အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန် Myanmar DYC ဖိနပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ တောင်ကိုရီးယားနိုင်ငံသား အလုပ်သမားခေါင်းဆောင်ကို မကျေနပ်လို့ နိုဝင်ဘာ ၁၂ ရက်နေ့က စပြီး ဒီကနေ့ထိ စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။
အလုပ်သမားရပိုင်ခွင့်တွေအတွက် တောင်းဆိုချက် ၄ ချက်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ၃ ချက် ပြေလည်မှုရခဲ့ပေမယ့် အဓိကတောင်းဆိုချက်ဖြစ်တဲ့ ကိုရီးယားနိုင်ငံသား အလုပ်သမား ခေါင်းဆောင်ကို ဌာနပြောင်းရွှေ့ပေးဖို့ ညှိနှိုင်းလို့ မရတာကြောင့် ဒီနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အလုပ်သမားတွေက အလုပ်မဆင်းဘဲ ဆက်လက်ဆန္ဒပြတာ ဖြစ်ပါတယ်။
ဆန္ဒပြ အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ မမြစန္ဒာဦးက “ကိုရီးယားဆရာက အရမ်းဆဲတယ်။ ရိုင်းတယ်။ ကျမတို့မလုပ်နိုင်တဲ့ ဖိနပ်အရေအတွက် လုပ်ခိုင်းတယ်။ မရရင် ဆူပူကြိမ်းမောင်းတယ်။ ဒါတွေကြောင့် ဌာနပြောင်းခိုင်းတာပါ။ ဒီနေ့ အလုပ်လာကြတယ်။ ဒါပေယ့် ဘယ်သူမှအလုပ်မလုပ်ဘူး။ သူ့ကိုပြောင်းပေးတာနဲ့ ချက်ချင်းအလုပ်လုပ်မယ်။ မရရင် ဒီတိုင်း ဆက်ဆန္ဒပြမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
အလုပ်သမားတွေ ဆန္ဒဖော်ထုတ်တာနဲ့ ပတ်သက်ပြီး စက်ရုံဘက်ကလည်း ဒီနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ကိုရီးယားနိုင်ငံသား အလုပ်သမားခေါင်းဆောင်ကို ဌာနပြောင်းရွှေ့ပေးဖို့ မဖြစ်နိုင်ဘူးလို့ စက်ရုံပိုင်ရှင် ကိုရီးယားနိုင်ငံသားက ပြောပါတယ်။
ကိုရီးယားနိုင်ငံသားပိုင် ဒီစက်ရုံကို ၂၀၁၄ ခုနှစ် မတ်လက စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမား ၁၅၀၀ ကျော် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
================
251 / End
၁၅ နိုဝင်ဘာ ၂၀၁၆ - ၁၈:၁၃
News ID: 792172
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန် Myanmar DYC ဖိနပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ တောင်ကိုရီးယားနိုင်ငံသား အလုပ်သမားခေါင်းဆောင်ကို မကျေနပ်လို့ နိုဝင်ဘာ ၁၂ ရက်နေ့က စပြီး ဒီကနေ့ထိ စက်ရုံရှေ့မှာ ဆန္ဒပြနေကြပါတယ်။