၁၁ နိုဝင်ဘာ ၂၀၁၆ - ၁၆:၂၁
ရန်ကုန်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု အရှိန်မြှင့်ဆောင်ရွက်ရန်လိုဟု မြို့တော်ဝန်ပြော

ရန်ကုန်မြို့တွင် အမှိုက် ထွက်ရှိမှုပမာဏ ပိုမိုများပြားလာ ၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုလုပ် ငန်းစဉ်များအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြို့တော်ဝန်ဦးမောင်မောင်စိုးက တိုက်တွန်းပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ရန်ကုန်မြို့တွင် အမှိုက် ထွက်ရှိမှုပမာဏ ပိုမိုများပြားလာ ၍ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုလုပ် ငန်းစဉ်များအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်ကြောင်း မြို့တော်ဝန်ဦးမောင်မောင်စိုးက တိုက်တွန်းပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (YCDC) သည် ဂျပန်နိုင်ငံ တိုကျိုမြို့တော် အစိုးရ ပတ်ဝန်းကျင်ရေးရာဌာန နှင့် ပူးပေါင်း၍ နိုဝင်ဘာ ၁၀ ရက် တွင် ပြည်တွင်းအရပ်ဘက်အဖွဲ့ အစည်းများ တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူများပါဝင်သော အမှိုက်ကောက်ပြိုင်ပွဲကို ပြုလုပ် စဉ် မြို့တော်ဝန်က အထက်ပါအ တိုင်း တိုက်တွန်းပြောကြားခြင်း ဖြစ်သည်။

‘‘ရန်ကုန်မြို့တော်တွင်း စွန့် ပစ်အမှိုက်စီမံခန့်ခွဲမှုနဲ့ စပ်လျဉ်း ပြီး မြို့နေပြည်သူတွေက ကောင်း စွာသိရှိနားလည်သဘောပေါက်ဖို့ နဲ့ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုလုပ် ငန်းစဉ်တွေမှာ အတူတကွ ပူး ပေါင်းပါဝင်လာစေဖို့ ရည်ရွယ် ကျင်းပရခြင်းဖြစ်ပါတယ်’’ဟု မြို့ တော်ဝန်က ဆိုသည်။

မြို့တော်ဝန်က ရန်ကုန်မြို့ နေပြည်သူများအနေဖြင့် အမှိုက် ခွဲခြားစွန့်ပစ်ခြင်းကို ဆောင်ရွက် ခြင်းနှင့် စနစ်တကျ အမှိုက်စွန့်ပစ် ခြင်းကို အလေးထားလုပ်ဆောင် ရန် မျှော်လင့်ထားကြောင်း ပြော ကြားသည်။

‘‘အမှိုက်ကောက်ခြင်းဟာ ရှက်စရာမဟုတ်ဘူးလို့ မြို့တော် ၀န်က ထည့်ပြောသွားတယ်။ ဆရာမတို့ YCDC ကလည်း ရန်ကုန်မြို့တော် အမှိုက်ကင်းစင် ဖို့အတွက် တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်သွားမှာပါ’’ ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေး ကော်မတီဝင် (၅) ဒေါ်သန်းမြင့်အောင်က ပြောကြားသည်။

ပြည်သူများ အလွယ်တကူ အမှိုက်စွန့်ပစ်နိုင်ရန် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီသည် မြို့နယ်အလိုက် အ မှိုက်ပုံးများ တိုးချဲ့ထားရှိရန် စီစဉ် ထားကြောင်း ဒေါ်သန်းမြင့်အောင် က ပြောသည်။

ရန်ကုန်မြို့တော် ပထမဆုံး အမှိုက်ကောက်ပြိုင်ပွဲကို နိုဝင် ဘာ ၁၀ ရက် နံနက် ၈ နာရီခန့်က စတင်၍ မိနစ် ၄၀ ကြာ လမ်း လျှောက် အမှိုက်ကောက်ခဲ့ခြင်း ဖြစ်ပြီး တိုကျိုဒေသဆိုင်ရာ အစိုး ရအောက်ရှိ သဘာဝပတ်ဝန်းကျင် ဗျူရိုမှ တာဝန်ရှိသူများ၊ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်း သူ လူငယ်များ ပါဝင်သော အဖွဲ့ ၂၂ ဖွဲ့က ယှဉ်ပြိုင်အမှိုက်ကောက် ခဲ့ကြသည်။

အဆိုပါ အမှိုက်ကောက်ပြိုင် ပွဲကို ပြည်တွင်းသာမက ပြည်ပ နိုင်ငံများမှ ခရီးသွားဧည့်သည်အ ချို့လည်း စိတ်ဝင်စားမှုရှိခဲ့ပြီး ပထမဆု၊ ဒုတိယဆုနှင့် တတိယ ဆုတို့ကို ပေးအပ်ခဲ့သည်။

===================    
251 / End