင်ဗျား ။ ဇေယာရသ်ပြုသူ မိုအ်မင် များဖက်မှလည်း ဝေဖန်ဖို့ အတွက် အကြောင်းခံတွေ ဖြစ်လာပါတယ်။
ဇေယာရသ်ပြုသူ မိုအ်မင် များ အသုံးပြုသည့် လမ်းများတွင်အမှိုက်တောင်းများ ၊အမှိုက်ထည့်ရန် အိတ်များ ဝယ်၍ ထားခြင်း ၊ ဇေယာရသ်ပြုသူများ နားနေမည့် တဲများ နှင့် လျှောက်လှမ်း မည့်လမ်းများ၏ သန့်ရှင်းရေး အတွက် ငွေကြေးသုံးစွဲခြင်းသည် မွတ်စ်သဟဗ် (စဝါးဗ်ရ သည့်အလုပ် ) နှင့် အေမာမ် ဟိုစိန် (အ.စ) အတွက် ခေသ်မသ် ပြုခြင်း စာရင်းတွင် ဝင်ပါသလား ؟ လူကြီးမင်း အနေဖြင့် ကျနော်တို့ အတွက်ဖြေကြားပေးရန် မေတ္တာရပ်ခံအပ်ပါတယ်။


ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ စစ်သာနီရုံး မှ ဖြေကြားသည့် အဖြေ
အလ္လာဟ်ဟို အရှင်မြတ် ၏ အမည်တော် ဖြင့် အစပြုပါ၏။
ဟုတ်ကဲ့ ။ မိုမင်များ၏ ဇေယာရသ်အတွက် လွယ်ကူမှု ကို ဖြစ်စေသည့် လုပ်ရပ်တိုင်း ၊ မိုအ်မင်များကို ဤကိစ္စ တွင်ဝင်ရောက်နေရာ ယူလာရန် နိုးဆော်ပေးခြင်း ၊ ဇေယာရသ်ပြု သူမိုအ်မင် များ အတွက် လွယ်ကူမှု ၊ အေးချမ်း မှု ကို စီစဉ် ပေးခြင်းသည် မွတ်စ်သဟဗ်အလုပ် တစ်ခု ဖြစ်ပါတယ်။ ထိုနည်းတူစွာ အဗာအဗ်သွလ္လာဟ် အေမာမ် ဟိုစိန် (အ.စ) ၏ ဇေယာရသ် လုပ်သူ မိုအ်မင် များ ၏ခေသ်မသ်အတွက် ငွေကြေးသုံးစွဲ ခြင်းသည် အလ္လာဟ် ဟို အရှင်မြတ် လမ်းတွင် ပေးကမ်း လှူဒါန်း ခြင်း စာရင်း ဝင်ပေသည်။  

=======================
251/ End