၁၃ နိုဝင်ဘာ ၂၀၁၆ - ၁၆:၁၄
ခန္တီးတွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် မန်စီပွန်ဒေသတွင်းမှာရှိတဲ့ မကျန်ခ ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းအချိန်က မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် မန်စီပွန်ဒေသတွင်းမှာရှိတဲ့ မကျန်ခ ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းအချိန်က မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂  ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့သူ ၂ ဦးဟာ ဇမ္ဗူသီရိကျောက်မျက်ကုမ္ပဏီ လုပ်ကွက်အနီး ကျောက်ရှာဖွေနေစဉ်မှာ မြေစာပုံပြိုကျခဲ့တဲ့အတွက် မြေပိဒဏ်ရာနဲ့ သေဆုံးခဲ့တာလို့ ခန္တီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မြေစာပုံပြိုကျလို့ သေဆုံးခဲ့တဲ့ သူတွေကတော့ ခန္တီးမြို့နယ် မန်စီပွန်ကျေးရွာမှာနေထိုင်သူ အသက် ၃၈ အရွယ်ရှိတဲ့ ကိုမျိုးထွန်းဆိုသူနဲ့ ကျန်တဦးကတော့ ဘုတလင်မြို့နယ် သားဖန်းကျေးရွာမှာနေထိုင်သူ အသက် ၂၁ ရွယ်ရှိ ကိုဇော်မျိုးဝင်း တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ခန္တီးမြို့နယ်ရှိ ကျောက်လုပ်ငန်း ကုမ္ပဏီတွေတချို့ရဲ့ လုပ်ကွက်အများစု နေရာဝန်းကျင်မှာတော့ ယခင်ကတည်းက အနယ်နယ်အရပ်ရပ်မှ လာရောက်လုပ်ကိုင်နေကြတဲ့ ရေမဆေးကျောက်ရှာဖွေသူ များစွာပြီး မကြာခဏမြေစာပြိုကျလို့ အသက်ဆုံးရှုံးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

===================    
251 / End