၁၂ နိုဝင်ဘာ ၂၀၁၆ - ၁၈:၃၅
Eleven စီအီးအိုနှင့် အယ်ဒီတာချုပ်တို့ကို အင်းစိန်ထောင်သို့ ပို့ဆောင်

Eleven Media Group စီ အီးအိုဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ သည် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးသို့ နိုဝင်ဘာ ၁၁ရက်တွင် လာ ရောက်အဖမ်းခံပြီး ၎င်းတို့နှစ်ဦး ကို ယင်းနေ့၌ပင် ရုံးထုတ်ရမန်ယူ ကာ အင်းစိန်ထောင်သို့ ပို့ဆောင် ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



Eleven Media Group စီ အီးအိုဒေါက်တာသန်းထွဋ်အောင် နှင့် အယ်ဒီတာချုပ်ဦးဝေဖြိုးတို့ သည် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးသို့ နိုဝင်ဘာ ၁၁ရက်တွင် လာ ရောက်အဖမ်းခံပြီး ၎င်းတို့နှစ်ဦး ကို ယင်းနေ့၌ပင် ရုံးထုတ်ရမန်ယူ ကာ အင်းစိန်ထောင်သို့ ပို့ဆောင် ခဲ့သည်။

နိုဝင်ဘာ ၁၀ရက်တွင် တာ မွေမြို့နယ် ရဲစခန်းသို့လာရောက် ရန်အကြောင်းကြားစာပို့ထားရာ  အထက်ပါပုဂ္ဂိုလ်နှစ်ဦးသည် ပထ မနေ့၌ လာရောက်ခြင်းမရှိဘဲ ဒုတိယမြောက်နေ့တွင် လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးမြင့်ထွေးကပြောသည်။

‘‘ဒီနေ့ ၁နာရီမှာ ဒေါက်တာ သန်းထွဋ်အောင်နဲ့ ကိုဝေဖြိုးက ကျွန်တော့်ရုံးကိုလာပြီး ဒီအမှုနဲ့ ပတ်သက်ပြီးလာရောက်အဖမ်းခံ ပါတယ်။ အဖမ်းခံတဲ့အတွက် ဒီ အမှုကို ကြီးကြပ်ဆောင်ရွက်ပေး တဲ့ ကျွန်တော်က အမှုစစ်အဖွဲ့ရှိ တဲ့ တာမွေရဲစခန်းကို လက်ရှိလာ ပို့ပါတယ်။ လာပို့ပြီးရင် အမှုနဲ့ ပတ်သက်ပြီးတည်ဆောက်မယ်။ သက်သေခံပစ္စည်း သိမ်းဆည်း သင့်တာသိမ်းဆည်းမယ်’’ ဟု ဒုရဲမှူးကြီးမြင့်ထွေးက သတင်း ထောက်များအား ဖြေကြားသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်အမှုဖွင့်တိုင်ကြားခံ ထားရသော အထက်ပါပုဂ္ဂိုလ်နှစ် ဦးကို နိုဝင်ဘာ ၁၁ရက်တစ်နေ့ တည်းအပြီး ရဲစစ်ချက်ရယူခြင်း၊ အမှုတည်ဆောက်ခြင်း၊ ရမန်ယူ ခြင်းများပြုလုပ်ကာ တာမွေမြို့ နယ်တရားရုံး၌ နိုဝင်ဘာ ၂၅ရက် တွင် ရမန်ယူရုံးထုတ်ရန်ချိန်းဆို ထားသည်။

Eleven Media Group စီအီးအိုဒေါက်တာသန်းထွဋ်အောင်က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)မှာ  မရှိသင့်ကြောင်း တာမွေမြို့နယ် တရားရုံးသို့အ၀င်တွင် သတင်း ထောက်များအား ပြောကြား သည်။

Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက ၎င်းတို့အား အမှုဖွင့်ထားသောပုဒ်မ ၆၆(ဃ)မှာ တရားမျှတသည့်ဥပဒေမဟုတ်ကြောင်းနှင့် အမှန်တရားဘက်မှ ရပ်တည်ပေးရန် တာမွေမြို့မရဲစခန်းရှေ့၊ တာမွေမြို့နယ်တရားရုံးရှေ၌ သတင်းထောက်များအား ပြောသည်။

‘‘အမှန်တရား အတွက် Elevenနဲ့အတူပြန်လာခဲ့မယ်။ အားလုံးအမှန်တရားဘက်က ရပ် တည်ပေးကြပါ’’ဟု ဦးဝေဖြိုးက တာမွေမြို့နယ်ရဲစခန်းရှေ့၌ သ တင်းထောက်များအား ပြော သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်အပေါ် အများပြည်သူအ ထင်အမြင်လွဲမှားစေပြီး ဂုဏ် သိက္ခာအသရေ ပျက်စေလိုသော ရည်ရွယ်ချက်ဖြင့် ၀န်ကြီးချုပ်၏ လုပ်ဆောင်ချက်များကို နှောင့် ယှက်ဖျက်ဆီးလိုသောဆန္ဒဖြင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံး ပြုသည်ဆိုကာ Eleven Media Group ဖေ့စ်ဘွတ်ခ်အကောင့်အ သုံးပြုသူနှင့် Than Htut Aung ဖေ့စ်ဘွတ်ခ်အသုံးပြုသူတို့ကို အာမခံမရသည့် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)ဖြင့် နိုဝင်ဘာ ၉ရက် တွင် ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က အမှုဖွင့်ထားခြင်းဖြစ် သည်။

အခြားသတင်းတစ်ရပ်တွင်  Eleven Media Group က ဆက် သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့်အမှု ဖွင့်ထားခဲ့သော သန်းထွန်းဇော် အကောင့်ပိုင်ရှင် (ဒါရိုက်တာ မိုက်တီး)ကို နိုဝင်ဘာ ၁၁ ရက် တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း သ တင်းရရှိသည်။

===================    
251 / End